ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ပြည်တွင်းငွေကြေးဈေးကွက်တွင် ကန်ဒေါ်လာတန်ဖိုး တစ်ရက်အတွင်း တစ်ဒေါ်လာ လျှင်ကျပ် ၂၀ ကျပြီး ဒီဇင်ဘာ ၃ ရက်ညနေတွင် တစ်ဒေါ်လာ ၁,၅၄၅ ကျပ်ခန့်သို့ ရောက်ရှိလာ သည်။
ယင်းသို့ ကန်ဒေါ်လာတန်ဖိုးကျဆင်းရခြင်းသည် စက်သုံးဆီသမားများ ဆီတင်သွင်းမှုနှေး ခြင်းကြောင့်ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။
ပြည်ပမှ စက်သုံးဆီတင်သွင်းနေသည့်လုပ်ငန်းရှင်အချို့ က နိုင်ငံတကာရေနံဈေးဆက် တိုက်ကျဆင်းလာ၍ စောင့်ကြည့်နေပြီး တင်သွင်းမှုလျှော့ချမှုများရှိခြင်းကြောင့် ကန်ဒေါ်လာ အသုံးနည်းကာ ဈေးကျဆင်းခြင်း ဖြစ်နိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။
မြန်မာနိုင်ငံသည် ပြည်ပမှ စက်သုံးဆီတင်သွင်းမှု တစ်လလျှင် ကန်ဒေါ်လာသန်း ၄၀၀ ခန့်သုံးစွဲနေရသည်။
ထို့အပြင် အမေရိကန်နှင့် တရုတ်စီးပွားရေးစစ်ပွဲ ခေတ္တဆိုင်းငံ့ခြင်းကြောင့် နိုင်ငံတကာငွေကြေးဈေးကွက်တွင် ဒေါ်လာတန်ဖိုးကျဆင်းပြီး သက်ဆိုင်ရာ နိုင်ငံများ၏ ငွေကြေးများအနည်း ငယ်တန်ဖိုးမြင့်လာကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဗဟိုအလုပ်အမှုဆောင်ဦးမျိုးသူရ အေးက ပြောသည်။
ပြည်တွင်း ဈေးကွက်တွင် ဒီဇင်ဘာ ၃ ရက်နံနက်ဈေးဖွင့်ချိန် တွင် တစ်ဒေါ်လာ ၁,၅၆၅ ကျပ်မှ ညနေဈေးကွက်ပိတ်ချိန်တွင် တစ် ဒေါ်လာ ၁,၅၄၅ ကျပ်သို့ကျဆင်း ခြင်းဖြစ်သည်ဟု ငွေလဲဝန်ဆောင် မှုလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦး က ပြောသည်။
Credit: 7Daydaily