အဆောက်အအုံဆောက်လုပ်ခွင့်လျှောက်ထားရာတွင် မြေပုံ၊မြေရာဇဝင်မူရင်းတင်ပြရန်မလိုတော့ဟု ရန်ကုန်စည်ပင်ကြေညာ

အဆောက်အအုံဆောက်လုပ်ခွင့်လျှောက်ထားရာတွင် မြေပုံ၊မြေရာဇဝင်မူရင်းတင်ပြရန်မလိုတော့ဟု ရန်ကုန်စည်ပင်ကြေညာ - Property News in Myanmar from iMyanmarHouse.com
2 Jan 2019 9:52 am တွင် တင်ခဲ့သည်
6604 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့တော်စည်ပင် သာယာရေးနယ်နိမိတ်အတွင်း အဆောက်အအုံဆောက်လုပ်ခွင့် လျှောက်ထားရာတွင် မြေပုံ၊ မြေ ရာဇဝင်မူရင်း (Certified Map) တင်ပြရန် မလိုတော့ကြောင်း အင်ဂျင်နီယာဌာန(အဆောက်အအုံ) က ကြေညာသည်။

ယခင်က အဆောက်အအုံ ဆောက်လုပ်ရာတွင် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဌာနက တစ်နှစ်အတွင်း ထုတ်ပေးထား သည့် မြေပုံ၊ မြေရာဇဝင်မူရင်း (Certified Map) နှင့် နယ်နိမိတ် တိုင်းတာသတ်မှတ်မြေပုံ (Dem- arcation Map) တို့ တင်ပြရန် သတ်မှတ်ခဲ့သည်။

သို့သော် ၂၀၁၉ ဇန်နဝါရီ ၂ ရက်က စ၍ မြို့ပြစီမံကိန်းနှင့် မြေ စီမံခန့်ခွဲရေးဌာနက တစ်နှစ်အ တွင်းထုတ်ပေးထားသည့် နယ်နိမိတ်တိုင်းတာ သတ်မှတ်မြေပုံ (Demarcation Map) တစ်မျိုး တည်းသာတင်ပြရန် လိုကြောင်း အင်ဂျင်နီယာဌာန(အဆောက်အ အုံ)က ကြေညာထားသည်။

‘‘လုပ်ငန်းကြန့်ကြာမှုတွေ လျော့အောင်ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ဖြေလျှော့ပေးလိုက်တဲ့ သဘော ပါပဲ’’ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

အဆောက်အအုံ ဆောက် လုပ်ရန် မြေပုံဖိုင်နှစ်ခုဖွင့်လှစ်ကာ အဆင့်ဆင့်တင်ပြရန် မလိုတော့ ဘဲ အဆောက်အအုံဆောက်လုပ် ရေးလုပ်ငန်းများ မြန်ဆန်စွာလုပ် လာနိုင်မည်ဖြစ်၍ ယင်းဖြေလျှော့ မှုကို ကြိုဆိုကြောင်းဆောက်လုပ် ရေးလုပ်ငန်းရှင်အချို့ကဆိုသည်။

‘‘ရုံးလုပ်ငန်းပိုင်းတွေလည်း ပိုမြန်သွားမှာပေါ့။ အရင်ကဆို ဖိုင်နှစ်ခုနဲ့ အဆင့်ဆင့်သွားနေရတာ အလုပ်လည်း ပိုရှုပ်တယ်။ မြေပုံ ထုတ်ပေးတဲ့ရက်ကိုလည်း မြန်မြန်ဆန်ဆန်လုပ်ပေးစေချင်တယ်’’ ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးလားဇာထွန်းက ပြောသည်။

လက်ရှိတွင် မြေပုံထုတ်ပေး သည့်ကာလသည် လျှောက်ထား ပြီး နှစ်ပတ်အတွင်း ဆိုသော်လည်းပြဿနာရှိပါကနှစ်နှင့်ချီကြာမြင့်တတ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်အချို့ကဆိုသည်။

ဆောက်လုပ်ခွင့် တင်ပြရာ တွင် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဌာန၏တစ်နှစ်အတွင်း ထုတ်ပေးသည့် မြေပုံသက်တမ်းအစား၂ နှစ်အတွင်း ထုတ်ပေးသည့်မြေပုံဟူ၍ ပေးသင့်ကြောင်း ၎င်းတို့က ပြောသည်။

‘‘မြေပုံထုတ်ပြီးမှ အကြောင်းကြောင်းကြောင့် အဆောက်အအုံ ဆောက်ဖို့မဖြစ်နိုင်တဲ့အခါမှာ သက်တမ်းပြည့်သွားလို့ နောက် တစ်ကြိမ်မြေပုံပြန်ထုတ်ရတာမျိုး တွေ ရှိတတ်တော့ မြေပုံသက်တမ်းတိုးပေးနိုင်ရင် ပိုအဆင်ပြေမယ်’’ ဟု ဦးလားဇာထွန်းက ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service