ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ဗဟိုဘဏ်က လေးရက်အတွင်း ပုဂ္ဂလိကဘဏ်များသို့ ကန်ဒေါ်လာ ၃၈ သိန်း ရောင်းချ ပေးသော်လည်း ပြည်တွင်းငွေ ကြေးဈေးကွက်တွင် ဒေါ်လာတန်ဖိုး ဆက်တိုက်မြင့်တက်လာပြီး ဒီဇင်ဘာ ၁၃ ရက်တွင် တစ်ဒေါ် လာလျှင် ၁,၅၇၅ ကျပ်သို့ ရောက်ရှိလာသည်။
ဒီဇင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ ဗဟိုဘဏ်ကလေလံ ဈေးကွက်ဖြင့် ကန်ဒေါ်လာများ ရောင်းချပေးခဲ့ပြီး ဗဟိုဘဏ်၏ နေ့စဉ် ရည်ညွှန်းငွေလဲနှုန်းဖြင့် ကန်ဒေါ်လာများ ရောင်းချပေး ခြင်းဖြစ်သည်။
ကန်ဒေါ်လာတန်ဖိုး ဆက် တိုက်တက်လာသကဲ့သို့ ဗဟိုဘဏ်ရည်ညွှန်း ငွေလဲနှုန်းက ဒီဇင်ဘာ ၁၃ ရက်တွင် တစ်ဒေါ်လာ ၁,၅၈၁ ကျပ်ဖြစ်သည်။
ငွေကြေးဈေးကွက်တွင် ဒီဇင်ဘာလ နှစ်ပတ်အတွင်း ကန်ဒေါ်လာတန်ဖိုး အတက်၊ အကျများစွာဖြစ်ခဲ့ပြီး ဒီဇင်ဘာ ၃ ရက်တွင် တစ်ဒေါ်လာ ၁,၅၄၅ ကျပ်မှ ၁,၄၇၀ သို့ တစ်ရက်အတွင်းရုတ် တရက်ကျဆင်းပြီးနောက် ဒီဇင် ဘာ ၄ ရက်ကစတင်၍ ပြန်တက်လာသည်။
Credit: 7Daydaily