စင်္ကာပူပုဂ္ဂလိကအိမ်ရောင်းအား နိုဝင်ဘာတွင် တစ်ဟုန်ထိုးမြင့်တက်

စင်္ကာပူပုဂ္ဂလိကအိမ်ရောင်းအား နိုဝင်ဘာတွင် တစ်ဟုန်ထိုးမြင့်တက် - Property News in Myanmar from iMyanmarHouse.com
18 Dec 2018 10:11 am တွင် တင်ခဲ့သည်
690 ကြိမ် ကြည့်ရှု့ပြီး

ပြီးခဲ့သည့်လအတွင်း စင်္ကာပူတွင် အိမ်ခြံမြေ developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချသောကုမ္ပဏီ) များသည် အစိုးရနှင့်ပုဂ္ဂလိက ဖက်စပ်ကွန်ဒိုအိမ်ခန်း (EC) များမှအပ ပုဂ္ဂလိကအိမ်ခန်းပေါင်း ၁,၁၉၈ ခန်း ရောင်းချခဲ့ရကြောင်း မြို့ပြပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (URA) က ဒီဇင်ဘာ ၁၀ တွင် ထုတ်ပြန်ခဲ့သည်။

၎င်းအရေအတွက်သည် ဇူလိုင်နောက်ပိုင်း အမြင့်မားဆုံးရောင်းအားဖြစ်သည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာရောင်းအား ၇၈၈ ခန်းထက် မြင့်တက်ခဲ့ကာ ယခုနှစ်

အောက်တိုဘာရောင်းအား ၄၈၇ ခန်းထက်လည်း သိသိသာသာမြင့်မားခဲ့သည်။

EC အခန်းများကို ထည့်တွက်ပါက နိုဝင်ဘာတွင် စုစုပေါင်း ၁,၂၀၂ ခန်း ရောင်းချခဲ့ရသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာရောင်းအားမှာ ၉၃၇ ခန်း ဖြစ်ပြီး ယခုနှစ်အောက်တိုဘာရောင်းအားမှာမူ ၅၁၀ ခန်း ဖြစ်သည်။

နိုဝင်ဘာလအတွင်း စင်္ကာပူအိမ်ခြံမြေဈေးကွက်ထဲသို့ အိမ်ခန်း ၁၃၄၁ ခန်းခန့် ဝင်ရောက်လာခဲ့ပြီး အောက်တိုဘာရောင်းလိုအား ၄၈၇ ခန်းထက် မြင့်တက် များပြားခဲ့သည်။

ဇူလိုင်တွင် အိုးအိမ်အာဏာပိုင်များက ထပ်ဆောင်းဝယ်ယူသူ၏ တံဆိပ်ခေါင်းခွန် နှုန်းထားများကို သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီး လူနေအိမ်ခြံမြေဝယ်ယူမှုများအတွက် ချေးငွေခွင့်ပြုမှုပမာဏကန့်သတ်ချက်များကိုလည်း တင်းကျပ်ခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်း စုစုပေါင်းရောင်းအားသည် ယမန်နှစ်စုစုပေါင်းရောင်းအား အောက် လျော့နည်းနိုင်ကြောင်း စင်္ကာပူအိမ်ခြံမြေအေဂျင်စီ PropNex က ခန့်မှန်းခဲ့သည်။ ပမာဏအားဖြင့် ၂၀၁၇ ခုနှစ် ရောင်းအား ၁၀,၅၆၆ ခန်းအောက် လျော့နည်းကာ ယခုနှစ်အတွင်း ရောင်းအား ၉,၃၀၀ မှ ၉,၅၀၀ အကြားသာ ရှိနိုင်သည်ဟုလည်း PropNex က ခန့်မှန်းထားကြောင်း သိရသည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

CarsDB
Pan Swal Taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service