ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
မြန်မာနိုင်ငံတွင် ချေးငွေဆိုင်ရာ အချက်အလက်များကို ကိုးလမှ ၁၂ လအတွင်း စတင် အသုံးပြုနိုင်ရန် မြန်မာ့ချေးငွေသတင်းအချက်အလက် ကုမ္ပဏီ (MMCB) နှင့် အမေရိကန်ကုမ္ပဏီတို့ ဒီဇင်ဘာ ၁၀ ရက်က လက်မှတ်ရေးထိုးခဲ့သည်။
ချေးငွေအချက်အလက်များ စုဆောင်းနိုင်ရေး ချေးငွေအချက်အလက်ဌာန (Myanmar Credit Bureau) ထူထောင်ရန် ဗဟိုဘဏ်က ယခုနှစ်မေလတွင် လိုင်စင် စတင်ထုတ်ပေးပြီးနောက် ဝန်ဆောင်မှုများပေးရန် ကုမ္ပဏီများအကြား ပထမအကြိမ် သဘော တူညီခြင်းဖြစ်သည်။
‘‘Credit Bureau အကောင် အထည်ဖော်ဖို့ ပထမဦးဆုံးခြေ လှမ်းပါ’’ဟု မြန်မာချေးငွေအချက် အလက်ဌာန ဥက္ကဋ္ဌ ဦးဇော်လင်း အောင်က ပြောသည်။
ချေးငွေအချက်အလက်ဌာန သည် ကုမ္ပဏီ၊ လူတစ်ဦးချင်း၏ ငွေချေးယူမှုနှင့် ငွေပေးချေမှုများ၊ ချေးငွေဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းဖြန့်ချိရေးဌာနဖြစ်သည်။ ထိုအချက်အလက်များကို ဘဏ်များ၊ သုံးစွဲသူများ၊ အသေးစား၊ အလတ်စား လုပ်ငန်းများ၊ ဗဟိုဘဏ်များက ခံစားရမည်ဟု ဦးဇော်လင်းအောင်က ဆိုသည်။
MMCB ကို စင်ကာပူခရက် ဒစ်ဗျူရိုနှင့် ပြည်တွင်းဘဏ်များ ဖြင့် ဖွဲ့စည်းထားပြီး စင်ကာပူခရက်ဒစ်ဗျူရိုက ရှယ်ယာ ၄၀ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံရှိ ဘဏ်များက ၆၀ ရာခိုင်နှုန်းပိုင်ဆိုင်သည်။
အမေရိကန် အခြေစိုက် Equifax New Zealand Services and Solutions ကုမ္ပဏီက ဆော့ဖ်ဝဲများအပါအဝင် နည်းပညာဆိုင်ရာများ အထောက်အပံ့ပြုမည်ဖြစ် သည်။
ချေးငွေသတင်းအချက်အ လက်ဌာနထူထောင်ရန် ပထမဦး ဆုံး အချက်အလက်များစုဆောင်း ရမည်ဖြစ်ပြီး ရရှိသည့်အချက်အလက်များ ဖြန့်ဖြူးရမည်ဖြစ်ရာအချက်အလက် မှန်ကန်ရေးနှင့် ပြည့်စုံရေးသည် အရေးကြီးသည် ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။
ဗဟိုဘဏ်ကလည်း ပိုမို ကောင်းမွန်စွာ ကြီးကြပ်နိုင်ကာ မူဝါဒများချမှတ်နိုင်မည်ဖြစ်ပြီး ထို ဌာနရှိခြင်းအားဖြင့် ကမ္ဘာ့ဘဏ် ၏စီးပွားရေးလုပ်ကိုင်နိုင်ရန် လွယ်ကူမှုညွှန်းကိန်း တိုးတက်လာစေ မည်ဟု ဦးစိုးသိန်းက ပြောသည်။
ချေးငွေအချက်အလက်များ က ချေးငွေဆုံးဖြတ်ချက်များကို အချိန်နှင့် တစ်ပြေးညီချနိုင်ရန်၊ ဆုံးရှုံးနိုင်မှုများ ကာကွယ်ပေး နိုင်ရန်နှင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်မည်ဟု MMCB က သတင်းထုတ်ပြန်ထားသည်။
Credit: 7Daydaily