တရားဝင် ရွှေတင်ပို့ရေး အခွန်နှုန်းလျှော့ချပေးရန် စီစဉ်နေဟုဆို

တရားဝင် ရွှေတင်ပို့ရေး အခွန်နှုန်းလျှော့ချပေးရန် စီစဉ်နေဟုဆို - Property News in Myanmar from iMyanmarHouse.com
7 Jan 2019 1:25 pm တွင် တင်ခဲ့သည်
805 ကြိမ် ကြည့်ရှု့ပြီး

အခွန်နှုန်းကြီးမြင့်ခြင်း ကြောင့် ရွှေကို တရားဝင်တင်ပို့၊ တင်သွင်းသူမရှိ၍ အခွန်နှုန်းထား လျှော့ချပေးရန် စီစဉ်နေသည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦးက ပြောသည်။

ရန်ကုန်မြို့ ပန်ဒါဟိုတယ်တွင် ဇန်နဝါရီ (၆)ရက်က ကျင်းပသည့် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင် များအသင်းချုပ် နှစ်ပတ်လည်အ စည်းအဝေး၌ အမြဲတမ်းအတွင်းဝန်က အထက်ပါအတိုင်းပြောသည်။

ရွှေကို တင်ပို့၊ တင်သွင်းရာတွင် ကုန်သွယ်လုပ်ငန်းခွန် (၅)ရာခိုင်နှုန်း ပေးဆောင်ရသည့်အ စား (၂)ရာခိုင်နှုန်းအထိ လျှော့ချပေးရန် ရွှေလုပ်ငန်းရှင်များက တောင်းဆိုထားသည်။

‘‘တစ်ယောက်မှ ရွှေတင်ပို့ နိုင်ခြင်းမရှိသေးပါဘူး။ အဓိက သတ်မှတ်နှုန်းထားလေးက မကိုက်တဲ့အတွက်ကြောင့် အခွန်နှုန်းထားကို ပြန်ညှိဖို့ ဆောင်ရွက်နေပါတယ်။ တစ်နည်းနည်းနဲ့ လျှော့ဖို့ ဆောင်ရွက်နေပါတယ်’’ ဟု ဦးမင်းမင်းဦးက ပြောသည်။

လက်ရှိ ရွှေဈေးကွက်တွင် ပြည်တွင်းရွှေဈေးမြင့်၍ ပြည်ပရွှေ ဝင်ရောက်ပြီး ပြည်တွင်းရွှေဈေးနိမ့်ပါက ပြည်ပသို့တင်ပို့ကြသည်။ သို့သော် ထိုလုပ်ငန်းများသည် တရားမဝင်တင်သွင်း၊ တင်ပို့ခြင်း တို့သာဖြစ်သည်ဟု ပြည်တွင်း ရွှေလုပ်ငန်းရှင်အချို့ကပြောသည်။

တရားမဝင် လမ်းကြောင်း အရ လိုင်စင်မရှိဘဲ ရွှေတင်ပို့၊ တင်သွင်းပါက အရေးယူခံရမည်ဟု အမြဲတမ်းအတွင်းဝန်ကပြောသည်။

‘‘အရေးယူတာကိုပြောရရင် တမူးနယ်စပ်မှာ ရွှေတုံးရွှေခဲတွေ သွားတာရှိတယ်ပြောတယ်။ မိတာမရှိဘူး။ မိတာလို့ တရားဝင်ထုတ် ပြန်တာလည်း မရှိဘူး။ သတင်းပေး တိုင်ကြားတာလည်း မရှိဘူး’’ ဟု ဦးမင်းမင်းဦးက ဆိုသည်။

ရွှေတုံးရွှေခဲသည် ငွေကြေး သဘောမျိုးသာဖြစ်ပြီး နိုင်ငံတ ကာတွင် ငွေကြေးလဲလှယ်သည့် ပုံစံသာဖြစ်ကာ ရောင်းချရာ၌ အခွန်ကောက်ခံခြင်း မဖြစ်သင့် ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်း ရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ဟန်ကပြောသည်။

ရွှေတင်သွင်း၊ တင်ပို့ရန် တစ်နေရာတည်း အပြီးဆောင်ရွက်ပေးမည့် (One Stop Service)စင်တာကို စက်တင်ဘာ (၂၄)ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

ထို One Stop Service စင်တာသည် နိုင်ငံအတွင်း ရွှေတင်ပို့၊ တင်သွင်းခြင်းစစ်ဆေးကြီးကြပ်ဆောင်ရွက်ပြီး တစ်နေရာတည်း၌ ခွင့်ပြုပေးမည့် နေရာဖြစ်ကာ လုပ်ငန်းရှင်များထံ မှ ဝန်ဆောင်ခကောက်ယူမည်ဟု လုပ်ငန်းရှင်အသင်းက ကြေညာသည်။

Credit: 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

CarsDB
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service