ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
တရုတ်ပြည်တွင် အိမ်ခြံမြေရောင်းအားကျဆင်းနေသောကြောင့် ကွန်ဒိုခန်းများရောင်းချရာတွင် အဝတ်အစားမဲ့ မိန်းကလေးများဖြင့် ရောင်းချစေကာ အာရုံစိုက်မှုရရန်ကြိုးပမ်းလာလျက်ရှိသည်။
အိမ်ခြံမြေဈေးကွက်ဆိုးရွားစွာကျဆင်းလျက်ရှိသည့်အတွက် developer တို့က ထိရောက်မည့် အရောင်းမြှင့်တင်ရေး မဟာဗျူဟာသစ်များ ရှာဖွေလာနေရသောကာလလည်း ဖြစ်သည်။
ကွမ်ရှီးပြည်နယ်၏မြို့တော် နန်နင်းတွင်မူ တိုက်ခန်းသစ်များကို ရောင်းချရာတွင် bare-backed models များကို အသုံးပြုခဲ့သည့် ကုမ္ပဏီရုံးများကို အာဏာပိုင်တို့က ပိတ်သိမ်းစေခဲ့သည်။
နန်နင်းမြို့ အမျိုးသမီးရေးရာအဖွဲ့ချုပ်က တိုင်တန်းမှုများကြောင့် အဆိုပါအရောင်းမြှင့်တင်ပုံ ရပ်ဆိုင်းလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။
သို့ရာတွင် ကုမ္ပဏီ၏ အရောင်းမြှင့်တင်ရေးကြွေးကြော်သံဖြစ်သော “နန်နင်းတစ်မြို့လုံးသိသည်”ဟူသည့်စကားမှာ အလွန်အောင်မြင်သွားကြောင့် ကုမ္ပဏီ၏ အရောင်းဝန်ထမ်းတစ်ဦးက ပြောကြားသည်။
နန်နင်းမြို့၌ ထိုသို့ အရောင်းမြှင့်တင်မှုများ မပြုလုပ်မီရက်အနည်းငယ်အလိုကလည်း ကွမ်တုံပြည်နယ်၊ ဟွေ့ကျိုးမြို့ရှိ အိမ်ခြံမြေကုမ္ပဏီတစ်ခုသည် အလားတူ အရောင်းမြှင့်တင်မှုမျိုး ပြုလုပ်ခဲ့သည်။
ဟွေ့ကျိုးနှင့် နန်နင်းတို့မှ အိမ်ခြံမြေကုမ္ပဏီများသည် အလွန်ကျဆင်းနေသော အိမ်ခြံမြေဈေးကွက်တွင် ၎င်းတို့၏ လူနေခန်းများကို ဈေးကွက်တင်ရာ၌ မသင့်လျော်သည့် ချဉ်းကပ်ပုံမျိုးအသုံးပြုလာကြရလျက်ရှိသော်လည်း ယခုဖြစ်ရပ်များမှာ ပထမဆုံး ဖြစ်ရပ်ကား မဟုတ်သေးချေ။
မကြာသေးမီရက်ပိုင်းကလည်း ဟိုင်နန်ကျွန်းရှိ ဈေးဝယ်စင်တာတစ်ခုတွင် စင်တာ၏ ၁၂ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပရန်အတွက် ဝတ်လစ်စလစ်ဖြင့် ၁၀ မိနစ်ခန့် နေထိုင်ပေးမည့် ဝန်ထမ်းမိန်းကလေးများကို ယွမ်ငွေ ၁၀၀၀၀ (ကန်ဒေါ်လာ ၁၅၀၀ ဝန်းကျင်) ဆုချီးမြှင့်မည်ဟု ကြေညာခဲ့ဖူးသည်။
ဈေးဝယ်စင်တာ၏ မျက်နှာစာတွင် ဆိုင်းဘုတ်ချိတ်ဆွဲကာ ကြော်ငြာခဲ့ခြင်းဖြစ်ပြီး တရုတ်လူမှုကွန်ရက်အသုံးပြုသူများအကြား အပြင်းအထန် ဝေဖန်ခဲ့ကြသည်။
ဒေသတွင်း အာဏာပိုင်တို့က အဆိုပါဈေးဝယ်စင်တာကို ယွမ် ၉၀၀ (ကန်ဒေါ်လာ ၁၃၀ )ဒဏ်ငွေ ချမှတ်ခဲ့သည်ဟု ဆိုသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)