ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ကမ္ဘာကျော်သူဌေးကြီး ဝါရင်ဘူဖေးသည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ အရှေ့တောင်ဘက်ရှိ လာဂူးနားကမ်းခြေ အပန်းဖြေစံအိမ်ကြီးကို အရောင်းဈေးကွက်တင်ထားရာ ရောင်းမထွက်သောကြောင့် ဈေးနှုန်းလျှော့ချပေးကာ ဈေးကွက်ပြန်တင်လာသည်။
လာဂူးနာကမ်းခြေစံအိမ်ကြီး၏ ယခင်ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၁ သန်းဖြစ်ခဲ့ပြီး ယခုအခါ ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းအထိ လျှော့ချပေးလိုက်ကာ ကန်ဒေါ်လာ ၇ ဒသမ ၉ သန်းဖြင့် ပြန်လည်ဈေးကွက်တင်လာခြင်းဖြစ်ကြောင်း အရောင်းဈေးကွက်တင်ပေး ခဲ့သည့် အိမ်ခြံမြေကုမ္ပဏီ Bill Dolby မှ အကျိုးဆောင် အယ်လီဆင် အွမ်းစတက်က ပြောကြားသည်။
ဝါရင်ဘူဖေးသည် အဆိုပါအပန်းဖြေစံအိမ်ကြီးကို ပိုင်ဆိုင်ထားသည်မှာ ဆယ်စုနှစ် ၄ ခုကျော်ရှိခဲ့ပြီဖြစ်သည်။
ဝါရင်ဘူဖေး လက်ရှိနေထိုင်လျက်ရှိသည်မှာ နီဘရာစကားပြည်နယ်၊ အိုမာဟာမြို့တွင် ဖြစ်သည်။
Reports on Housing မှ ထုတ်ပြန်သော အချက်အလက်များအရ ဇိမ်ခံလူနေအိမ်တို့သည် ဈေးကွက်တွင် ကြာမြင့်စွာရှိနေလေ့ရှိကြသည်ဟု ဆိုသည်။
ကယ်လီဖိုးနီးယားပြည်နယ်၊ အောရိန်းခရိုင်ရှိ ကန်ဒေါ်လာ ၄ သန်းနှင့်အထက် နေအိမ်များဆိုလျှင် ဈေးကွက်တွင် ရောင်းထွက်ရန် တစ်နှစ်ကျော် အချိန်ယူရလေ့ရှိသည်ဟုလည်း ဆိုသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)