ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ဆော်ဒီမင်းသားတစ်ပါးက အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ penthouse ခန်းတစ်ခန်းကို ဝယ်ယူရန် စိတ်ဝင်စားနေကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဆော်ဒီတော်ဝင်မိသားစုဝင် မင်းသား မီတက် ဘင် အဗ္ဗဒူလာသည် နယူးယောက်မြို့ နဝမရိပ်သာလမ်း၊ အမှတ် ၆၆ ရှိ Porter House အဆောက်အအုံကြီးတွင် တည်ရှိသော ကန်ဒေါ်လာ ၂၉ သန်းတန် penthouse ခန်းကို ဝယ်ယူရန် စိတ်ဝင်စားနေခြင်း ဖြစ်သည်။
နယူးယောက်အခြေစိုက် အိမ်တွင်း ဒီဇိုင်းကုမ္ပဏီ Paris Forino က ဒီဇိုင်းထုတ်အလှဆင်ပေးထားသော အဆိုပါအခန်းကို Compass အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် ဂျက်ဆီကာ ရိန်းစ်က ဆော်ဒီမင်းသားကို ပြသခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အကျယ်အဝန်း ၅၄၄၄ စတုရန်းပေရှိပြီး ၆ လွှာတစ်ခုလုံးကို ဖြန့်ကျက်တည်ရှိသည်။
အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၆ ခန်းပါဝင်ကာ မြေယာအလှမွမ်းမံထားသော သီးသန့်လသာဆောင်တစ်ခု ပါဝင်သည်။
အဆောက်အအုံကြီးမှာ မူလက ဂိုဒေါင်ကြီးဖြစ်ပြီး ၁၉၀၅ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
Porter House အဆောက်အအုံကြီးတွင် အမေရိကန်ရုပ်ရှင်မင်းသမီး အိုလီဗီယာ ဝိုင်းနှင့် ခင်ပွန်း အမေရိကန်သရုပ်ဆောင် ဂျေဆင် ဆူဒိုင်ကစ်စ်တို့ နေထိုင်ခဲ့ကြဖူးသည်။
အိုလီဗီယာဝိုင်းက အဆိုပါအဆောက်အအုံကြီးရှိ အိပ်ခန်း ၂ ခန်းပါ လူနေခန်းကို ၂၀၁၅ ခုနှစ်တွင် ကန်ဒေါ်လာ ၃ ဒသမ ၈ သန်းဖြင့် ပြန်လည်ရောင်းချသွားခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)