ရင်းနှီးမြှုပ်နှံလိုသူများ မန္တလေးတွင် မြေကွက်ဝယ်ယူရန် ပိုမိုစိတ်ဝင်စားလာ

ရင်းနှီးမြှုပ်နှံလိုသူများ မန္တလေးတွင် မြေကွက်ဝယ်ယူရန် ပိုမိုစိတ်ဝင်စားလာ - Property News in Myanmar from iMyanmarHouse.com
18 Dec 2018 9:59 am တွင် တင်ခဲ့သည်
2158 ကြိမ် ကြည့်ရှု့ပြီး

မန္တလေးအိမ်ခြံမြေ ဈေးကွက်အရောင်းအေးနေသော်လည်း မြန်မာနိုင်ငံဒေသအနှံ့မှ လုပ်ငန်းရှင်များက စီးပွားရေးလုပ်ကိုင်ရန်၊ လုပ်ငန်းတိုးချဲ့ရန်လူစည်ကားသော မြို့နယ်များ တွင် မြေကွက်ဝယ်ယူရန် စိတ်ဝင်စားမှု များပြားလာသည်ဟု အိမ်ခြံမြေ ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူ အချို့က ပြောကြားသည်။

မန္တလေးမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် ရှိသည့် စီးပွားရေးမြို့တော်တစ် ခုဖြစ်သည်နှင့်အညီ စီးပွားရေး လုပ်ငန်းရှင်များသည် အလယ်ပိုင်းဒေသ၌ လုပ်ငန်းတိုးချဲ့ရန် မန္တလေးရှိ မြေကွက်များကို ၀ယ်ယူကာ စီးပွားရေးလုပ်ငန်းများချဲ့ထွင်လာနေသည်။

‘‘မန္တလေးက အလယ်ဗဟို ကျနေတော့ ဘယ်မြို့နယ်နဲ့မဆို ဆက်သွယ်လို့ရတယ်။ အချက်အ ချာကျတယ်ပြောရမှာပေါ့ အထက်ပိုင်းနဲ့ရော၊ အောက်ပိုင်းနဲ့ ရော ဆက်သွယ်မှုကောင်းတယ်။ ကုမ္ပဏီတွေအနေနဲ့ဆိုရင် တရုတ် ပြည်ကလာမယ်ဆို မန္တလေးက အဓိကပေါ့။ ရန်ကုန်ဆိုတာလည်း မန္တလေးကနေ ဖြတ်သွားရတာလေ။ ဒါကြောင့် လုပ်ငန်းတိုးချဲ့ လာကြတယ်’’ ဟု ရွှေပန်းချီ အိမ်ခြံမြေ၀န်ဆောင်မှုလုပ်ငန်းမှ မနှင်းနုဝေက ပြောသည်။

နယ်မြို့များမှ စီးပွားရေး လုပ်ငန်းတစ်ခုခု လုပ်ကိုင်နေထိုင်ရန် ၀ယ်ယူမှုများရှိသလို ရန်ကုန်မှလုပ်ငန်းရှင်များက စီးပွားရေးလုပ်ငန်းများအတွက် ရုံးခန်းဖွင့်ရန်၊ ကုမ္ပဏီခွဲဖွင့်ရန် ၀ယ်များသည်ဟု သိရသည်။

‘‘အခုချိန်မှာ ပွင့်ပွင့်လင်း လင်းဝန်ခံရရင် မန္တလေးကလူတွေကတော့ ၀ိတ်လျှော့ချင်လို့ ပြန်ရောင်းကြတာများတယ်။လုပ်ငန်းရှင်တွေဆိုရင်လည်း နယ်က လုပ်ငန်းအတွက် ၀ယ်တယ်။ တချို့ဆိုလည်း ကုမ္ပဏီခွဲဖွင့်ဖို့ဝယ်တယ်။ အဲဒီလိုမျိုးတော့ပိုများတယ်’’ ဟု မနှင်းနုဝေက ပြော သည်။

ယခင်က မန္တလေးအိမ်ခြံမြေ ဈေးကွက်သည် ဈေးအဆမတန် ခေါ်ကာ မြေကွက်များရောင်းချ နေမှုကြောင့် မန္တလေးတွင် ရင်းနှီးမြှုပ်နှံသူ နည်းပါးခဲ့ပြီး ယခုနောက်ပိုင်း ကာလပေါက်ဈေး အတိုင်း ဈေးပြန်မှန်လာသဖြင့် ရင်းနှီးမြှုပ်နှံသူများပြန်လည် စိတ်ဝင်စားလာသည်ဟု အိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်သည်။

မြေကွက်ဝယ်ယူသူများက စက်မှုဇုန်နှင့် ချမ်းအေးသာစံ၊ချမ်း မြသာစည်၊ မဟာအောင်မြေ စသည့် မြို့နယ်များတွင် ၀ယ်ယူရန်စိတ်ဝင်စားပြီး မိမိလုပ်ကိုင်မည့် လုပ်ငန်းအလိုက်ဝယ်ယူချင် သည့်မြို့နယ်၊ မြေနေရာကိုရွေးချယ်သည်ဟု အိမ်ခြံမြေပွဲစားများကဆိုသည်။

‘‘နေရာကတော့ သူတို့လုပ်မယ့် စီးပွားရေးအပေါ်မူတည်ပြီး လူစည်တဲ့နေရာမှာ ၀ယ်ရင်လည်း ၀ယ်တာပဲ။ ဥပမာ- ကားရှိုးရွမ်း ဖွင့်မယ်ဆိုရင် မြို့သစ်ဘက်မှာ ၀ယ်တယ်။ စက်ရုံလုပ်ငန်းလုပ်မယ်ဆိုရင်လည်း စက်မှုဇုန်ဘက်မှာ ရင်းနှီးမြှုပ်နှံကြတယ်’’ ဟု ဖိုးလမင်းမြန်မာ ကုမ္ပဏီလီမိတက်မှ ကိုဝဏ္ဏစိုးက ပြောသည်။

မန္တလေးရှိ မြေကွက်များ၏ ပျမ်းမျှကာလပေါက်ဈေးသည် မြေနေရာလိုက်၍ ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၅,၀၀၀ အထိရှိ သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service