ပြည်နယ်နှင့် တိုင်းလေးခုတွင် ဇန်န၀ါရီ ၁ ရက်ကစ၍ ရွှေအလေးချိန်တွက်ချက်မှု တစ်ပဲလျှင် ရှစ်ရွေးဖြင့် ပြောင်းလဲကျင့်သုံးမည်

ပြည်နယ်နှင့် တိုင်းလေးခုတွင် ဇန်န၀ါရီ ၁ ရက်ကစ၍ ရွှေအလေးချိန်တွက်ချက်မှု တစ်ပဲလျှင် ရှစ်ရွေးဖြင့် ပြောင်းလဲကျင့်သုံးမည် - Property News in Myanmar from iMyanmarHouse.com
26 Dec 2018 10:17 am တွင် တင်ခဲ့သည်
2495 ကြိမ် ကြည့်ရှု့ပြီး

နိုင်ငံတစ်ဝန်း ရွှေ အလေးချိန် တွက်ချက်မှုပုံစံတစ် ပြေးညီဖြစ်စေရန် ၂၀၁၉ ဇန်န၀ါရီ ၁ ရက်ကစ၍ မန္တလေးအပါအ၀င် ပြည်နယ်နှင့် တိုင်းလေးခုတွင် တစ်ပဲလျှင်ရှစ်ရွေးနှုန်း သတ်မှတ်ကျင့်သုံးမည်ဟု မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးတင်ထွန်းက ပြော သည်။

‘‘ဇန်န၀ါရီ ၁ ရက်ကနေစပြီး အရောင်းအ၀ယ်လုပ်တာတွေ အားလုံးကို ရှစ်ရွေးနဲ့ပြောင်းလဲ တွက်ချက်ပေးသွားမှာ ဖြစ်ပါ တယ်။ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ သတင်းစာကနေ တရားဝင်ကြေ ညာသွားပြီးတော့ လက်ရှိခုနစ်ရွေး ခွဲနဲ့ ရောင်းချနေတဲ့ပြည်နယ်နဲ့ တိုင်းလေးခုလုံးမှာ ရွှေအလေး ချိန်တွက်ချက်မှုကို ပြောင်းလဲ ကျင့်သုံးသွားမှာဖြစ်ပါတယ်’’ ဟု ဦးတင်ထွန်းကပြောသည်။

ရွှေအလေးချိန် ရှစ်ရွေးသတ်မှတ်ရန် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်မြောက်ပိုင်းတို့မှ ရွှေ လုပ်ငန်းရှင်များစုပေါင်း၍ ပြီးခဲ့ သည့် စက်တင်ဘာ ၉ ရက်တွင် ဆွေးနွေး အတည်ပြုခဲ့သည်။

‘‘နိုင်ငံခြားကို ရွှေတင်ပို့တာ၊ တင်သွင်းတာတွေလုပ်တဲ့အခါ မှာတစ်နိုင်ငံလုံးအလေးချိန်တွက် ချက်မှုပုံစံတူညီမှသာ လုပ်ငန်း ဆောင်ရွက်လို့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ပြည်နယ်နဲ့ တိုင်း လေးခုမှာပဲ ခုနစ်ရွေးခွဲနဲ့ ရောင်းဝယ်မှုတွေပြုလုပ်နေတာဖြစ်တာပါ။ ကျန်တဲ့မြို့တွေအားလုံးနီးပါး မှာက ရှစ်ရွေးနဲ့ပဲလုပ်နေတာဖြစ် တဲ့အတွက် အားလုံးတူညီသွားအောင် ပြောင်းလဲဖို့အတည်ပြု လိုက်တာဖြစ်ပါတယ်’’ ဟု ဦးတင် ထွန်းကပြောသည်။

လက်ရှိတွင် ရွှေအလေးချိန် တွက်ချက်မှု ပုံစံအရ ရှစ်ရွေးဖြင့်တွက်သည့် အောက်မြန်မာပြည် ၌ ရွှေတစ်ကျပ်သားလျှင် ၁၂၈ ရွေးအထိရှိပြီး ခုနစ်ရွေးခွဲဖြင့် တွက်ချက်သည့် အထက်မြန်မာ ပြည်တွင် တစ်ကျပ်သားလျှင် ၁၂၀ ရွေးသာရှိသဖြင့် တစ်နိုင်ငံလုံးတစ်ပြေးညီဖြစ်ရေးပြောင်းလဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

‘‘ရှစ်ရွေးနဲ့ ခုနစ်ရွေးကွာတဲ့ အတွက် ရန်ကုန်မှာလည်း ပြဿ နာအများကြီးရှိပါတယ်။ ဆူးလေ ဘုရားမှာ ရွှေသွင်းတဲ့အခါမှာ မန္တလေးက ခုနစ်ရွေးခွဲနဲ့ဝယ်ပြီး ရန်ကုန်မှာ ပြန်ရောင်းတဲ့အခါ ရှစ်ရွေးနဲ့တွက်တဲ့အတွက် ရွှေ ကွာဟမှုဖြစ်နေတယ်ဆိုပြီးလျော် ခိုင်းတာမျိုးတွေရှိပါတယ်။ မြန်မာ တစ်နိုင်ငံလုံးတစ်ပြေးညီဖြစ်သွားရင်တော့ လုပ်ရတာအဆင်ပြေသွားမှာပါ’’ ဟုရန်ကုန်တိုင်းရွှေ လုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးမျိုး မြင့်ကပြောသည်။

ရွှေအလေးချိန် ရှစ်ရွေးနှုန်း ဖြင့်တွက်ချက်မှုကို အထက်မြန်မာပြည်ရှိ ရွှေဆိုင်များ၊ ရွှေ သန့်စင်လုပ်ငန်း (လှော်ဖို) များ၊ ရွှေတူးဖော်ရေးလုပ်ငန်းများ၊ ရွှေပန်းထိမ်များ၊ ရွှေအပေါင်ဆိုင် များနှင့် ရွှေအရောင်းအ၀ယ်လုပ်ငန်းအားလုံး ပြောင်းလဲကျင့်သုံး ရမည်ဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

imyanmarmarket
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service