ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ဒေါ်လာဈေးနှုန်းတည်ငြိမ်စေရန် တိုင်းပြည်၏ပို့ ကုန်နဲ့ သွင်းကုန်မျှတဖို့ လိုအပ်တယ်လို့  ငွေကြေးဈေးကွက် ကျွမ်းကျင်သူတွေကဆိုပါတယ်။
မျှတတဲ့နှုန်းရှင်တစ်ခုဖြစ်ဖို့ လက်ရှိမှာ ဗဟိုဘဏ်ကဈေးကွက်ကို ဝင်ရောက်ထိန်းကျောင်းနေမှုမှာ လိုအပ်ချက်တွေရှိနေသေးတယ်လို့ လဲပြောပါတယ်။
“ အဓိတော့ သွင်းကုန်တွေများနေရင် ဒေါ်လာဈေးကတက်မယ် ပို့ ကုန်များရင်ကျမယ် ဒီအပေါ်မှာပဲ တည်ငြိမ်အောင်လုပ်ဖို့ လိုတာ "ဟု ဘဏ်လုပ်ငန်းဆိုင်ရာကျွမ်းကျင်ပညာရှင် ဦးရဲမင်းဦးကပြောပါတယ်။
လက်ရှိတွင် ဈေးကွက်မှာ ဈေးကစားနေသူတွေရဲ့ ကောလဟာလ ထုတ်လွှင့်နေမှုတွေကြောင့်လည်း ဒေါ်လာဈေးမှာမမြင့်တက်သင့်ဘဲ များစွာမြင့်တက်ခဲ့ရတာလည်းဖြစ်ပါတယ်။
ဒေါ်လာလိုအပ်ချက်သည် တိုင်းပြည်၏ လတ်တလောစီးပွားရေးနှင့်သက်ဆိုင်နေသော ကြောင့် အတက်အကျမတည်ငြိမ်မှုတွေက ဆက်လက်ဖြစ်ပေါ်နိုင်သေးတယ်လို့  ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတွေကပြောပါတယ်။
လူသုံးကုန်မှအစ ပြည်ပက တင်သွင်းမှုများသော မြန်မာနိုင်ငံတွင် ဒေါ်လာတန်ဖိုးမြင့်တက်ခြင်း က အထွေထွေကုန်ဈေးနှုန်းမြင့်တက်လာသည်။ ၂၀၁၈ အတွင်း ဒေါ်လာတန်ဖိုး မြင့်တက်ခြင်းက စက်သုံးဆီဈေးနှုန်း မြင့်တက်လာ ခြင်း၊ကျပ်ငွေတန်ဖိုးကျဆင်းပြီးကုန်ဈေးနှုန်းမြင့်တက်ခဲ့သည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)မစ်ရှင်အဖွဲ့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
၂၀၁၈ အတွင်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် နှစ်စပိုင်းတွင် ၄ ဒသမ ၁၆ ရာခိုင်နှုန်း ရှိသော်လည်း အောက်တိုဘာ၌ ၆ ဒသမ ၃၄ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်း အဖွဲ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com