ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
အမျိုးသားအိမ်ရာဖွံ့ဖြိုးရေးဥပဒေကို ယခုအစိုးရသစ်လက်ထက်တွင် အသစ်ပြန်လည်ရေးဆွဲနေပြီး ကန်ထရိုက်တိုက်ခန်းပိုင်ရှင်များကိုပါ Owner Book ထုတ်ပေးမည့်အချက် ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။
ယခင်က ရေးဆွဲခဲ့သည့် အမျိုးသားအိမ်ရာဖွံ့ဖြိုးရေးဥပဒေမှာ ရှေ့နေချုပ်ရုံးသို့ ရောက်ရှိပြီးဖြစ်သော်လည်း ပြင်ဆင်ဖြည့်စွက်ရန် အချက်အလက်များ ကျန်ရှိနေသောကြောင့် အသစ်ပြန်လည်ရေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လွန်ခဲ့သည့် (၁၉၉၀)ပြည့်နှစ်များက ပုဂ္ဂလိကဆောက်လုပ်ထားသည့် အိမ်ရာများ၊ အစိုးရမှတည်ဆောက်ထားသည့် အိမ်ရာများအတွက် အထိုက်အလျောက်ကျဆင်းလာသည့် ကြံခိုင်မှုအတွက် မည်သို့ဆက်လက် ထိန်းသိမ်းရမည်များကိုပါ အဆိုပါ အမျိုးသားအိမ်ရာဖွံ့ဖြိုးရေးဥပဒေတွင် ထည့်သွင်းရေးဆွဲနေပြီး ထိုဥပဒေထွက်ပေါ်လာပါက ဝန်ကြီးဌာနအနေဖြင့် ကိုယ်တိုင်အိမ်ရာတည်ဆောက်ခြင်းထက် အိမ်ရာတည်ဆောက်သူများအား မည်သို့ပံ့ပိုးမည်ဆိုသည့်ကဏ္ဍကို ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Credit: အကျိုးဆောင်ဂျာနယ်