ခွင့်ပြုချက်မဲ့ဘဏ်ခွဲဖွင့်ထားမှုများ ကျပ်သိန်း (၂၀၀) အထိ ဒဏ်ရိုက်မည်

ခွင့်ပြုချက်မဲ့ဘဏ်ခွဲဖွင့်ထားမှုများ ကျပ်သိန်း (၂၀၀) အထိ ဒဏ်ရိုက်မည် - Property News in Myanmar from iMyanmarHouse.com
11 Dec 2018 11:18 am တွင် တင်ခဲ့သည်
661 ကြိမ် ကြည့်ရှု့ပြီး

ဗဟိုဘဏ်၏ ခွင့်ပြုချက်မရရှိဘဲ ပြည်တွင်းပုဂ္ဂလိကဘဏ်များ ဘဏ်ခွဲဖွင့်ထားမှုများကို တင်ပြခိုင်းထားပြီး ပိတ်သိမ်းလိုပါက ပိတ်သိမ်းရန်နှင့် ဆက်လက်ဖွင့်လှစ်လိုပါက ကျပ်သိန်း ၇၀ မှ ကျပ်သိန်း ၂၀၀ အထိ ဒဏ်ရိုက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားသည်။

ခွင့်ပြုချက်မဲ့ ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကဘဏ်ခွဲများအပေါ် မည်သို့အရေးယူမည်ကို ဒီဇင်ဘာလ ၁၀ ရက်နေ့က မြန်မာနိုင်ငံဘဏ်များအသင်း၌ ပြုလုပ်သည့် ခရစ်ဒစ်ဗျူရိုလုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် The Voice Daily ၏ မေးမြန်းမှုကို ၎င်းက ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

“အရင်ကတော့ ပြောတာပေါ့။ ဗဟိုဘဏ်က ရပါတယ်ကွာ။ ဒါမျိုးတွေ ပြောတယ်။ ကျွန်တော်တို့ အခုကတော့ မရဘူး။ စည်းကမ်းပိုရှိလာဖို့လိုတယ်။ ဆက်ဖွင့်မယ်ဆိုရင် တင်ပြ၊ သိန်း ၇၀ ဒဏ်ရိုက်မယ်။ ဒီဇင်ဘာကျော်ပြီး ၂၀၁၉ ဇန်နဝါရီလထဲ ရောက်သွားရင် သိန်း ၂၀၀ ရိုက်မယ်။ နောက်ဘဏ်တွေ ဒီလိုမလုပ်ရဲအောင်ပေါ့”ဟု ဦးစိုးသိန်းက ရှင်လင်းပြောကြားသည်။

ဘဏ်ခွဲတစ်ခု ဖွင့်လှစ်မည်ဆိုပါက ဗဟိုဘဏ်ထံ လျှောက်လွှာတင်ရပြီ မြေနှင့် အဆောက်အအုံများ ပြင်ဆင်ရကြောင်း အဆောက်အအုံပြီးစီး၍ ဝန်ထမ်းများခန့်အပ်ပြီးလျှင် ဗဟိုဘဏ် လာရောက်စစ်ဆေးသည့်နေရာတွင် ကြန့်ကြာမှုများရှိပြီး ခွင့်ပြုမိန့် ချက်ချင်း ကျမလာကြောင်း၊ ယင်းအခြေအနေတွင် ဘဏ်ခွဲဖွင့်လှစ်လိုက်ခြင်းကို ခွင့်ပြုချက်မဲ့ဟု တံဆိပ်တပ်လိုက်ခြင်းဖြစ်ကြောင်း ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေးအရာရှိ ဦးသန်းလွင်က ပြောဆိုသည်။

“ခွင့်ပြုချက်ဆိုတာ လူအများသိသလို စာမတင်ဘဲနဲ့ လုပ်တာမဟုတ်ဘူး။ ဘဏ်ခွဲဖွင့်တိုင်း ဗဟိုဘဏ်က သိပြီးသား။ အသိပေးပြီးသား။ သူတို့ဘက်ကလည်း ခွင့်ပြုမိန့်ပေးဖို့ ကြာနေတော့ ဒီဘက်က ဘဏ်ကလည်း အဆင်သင့်ဖြစ်နေတော့ဖွင့်လိုက်တာ”ဟု ၎င်းက ရှင်းပြသည်။

ယခင်က ခွင့်ပြုပြီးသည့်ကိစ္စများကို ဗဟိုဘဏ်က ပြန်လည်ကိုင်တွယ်ခြင်းမှာ မဖြစ်သင့်ဘဲ ဒဏ်ကြေးပေးဆောင်ရမည့်အစား အခြားသော ညှိနှိုင်းဆောင်ရွက်မှုများဖြင့် ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံဘဏ်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဘဏ်တွေက ဗဟိုဘဏ်ကို ကိုယ့်ရဲ့အမိအဖ နေရာထားတာ။ မထီမဲ့မြင်လုပ်တာ မဟုတ်ပါဘူး။ နှစ်ဖက်လိုအပ်ချက်တွေ ရှိလို့ ဒီလိုမျိုးဖြစ်ခဲ့တာကို ဒဏ်ကြေးတွေနဲ့ ဆုံးဖြတ်တာ မမှန်ဘူးလို့ ထင်တယ်”ဟု ၎င်းကဆိုသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service