ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ကိုရီးယား-မြန်မာချစ်ကြည်ရေး ( ဒလတံတား ) တည်ဆောက်ရေး မြေနေရာဧရိယာအတွင်း မြေသန့်မင်္ဂလာ အခမ်းအနားကို ဒီဇင်ဘာ ၁ရက်က ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားအား ဒလမြို့နယ်ရှိ မဟာသုမန ရာမကျောင်းတိုက်မှ ဆရာတော် ဦးဆောင်ကာ လွှတ်တော်ကိုယ်စားလှယ်များ ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများ ရွှေတောင်ဆောက်လုပ်ရေးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပန္နက်တင်အခမ်းအနားကို ဒီဇင်ဘာ ၁ရက်တွင် ကျင်းပရန် နှစ်နိုင်ငံသဘောတူထားသော်လည်း ကိုရီးယားနိုင်ငံဘက်မှ အဆင်သင့် မဖြစ်သေး၍ ဒီဇင်ဘာ ၂၃ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းရင်က ပြောသည်။
ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ရန်ကုန်- ဒလ တံတားတည်ဆောက်ရေး စီမံကိန်းနှင့် ပတ်သက်ပြီး ပင် မတံတား၏ခန်းဖွင့်အကျယ် ၃၂၀ မီတာမှ ၃၇၀ မီတာသို့ ပြင်ဆင်ပြောင်းလဲရသည့်အတွက် ထပ်မံလိုအပ်သည့် အမေရိကန်ဒေါ်လာသန်း၂၀ချေးယူရရှိနိင်ရေးကိစ္စအပေါ် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးနေစဉ်ကာလဖြစ်သည်။
အဆိုပါ ကာလအတွင်း တံတားတည် ဆောက်ရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမကုန်မီ ဆောင်ရွက်၍ရသည့် တည်ဆောက်ရေးလုပ်ငန်းများကို စတင်အကောင်အထည်ဖော်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
Credit: The Myanmar Times