ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ကယားပြည်နယ်တွင် နိုင်ငံတော်သမ္မတ အဆင့်အထိ တည်းခိုနိုင်သည့် ဟိုတယ်အပါအ၀င် ဟိုတယ်ဆယ်လုံးတိုးချဲ့ တည်ဆောက်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာန လွိုင်ကော်ရုံးတာဝန်ခံ ဦးလင်းဇော်ထွဋ်က ပြောသည်။
ကယားပြည်နယ် လွိုင်ကော် မြို့တွင် လက်ရှိအချိန်အထိ ဟို တယ် ၂၃ လုံးသာရှိသေးကြောင်း သိရသည်။
ဦးလင်းဇော်ထွဋ်က "ကယား က ခရီးသွားအရမ်းတိုးတယ်။ ပြီး ခဲ့တဲ့သီတင်းကျွတ်၊ တန်ဆောင် တိုင်ပိတ်ရက်မှာ ဆက်ပြီးလာကြ တယ်။ ဘာဖြစ်လို့လဲဆိုတော့ သီ တင်းကျွတ်ဆိုရင် အင်းလေးဖောင် တော်ဦးရှိတယ်။ အဲဒါပြီးရင် ကျွန်တော်တို့ ပြည်နယ်ကိုဆင်းလာ တယ်။ တန်ဆောင်တိုင်ဆိုရင်လည်း တောင်ကြီးမီးပုံးပျံပွဲပြီးရင် ကယားကို ဆက်လာကြတယ်။ ဒီမှာပြည် တွင်းခရီးသွားက တစ်ခါတလေ ဒီလောက်ဟိုတယ်တွေ၊ တည်းခို ခန်းတွေများတာတောင် ပြည်တွင်း ခရီးသွားတွေတည်းဖို့ခိုဖို့တောင် နေရာမရှိဘူး။ အခုလွိုင်ကော်မှာ ဟိုတယ်ဆယ်လုံးအထက်ဆောက် နေတယ်။ အဲဒီမှာနိုင်ငံတော်သမ္မတ အဆင့်အထိတည်းနိုင်တဲ့ဟိုတယ် ၁၁ ထပ်အပါအ၀င် တည်ဆောက်နေပါတယ် " ဟု ပြောသည်။
ကယားပြည်နယ်တွင် ဟိုတယ်များကို လွိုင်ကော်မြို့အပြင် အခြားမြို့များဖြစ်သည့် ဒီမော့ဆို၊ ဖား ဆောင်း၊ မယ်စဲ့မြို့များတွင်လည်း တိုးချဲ့တည်ဆောက်ရန် လိုအပ်ကြောင်း သိရသည်။
ဦးဇော်လင်းထွဋ်က "ဒီမော့ ဆိုမြို့ကလည်း ခရီးသွားမြို့ဖြစ် လာနိုင်တဲ့ အလားအလာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ငွေ တောင်ဆည်ရှိတယ်။ နောက် ဒီမော့ ဆိုကနေဖြတ်ဆင်းလိုက်တာနဲ့ တောင်ငူကို မိုင် ၁၂၀ ပဲမောင်းရ တယ်။ အခုဆိုရင်ရန်ကုန်ကလာ တဲ့သူတွေက တောင်ငူလမ်းကပဲ တက်လာကြတယ်။ ဒီမော့ဆိုမှာ လည်း ဟိုတယ်တွေဖြစ်သင့်ပါ တယ်။ အခုနှစ်ပြည်တွင်းခရီးသွား ၀င်ရောက်မှုက ငါးသောင်းကျော် နေပြီ။ ဒီနှစ်ပြည်တွင်းခရီးသွားတစ် သိန်းဝင်ရောက်မယ်မှန်းထားတယ်။နိုင်ငံခြားသား နှစ်သောင်းလောက် ၀င်မယ်လို့ခန့်မှန်းထားပါတယ် "ဟု ဆက်လက်ပြောသည်။
ကယားပြည်နယ်တွင် ပြည် တွင်းခရီးသွားဝင်ရောက်မှုမှာ ၂၀၁၄ ခုနှစ်တွင် ပြည်တွင်းခရီး သွား တစ်သောင်းခွဲ၊ နိုင်ငံခြား သား ၂၀၀၀ ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ် တွင်း သုံးသောင်းလေးထောင် နိုင်ငံခြားသား ကိုးထောင်ရှိခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန လွိုင်ကော်ရုံးခွဲမှသိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း ဒီမော့ဆိုမြို့နယ် ငွေတောင်ကျေး ရွာအုပ်စု ငွေတောင်ဆည်အနီး တွင် ဟိုတယ်တည်ဆောက်၍ ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းဝန်ဆောင်မှုပေးလိုသည့် ပြည်တွင်း ကုမ္ပဏီတစ်ခုက ပြည်နယ်အစိုးရ အဖွဲ့သို့ လာရောက်တင်ပြသွား ကြောင်း သိရသည်။
ဟိုတယ်နှင့်ခရီးသွားညွှန်ကြား မှုဦးစီးဌာနမှ နိုဝင်ဘာ ၃၁ ရက် အထိခွင့်ပြုပေးထားသောလုပ်ငန်း လိုင်စင်များတွင်မြန်မာတစ်နိုင်ငံ လုံးရှိ ဟိုတယ် ၁၇၀၃၊ အခန်း ၆၈၁၆၇၊ ခရီးသွားလုပ်ငန်းလိုင် စင် ၂၇၁၂ ခု၊ ပို့ဆောင်ရေးလုပ်ငန်း လိုင်စင် ၂၅၅၂ ခု၊ ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင် ၄၄၀၇၊ ဒေသဆိုင် ရာဧည့်လမ်းညွှန်လုပ်ငန်းလိုက်စင် ၃၈၁၁ ခုကို ခွင့်ပြုပေးထား ကြောင်း သိရသည်။
Credit: Yangon Media Group