ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာဝယ်ယူရန် ငွေစုထားသူ ၂၅,၀၀၀ ရှိဟုဆို

ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာဝယ်ယူရန် ငွေစုထားသူ ၂၅,၀၀၀ ရှိဟုဆို - Property News in Myanmar from iMyanmarHouse.com
18 Dec 2018 10:31 am တွင် တင်ခဲ့သည်
1891 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank) တွင် အိမ်ရာဝယ်ယူရန် ငွေစုထားသူ ၂၅,၀၀၀ ခန့်ရှိပြီး အိမ်ရာဝယ်ယူရန် ငွေစုထားသူများက ငွေကျပ် ၂၂ ဘီလီယံကျော် စုဆောင်းထားကြောင်း ယင်းဘဏ်၏ဥက္ကဋ္ဌဖြစ်သူ ဦးမင်းထိန်က ပြောကြားသည်။
 
အဆိုပါဘဏ်တွင် အိမ်ရာဝယ်ယူရန် ငွေစုထားသူများမှ အိမ်ရာဝယ်ယူရန် ပြည့်မီသူ သုံးထောင်ခန့်ကို လှိုင်သာယာ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ရွှေပြည်သာနှင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ တန်ဖိုးနည်းအိမ်ရာများမှ တိုက်ခန်းများဝယ်ယူရန် ကျပ်ဘီလီယံ ၄၀ ထုတ်ပေးခဲ့ကြောင်း ၎င်းကဆိုသည်။
 
“၂၀၁၅ ခုနှစ်က နှစ်ရှည်အိမ်ရာ ချေးငွေစနစ်ကို စတင်ခဲ့တယ်။ ၂၀၁၆ ခုနှစ်မှာတော့ အိမ်ရာစုဆောင်းဖို့ ငွေစာရင်း ဖွင့်လှစ်ပြီး ငွေစုတဲ့စနစ်ကိုစတင်ခဲ့တယ်။ တန်ဖိုးနည်းအိမ်ရာများကို ဝယ်ယူရန် Housing Saving စုထားသူတွေကို အိမ်ရာ ဝယ်ယူခွင့်ရအောင် ဆောင်ရွက်ပေးခဲ့တယ်။ ၂၀၁၉ ခုနှစ်မှာ ထားဝယ်မြို့မှာတော့ ဘဏ်ခွဲအသစ်ကို ဖွင့်လှစ်သွားမယ်”ဟု ဦးမင်းထိန်ကဆိုသည်။
 
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် (CHID) ဘဏ်တို့ ပူးပေါင်းကာ တန်ဖိုး နည်းအိမ်ရာဝယ်ယူနိုင်ရန် လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်းအိမ်ရာ၊ ရွှေလင်ဗန်းအိမ်ရာ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာများမှ တိုက်ခန်းများအတွက် အိမ်ရာချေးငွေထုတ်ပေးရန် စီစဉ်နေကြောင်း (CHID)ဘဏ်ထံမှ သိရသည်။
 
ယခုလက်ရှိတွင် CHID Bank သည် နေထိုင်ရန် အခက်အခဲရှိသော အစိုးရဝန်ထမ်းများနှင့် ပြည်သူများ အိမ်ပိုင်ရရှိစေရန်၊ တန်ဖိုးနည်းတိုက်ခန်းများကို ဝယ်ယူနိုင်ရန် ဝယ်ယူမည့်တိုက်ခန်းတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းအထိ ငွေစုဆောင်းထားရှိပြီး ကျန်ငွေကို ၈ နှစ်မှာ ၁၀ အထိ အရစ်ကျငွေ ပေးချေစနစ်ဖြင့် ရောင်းချပေးနေကြောင်း အဆိုပါဘဏ်ထံမှ သိရသည်။
 
ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank) ကို ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ငါးနှစ်အတွင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ မော်လမြိုင်နှင့် ပုသိမ် စသည့် မြို့ကြီးများတွင် ဘဏ်ခွဲပေါင်း ၁၁ ခုအထိ ဖွင့်လှစ်ထားသည်။
 
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူကြီးကြပ်လျက်ရှိသည့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၏ ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေ အစည်းအဝေးကို ဒီဇင်ဘာလ ၁၆ ရက်က ရန်ကုန်မြို့ Rose Garden Hotel တွင် ကျင်းပခဲ့သည်။

Credit:  The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

CarsDB
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service