ထားဝယ်ကမ်းနားဈေး  အထပ်မြင့်ဈေးဆောက်လုပ်ရန်  စီစဉ်

ထားဝယ်ကမ်းနားဈေး  အထပ်မြင့်ဈေးဆောက်လုပ်ရန်  စီစဉ် - Property News in Myanmar from iMyanmarHouse.com
3 Jan 2019 10:27 am တွင် တင်ခဲ့သည်
822 ကြိမ် ကြည့်ရှု့ပြီး

ထားဝယ်မြို့ရှိ ကမ်းနားဈေးနေရာတွင် အထပ်မြင့်ဈေးဆောက်ရန်စီစဉ်နေကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

လက်ရှိဈေးနေရာတွင် ရင်းနှီးမြှုပ်နှံသူကို ဖိတ်ခေါ်ကာ အထပ်မြင့်ဈေးဆောက်ရန် အတွက် တိုင်းအစိုးရအဖွဲ့က ဈေးသူဈေးသား များ၏သဘောထားကိုရယူရေး ပြောခဲ့ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် ဦးကျော်ကျော်ဦးက ပြောဆိုသည်။

သဘောတူ

ထိုကြောင့် ဒီဇင်ဘာ ၂၉ ရက်မွန်းလွဲပိုင်း က စည်ပင်ကော်မတီက ထားဝယ်မြို့ ဆိပ်ကမ်း သာပန်းခြံ၌ ဈေးရောင်းသူများအား ဖိတ်ခေါ်ပြီး အထပ်မြင့်ဆောက်မည့် အစီအစဉ်ကိုရှင်းပြ၍ သဘောထားရယူခဲ့ရာ ဈေးသူဈေးသားအများ စုက အထပ်မြင့်ဈေးဆောက်ရန် သဘောတူ ခဲ့ကြသည်။

စည်ပင်ကော်မတီက ကောက်ယူထားသည့် စာရင်းများအရ ကမ်းနားဈေးတွင် ဈေးသည် စုစုပေါင်း ၁၁၄၃ ဦးရှိပြီး ဒီဇင်ဘာ ၂၉ ရက်က ပြုလုပ်သော သဘောထားရယူသည့်ပွဲသို့ ဈေးသည် ၁၁၂၃ ဦးတက်ရောက်ခဲ့ကြောင်း လက်မှတ်ရေးထိုးထားသည့်စာရင်းအရ သိရ သည်။

ဖိတ်ခေါ်မည်

ကမ်းနားဈေး အထပ်မြင့်ဆောက်ရန် လူမှု ရေးနှင့်စည်ပင်ဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင် ရွက်သည့်ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းထား ပြီးဖြစ်ကာ ဈေးသူဈေးသားများ ကျေနပ်မှသာ ရင်းနှီးမြှုပ်နှံသူကို ဖိတ်ခေါ်မည်ဖြစ်ကြောင်း စည်ပင်ကော်မတီအတွင်းရေးမှူးက ပြောဆို သည်။

ညှိနှိုင်းဆဲ

အထပ်မြင့်ဈေးဆောက်ရန် လက်ရှိတွင် ညှိနှိုင်းဆဲအဆင့်၌ပင်ရှိသေးပြီး အထပ်အရေ အတွက်ကိုလည်း မသတ်မှတ်ရသေးကြောင်း ၎င်းက ပြောဆိုသည်။

ကမ်းနားဈေး၏အကျယ်အဝန်းမှာ သုည ဒသမ ၈၈၄ ဧကရှိပြီး စည်ပင်အဖွဲ့က နှစ် ၃၀ မြေငှားဂရန် ရရှိထားသည်။

နှစ် ၃၀ ဂရန်

အထပ်မြင့်ဈေး ဆောက်ခြင်းနှင့်ပတ်သက် ၍ အပြီးသတ်သဘောတူညီမှုရရှိပါက ရင်းနှီး မြှုပ်နှံမည့်လုပ်ငန်းရှင်ကို ဖိတ်ခေါ်ရမည်ဖြစ်ပြီး တည်ဆောက်ရေးကာလအတွင်း ထားဝယ်မြစ် ကမ်းနံဘေးတွင် ယာယီနေရာစီစဉ်ပေးမည် ဖြစ်ကြောင်း သိရသည်။

ပြန်လည်ရောင်းချခွင့်

ဈေးသည်အများစုကမူ ဈေးဆောက်ပြီးပါက မိမိရောင်းချနေသည့်နေရာတွင်ပင် ပြန်လည် ရောင်းချခွင့်ရလိုကြောင်း ပြောဆိုကြသည်။

"အထပ်မြင့်ဆိုတော့ ထည်ထည်ဝါဝါတော့ ဖြစ်သွားတာပေါ့၊ ဆောက်ပြီးရင် ကိုယ်ရောင်း နေတဲ့နေရာကိုပဲ ပြန်ရချင်တယ်"ဟု လက်ရှိ ကမ်းနားဈေးတွင် ပဲတီရောင်းချနေသည့် ဒေါ်အေးအေးဖြိုးက ပြောဆိုသည်။

ကနဦးလျာထား

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကမ်းနား ဈေးပျံကျဈေးတန်းကို ငွေကျပ် ၃၁၄၆ သိန်း အသုံးပြုကာ အမိုးတစ်ဆက် တစ်စပ်တည်းရှိသည့်အဆောက်အအုံဆောက်ရန် ကနဦးလျာထားခဲ့သည်။

စီစဉ်ထား

ယင်းနောက် မြို့ပြအင်္ဂါရပ်နှင့်အညီ ဖြစ် စေရန် အထပ်မြင့်ဈေးဆောက်ရန် စီစဉ်လာ ခြင်းဖြစ်ကြောင်း သိရသည်။

Credit:  The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

CarsDB
Pan Swal Taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service