ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
မြန်မာနိုင်ငံနံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝက်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှကြီးမှူး၍ Lamin Luxury ကွန်ဒိုအရောင်းပြပွဲကို ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့နှင့် (၂) ရက်နေ့များတွင် မနက် (၉) နာရီမှ ညနေ (၅) နာရီအထိ အဆိုပါကွန်ဒိုဆောက်လုပ်ထားသည့် အမှတ် ၁၀ ၊ ကန်လမ်း ၊ လှိုင်မြို့နယ်တွင်အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။
အဆိုပါပြပွဲ (၂) ရက်အတွင်း Lamin Luxury ကွန်ဒိုကို ဝယ်ယူသူများအတွက် ၂၀% Discount အထိ အထူးဈေးဖြင့် ရောင်းချခဲ့ရာ ကျပ်ငွေ (၃) ဘီလီယံနီးပါးတန်ဖိုးရှိသော ကွန်ဒိုအခန်းများ ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။
“ ဒီအရောင်းပြပွဲမှာ လှိုင်မြို့နယ် ၊ ကန်လမ်းမှာရှိတဲ့ အသင့်တည်ဆောက်ပြီး ကွန်ဒိုအခန်းတွေကို ရောင်းချပေးတာပါ။ အများဆုံး ၂၀% အထိ Discount ပေးပြီး ရောင်းချပေးခဲ့ပါတယ်။ KBZ Bank က အိမ်ရာချေးငွေနဲ့ပါ တွဲပြီး ရောင်းချပေးခဲ့ပါတယ်။ ကိုယ်တိုင်နေချင်သူတွေအတွက် Privacy ရှိရှိ အရည်အသွေးကောင်းကောင်း တည်ဆောက်ထားတဲ့ကွန်ဒိုဖြစ်ပါတယ်။ အထပ်မြင့်တွေဆို အင်းယားကန် View မြင်ရတယ်။ Facility အားဖြင့် ရေကူးကန် ၊ အားကစားခန်းမ ၊ ဓာတ်လှေကား ၊ ကားပါကင် တို့ပါဝင်ပါတယ်။ မာစတာ အိပ်ခန်း (၃) ခန်း ၊ ဧည့်ခန်း ၊ ထမင်းစားခန်း ၊ အိမ်အကူခန်း စသဖြင့် သီးသန့်ပါဝင်တော့ မိသားစုနေထိုင်ဖို့ အလွန်သင့်တော်ပါတယ်။ အနီးအနားမှာဆိုရင်လည်း Lotte ဟော်တယ်၊ ကန်သာယာဆေးရုံ၊ သုခကမ္ဘာဆေးရုံ၊ အင်းယားကန်၊ ခြောက်မိုင်ခွဲ မားကက်ပလေ့စ်၊ လှည်းတန်းစင်တာ၊ စံရိပ်ငြိမ် ဂမုန်းပွင့်၊ ရန်ကုန်တက္ကသိုလ် စတာတွေတည်ရှိတဲ့အတွက် အချက်အခြာကြတဲ့နေရာမှာ တည်ရှိပါတယ်။" ဟု အရောင်းပြပွဲကို စီစဉ်ကျင်းပခဲ့သည့် iMyanmarHouse.com ၏ Managing Director ဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားခဲ့သည်။
" ဒီကွန်ဒိုကတော့ ဈေးကွက်ထဲမှာ ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းကနေ ပထမဆုံးအရောင်းပွဲအနေနဲ့ ဈေးကွက်ထိုးဖောက်ပေးခဲ့တာပါ။ ဈေးကွက်ဖော်ဆောင်ရေး နည်းဗျူဟာပေါင်းစုံ အသုံးချပြီး ပထမဆုံး အရောင်းပွဲမှာတင် ရောင်းအားကောင်းခဲ့တဲ့အတွက် အထူးဂုဏ်ယူမိပါတယ်။ အိမ်ခြံမြေဈေးကွက် အေးနေတယ်ဆိုပေမယ့်လည်း ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းက ရောင်းချပေးတဲ့ စီမံကိန်းအားလုံးနီးပါး အရောင်းသွက်တာကို တွေ့ရပါတယ်။ ကျွန်တော်တို့က စီမံကိန်းကို တာဝန်ယူ ရောင်းချတော့မယ်ဆိုရင် ရောင်းချသူရော၊ ဝယ်သူများပါ နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် စီစဉ်ဆောင်ရွက်ပေးပါတယ်။ ဝယ်ယူသူ မိဘပြည်သူတွေကလည်း ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းအပေါ် ယုံကြည်ကြတဲ့အတွက်လည်း ကျွန်တော်တို့ ဘယ်စီမံကိန်းတွေ ရောင်းနေလည်းဆိုတာ အမြဲစောင့်ကြည့်ပြီး အားပေးကြပါတယ်။ အိမ်ခြံမြေလောကမှာ ယုံကြည်မှုဆိုတာ အရမ်းအရေးကြီးပါတယ်။ ဝယ်ယူသူတွေရဲ့  ယုံကြည်မှုရှိမှသာလျှင် စီမံကိန်းတစ်ခုဟာ အရောင်းသွက်ပါတယ်။ အခုဆိုရင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ကလော၊ စစ်တွေ၊ ပုသိမ်၊ ချောင်းသာ၊ ငွေဆောင် အစရှိတဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ရာစီမံကိန်းများက အိမ်ခြံမြေတွေကို ကျွန်တော်တို့ ရောင်းချပေးနေပါတယ်။ ကျွန်တော်တို့ကို တခဲနက်အားပေးတဲ့ အများပြည်သူ ပရိတ်သတ်ကြီးကိုလည်း အထူးကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အိမ်ခြံမြေလုပ်ငန်းဆောင်တာများကို အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆောင်ရွက်နေပါတယ်။ စီမံကိန်းတွေမှာရှိတဲ့ တန်ဖိုးနည်းတိုက်ခန်း၊ တန်ဖိုးလတ်တိုက်ခန်း၊ မြေကွက်၊ လုံးချင်းအိမ်တွေကအစ နိုင်ငံတကာအဆင့်မှီ တန်ဖိုးကြီး ကွန်ဒိုတွေကိုပါ ရောင်းချပေးနေပါတယ်။ KBZ ဘဏ်၊ AYA ဘဏ်၊ YOMA ဘဏ်၊ CB ဘဏ် အစရှိတဲ့ မြန်မာနိုင်ငံက အကြီးဆုံးဘဏ်တွေနဲ့ပါ လက်တွဲပြီး အများပြည်သူတွေ အိမ်ရာချေးငွေနဲ့ အလွယ်တကူဝယ်ယူနိုင်အောင်လို့ ဆောင်ရွက်ပေးနေပါတယ်။ အခုဆိုရင် အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ဝဘ်ဆိုက်ကို လစဉ်ဝင်ရောက် ကြည့်ရှု့ မှုပေါင်း (၁.၈) သန်းကျော် ရှိပါတယ်။ ကျွန်တော်တို့ ဝဘ်ဆိုက်ကို မြန်မာပြည်တွင်းသာမက ပြည်ပရောက်နေတဲ့ မြန်မာတွေကပါ ဝင်ရောက်အသုံးပြုပြီး အိမ်ခြံမြေတွေ ရှာဖွေနေကြပါတယ်။ ကျွန်တော်တို့နဲ့ လက်တွဲပြီး အိမ်ခြံမြေကြော်ငြာတွေကို တင်နေတဲ့ အကျိုးဆောင်လုပ်ငန်းပေါင်း (၂၂၀၀) ကျော် ရှိပါတယ်။ ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၅၀၀) ကျော်ရှိပါတယ်။ ကျွန်တော်တို့နဲ့ လက်တွဲလုပ်ချင်တဲ့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းများအားလုံးကို ကြိုဆိုပါတယ် ” ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားသွားခဲ့သည်။
ပြပွဲရက်အတွင်း မဝယ်ဖြစ်သည့် customer များအနေဖြင့် ကန်လမ်းရှိ Lamin Luxury ကွန်ဒိုတွင်သော်လည်းကောင်း၊ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ရုံးခန်း သို့သော်လည်းကောင်း၊ 09455294841, 09455294842, 09455294843 ဖုန်းနံပါတ်များသို့သော်လည်းကောင်း ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ကြောင်း သတင်းရရှိသည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)