ဒိန်းမတ်နိုင်ငံတွင် လူနေအိမ်ခန်းများ ပြတ်လတ်မှုကြောင့် မြို့တော်ကိုပင်ဟေဂင်အနီး ပင်လယ်ပြင်အတွင်း ကျွန်းတစ်ကျွန်း ဆောက်လုပ်

ဒိန်းမတ်နိုင်ငံတွင် လူနေအိမ်ခန်းများ ပြတ်လတ်မှုကြောင့် မြို့တော်ကိုပင်ဟေဂင်အနီး ပင်လယ်ပြင်အတွင်း ကျွန်းတစ်ကျွန်း ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
18 Dec 2018 11:15 am တွင် တင်ခဲ့သည်
1307 ကြိမ် ကြည့်ရှု့ပြီး

ဒိန်းမတ်နိုင်ငံတွင် လူနေအိမ်ခန်းများ ပြတ်လတ်မှုကြောင့် မြို့တော်ကိုပင်ဟေဂင်အနီး ပင်လယ်ပြင်အတွင်းတွင် ကျွန်းတစ်ကျွန်း ဆောက်လုပ်ရန်စီစဉ်လျက်ရှိသည်။

အဆိုပါကျွန်းတွင် လူပေါင်း ၃၅၀၀၀ ခန့် နေထိုင်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ဒိန်းမတ်ဝန်ကြီးချုပ် လားစ် လော်ကက် ရာစ်မိုးရှင်းက ပြောကြားသည်။

“လင်းနေတဲဟဒ်မင်း” (Lynetteholmen) ဟု အဆိုပါကျွန်းကို အမည်ပေးမည်ဖြစ်ပြီး ဆွီဒင်နိုင်ငံကို စီးမိုးတွေ့မြင်နေရသည့် ဒေသအနီးတွင် တည်ရှိမည် ဖြစ်သည်။

ထိုကမ်းခြေဒေသတွင် ကမ္ဘာလှည့်ခရီးသည်များ ဆွဲဆောင်နိုင်စွမ်းရှိသည့် ၁ ဒသမ ၂၅ မီတာမြင့်မားသော ရေသူမ ကြေးရုပ်နှင့် အော်ပရာကပွဲရုံတို့လည်း တည်ရှိသည်။

ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၃၅ ခုနှစ်ဝန်းကျင်တွင် စတင်ရန် မျှော်မှန်းထားပြီး ၂၀၇၀ ပြည့်နှစ်ခန့်တွင် အပြီးသတ်ဆောက်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။

စီမံကိန်းအတွက် ကုန်ကျစရိတ် ကရိုနာငွေ ၂၀ ဘီလီယံ (ကန်ဒေါ်လာ ၃ ဘီလီယံ) ခန့်ရှိမည်ဖြစ်ပြီး မြေရောင်းချရငွေဖြင့် ကုန်ကျငွေကို ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း ဒိန်းမတ်အစိုးရက ထုတ်ပြန်ထားသည်။

အဆိုပါကျွန်းစီမံကိန်းကို အစိုးရနှင့် ဒေသခံအုပ်ချုပ်ရေးအဖွဲ့တို့ ထက်ဝက်စီ ပိုင်ဆိုင်ကြမည်ဟု ဆိုသည်။

ကျွန်းသစ်တွင် ကမ်းခြေများနှင့် ရထားလိုင်းတစ်ခု ပါဝင်မည်ဖြစ်ကာ ကိုပင်ဟေဂင်၏ အိမ်ယာပြတ်လတ်မှု ပြဿနာကို ကူညီဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း မြို့တော်ဝန် ဖရန့်ခ် ဂျန်ဆန်က ပြောကြားသည်။

ခန့်မှန်းချက်များအရ ၂၀၄၅ ခုနှစ်တွင် ကိုပင်ဟေဂင်သို့ လူပေါင်း ၁၇၀၀၀၀ ခန့် ရွှေ့ပြောင်းအခြေချလာကြဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။

ကိုပင်ဟေဂင်သည် အတိုးနှုန်းအလွန်နည်းပါးခြင်း၊ လစာမြင့်မားသည့်အလုပ်အကိုင်များ ၊ ကောင်းမွန်သည့် ပို့ဆောင်ရေးစနစ်တို့ကြောင့် အခြေချနေထိုင်သူ များပြားလာခြင်းလည်း ဖြစ်သည်။

ယခုကျွန်းသစ်သည် ကိုပင်ဟေဂင်ကို မုန်တိုင်းအန္တရာယ်အပြင် ပင်လယ်ရေမြင့်တက်မှုများမှလည်း အကာအကွယ်ပေးနိုင်မည်ဖြစ်သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

Pan Swal Taw
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service