ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
တစ်နိုင်ငံလုံးတွင် ခွင့်ပြုထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧကနှစ်သန်းသုံးသိန်းအနက် အမှန်တကယ်စိုက် ပျိုးလုပ်ကိုင်မှုမရှိသော ဧက တစ်သန်းကျော် ပြန်လည်သိမ်း ယူထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ပြောသည်။
ယင်းမြေများပေါ်တွင် သတ်မှတ်ကာလ လေးနှစ်ပြည့်ချိန်အထိ မြေပြင်၌ အမှန်တကယ် စိုက် ပျိုးမှုမရှိသော ဧရိယာများကို ခွင့်ပြုမိန့် ပြန်လည်ရုပ်သိမ်းရန်နှင့် လုပ်ကိုင်သည့်ဧရိယာများကို ခွင့်ပြုမိန့်အသစ်ထုတ်ပေးရန် အထူးအဖွဲ့များဖွဲ့စည်းပြီး စိစစ်ဆောင် ရွက်ခဲ့သည်ဟု ၎င်းက ရှင်းပြ သည်။
ဆက်လက်၍ ကျန်ရှိနေသေးသည့်တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် စိုက်ပျိုးလုပ်ကိုင်ခြင်း မရှိ သောဧရိယာများကို စိစစ်ဆောင်ရွက်နေကြောင်းဒုဝန်ကြီးက ပြောသည်။
ဒီဇင်ဘာ ၇ ရက်က လယ်ဝေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးမျိုးဇော် ဦးက နိုင်ငံတစ်ဝန်းတွင် နှစ် ၃၀ အငှားဖြင့် ချထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းအရေအတွက်၊ အမှန်တကယ်စိုက်ပျိုးခြင်းမရှိဘဲ မြေယာလက်ဦးမှုအနေဖြင့် ရယူထားသော ဥပဒေပြဋ္ဌာန်းချက်နှင့် အညီ ပြန်လည်သိမ်းယူခဲ့သော ဧကအရေအတွက်နှင့် သိမ်းယူထားသည့် မြေဧကများကို ဒေသခံ များနှင့် မြေယာမဲ့များအတွက် မည်သို့ ခွဲဝေပေးမည်ဟူသည့်မေး ခွန်းကို မေးမြန်းခဲ့သည်။
‘‘မြေယာတွေကို အငှားချ ပေးထားတဲ့နေရာမှာ ဒေသခံပြည် သူများနဲ့ မြေယာမဲ့တောင်သူတွေ ကို ဦးစားပေးချထားခြင်းမရှိဘဲ လူပုဂ္ဂိုလ်တချို့နဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးများကိုသာ လုပ်ကိုင်ခွင့်များ ချပေးတာကို တွေ့ရှိရပါတယ်’’ဟု ဦးမျိုးဇော်ဦးက ပြောသည်။
လက်ဦးရယူထားသည့် မြေယာများပေါ်တွင်လည်း လေးနှစ်ကျော်သည်အထိ အမှန်တကယ်စိုက်ပျိုးထားခြင်းမရှိပါက ပြန်လည်သိမ်းယူ၍ နိုင်ငံတစ်ဝန်းလုံးတွင် ရှိသည့်ဒေသခံများနှင့် မြေ ယာမဲ့တောင်သူများကို ဥပဒေနှင့် အညီ ပြန်လည်ခွဲဝေပေးရန် ၎င်းက တိုက်တွန်းခဲ့သည်။ ပြန်လည် သိမ်းယူပြီးသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ဒေသခံ ပြည်သူများ ရယူလုပ်ကိုင်ရန်နှင့် မြေမဲ့၊ ယာမဲ့များကို ခွဲဝေချပေးမည်ဆိုပါက စိစစ်ခွင့်ပြုပေးမည် ဖြစ်ကြောင်း ဦးလှကျော်က ဆိုသည်။
‘‘မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အသုံးပြုမှုအားလုံးကို ဥပဒေနှင့်အညီဖြစ်စေရေး ဆောင်ရွက်နေပါတယ်’’ဟု ၎င်းက ပြောသည်။
၂၀၁၈ တွင် ပြင်ဆင်ထားသည့်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရ စိုက်ပျိုးရေးလုပ်ငန်းဆိုလျှင် ဧက ၃၀၀ အထိ၊ မွေးမြူရေးလုပ်ငန်း ဆိုလျှင် ဧက ၅၀ အထိ တိုင်းဒေ သကြီး၊ ပြည်နယ်တွင် လျှောက်ထားနိုင်သည်။ ယင်းပမာဏထက် ပိုမှသာ ဗဟိုကော်မတီသို့ တင်ရ မည်ဖြစ်ကြောင်း ဦးလှကျော်က ပြောသည်။
Credit: 7Daydaily