ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
တရုတ်ပြည်တွင် ယခုနှစ် ၁၀ လအတွင်း ဆောက်လုပ်ရေးပစ္စည်း ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးခဲ့ပြီး အမြတ်အစွန်းရရှိမှုလည်း မြင့်တက်နေကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြသည်။အဓိက ဆောက်လုပ်ရေးပစ္စည်းများ အားလုံး၏ ထုတ်ကုန်ပမာဏ မြင့်တက်ခဲ့သည် ။
ဘိလပ်မြေနှင့် မှန် ထုတ်လုပ်မှုပမာဏမှာ ၂ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၁ ဒသမ ၃ ရာခိုင်နှုန်းအသီးသီး တိုးတက်ခဲ့ကြောင်း တရုတ်အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) ၏ အချက်အလက်များတွင် ဖော်ပြသည်။
ရောင်းလိုအား ပိုလျှံမှုအခြေအနေနှင့် အမြဲရင်ဆိုင်ရလေ့ရှိသော ဘိလပ်မြေနှင့် မှန်သည် ယခုနှစ်အတွင်း အမြတ်အစွန်းများ ပိုမိုရရှိလာခဲ့ကြသည်။
ဘိလပ်မြေလုပ်ငန်းမှ အမြတ်အစွန်းမှာ ၁၂၃ ဒသမ ၁ ရာခိုင်နှုန်းအထိ မြင့်မားခဲ့ပြီး မှန်ထုတ်လုပ်မှု အမြတ်အစွန်းမှာ နှစ်အလိုက် နှိုင်းယှဉ်လျှင် ၄၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ယခုနှစ် ၁၀ လတာအတွင်း အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု တိုးတက်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဘိလပ်မြေနှင့် မှန်များ အမြတ်အစွန်း များပြားလာခြင်းလည်း ဖြစ်သည်။
တရုတ် အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမှာ နှစ်အလိုက်နှိုင်းယှဉ်လျှင် ယခုနှစ် ၁၀ လတာကာလအတွင်း ၉ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း အမျိုးသား စာရင်းအင်းဗျူရို၏ အချက်အလက်များအရ သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)