ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
နိုင်ငံခြားဘဏ်ခွဲများ ထပ်မံခွင့်ပြုရာတွင် နှစ်နိုင်ငံစီးပွားရေး၊ နိုင်ငံရေးဆက်ဆံမှုများ သည့် နိုင်ငံများမှ ဘဏ်များကို ဦးစားပေးအခွင့်အရေးပေးရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဗဟို ဘဏ်ဒုတိယဥက္ကဋ္ဌဦးစိုးသိန်းက ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၁၄ က စတင်ပြီး နိုင်ငံခြားဘဏ်ခွဲ ကိုးခုကို စတင်ခွင့်ပြုပြီးနောက် နိုင်ငံ ခြားဘဏ်ခွဲလေးခုကို ထပ်မံခွင့်ပြုခဲ့ရာ လက်ရှိ၌ ဘဏ် ၁၃ ခုအထိ ရှိကြောင်း ၎င်းကပြောသည်။
‘‘ပြောရရင်တော့ ပြည့်စုံတဲ့ အနေအထားမှာတော့ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကပြန် ကြည့်ရင် တချို့ဘက်မှာမျှတမှု မရှိသေးဘူး’’ ဟု ဦးစိုးသိန်းက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ဂျပန်နိုင်ငံမှ ဘဏ်ခွဲသုံးခု၊စင်ကာပူနိုင်ငံမှ ဘဏ်ခွဲနှစ်ခု၊ တရုတ်နိုင် ငံမှ ဘဏ်ခွဲတစ်ခုနှင့် ထိုင်းနိုင်ငံမှ ဘဏ်ခွဲတစ်ခုသာ ခွင့်ပြုထားကြောင်း ဦးစိုးသိန်းက ပြောကြားသည်။
နိုင်ငံခြားဘဏ်ခွဲများကို ပြည်တွင်း၌ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်ခွင့်ပြုပါက ပြည်တွင်းစီးပွားရေး အထောက်အကူများ စွာဖြစ်လာမည်ဟု ပြည်တွင်း ပုဂ္ဂလိကဘဏ်တစ်ခုမှ အကြီးတန်းဘဏ်အရာရှိတစ်ဦးက ပြောသည်။
လက်ရှိတွင် ဗဟိုဘဏ်က နိုင်ငံခြားဘဏ်ခွဲများကို ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ အား ငွေချေးခွင့်ပြုထားသည်။ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ နိုင်ငံခြားငွေအရင်းအနှီးရရှိ စေရန် ရည်ရွယ်ပြီးနိုင်ငံခြားဘဏ်ခွဲများကို ငွေချေးခွင့်ပြုထားသည်။
၂၀၁၉ တွင် နိုင်ငံခြားဘဏ်ခွဲများကို ထပ်မံခွင့်ပြုရန်ရှိပြီး ရန်ကုန်မြို့၌သာဘဏ်ခွဲများ ဖွင့် လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း ဦးစိုးသိန်းက ပြောသည်။
နိုင်ငံခြားဘဏ်ခွဲများကို ဖွင့်လှစ်ခွင့်ပြုခြင်းသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များကို ဘဏ် ၀န်ဆောင်မှုပေးရန်နှင့် နိုင်ငံစီးပွားရေးတိုးတက်ရန် ရည်ရွယ်ကြောင်း နိုဝင်ဘာ ၁၄ ရက်က ရန်ကုန်ရှိဗဟိုဘဏ်ရုံးခွဲ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဦးဘိုဘိုငယ်က ပြောကြားထားသည်။
Credit: 7Daydaily