ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
လာမည့်နွေရာသီတွင် ထာဝရအမှတ်ရနေမည့် အပန်းဖြေခရီးမျိုးထွက်ရန် စိတ်ကူးနေပါသလား။
ဖိလစ်ပိုင်ရှိ အလွန်သာယာလှပသော ကျွန်းကြီးတစ်ခုက သင့်အတွက် စောင့်ကြိုနေပါသည်။
ဖိလစ်ပိုင်နိုင်ငံအနောက်ပိုင်းရှိ ကျွန်းစုတစ်ခုဖြစ်သော ကိုရွန်ကျွန်း၏ တောင်ဘက်တွင် တည်ရှိသည့် ကျွန်းတစ်ကျွန်းဖြစ်သည်။
သာယာလှပသော သဲသောင်ကမ်းခြေများ၊ သလင်းကဲ့သို့ကြည်လင်နေသောရေပြင်များ ထိတွေ့ခွင့်ရရှိမည်ဖြစ်ပြီး ပင်လယ်ပြင်ကိုငေးမျှော်ရင်း ပုခက်စီးကာ အတွေးနယ်ချဲ့နိုင်မည့် သာယာလှသည့်ထိုနေရာကို မည်သူမဆိုတွေ့မည်လိုက်သည်နှင့် ချက်ချင်းသွားလိုစိတ်ပေါ်လာမည်သာ ဖြစ်သည်။
အားလပ်ရက်ဇိမ်ခံအပန်းဖြေနေရာ အငှားဝန်ဆောင်မှုများကို အဓိကဦးတည်သော stayonedegree ဝက်ဘ်ဆိုက်မှတစ်ဆင့် ကြော်ငြာလာခြင်းဖြစ်ပြီး ဈေးနှုန်းမှာ တစ်ညလျှင် ဖိလစ်ပိုင် ပီဆိုငွေ ၁၅၀၀၀၀ မှ ၁၇၆၀၀၀ ကြား (ကန်ဒေါ်လာ ၃၀၁၇ မှ ၃၅၄၀ ကြား) သာ ကျသင့်မည်ဖြစ်ကာ ကျွန်းကြီးတစ်ခုလုံးကို သီးသန့်အသုံးပြုခွင့်ရရှိမည် ဖြစ်သည်။
တည်းခိုနေထိုင်ရန်အတွက် ဝါးအိမ်ကလေးများ ဆောက်လုပ်ပေးထားပြီး လသာဆောင်ထည့်သွင်းပေးထားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)