Eco Green City ကို လာမည့်ဖေဖော်ဝါရီတွင် စတင်ရန် မျှော်မှန်း

Eco Green City ကို လာမည့်ဖေဖော်ဝါရီတွင် စတင်ရန် မျှော်မှန်း - Property News in Myanmar from iMyanmarHouse.com
29 Nov 2018 10:18 am တွင် တင်ခဲ့သည်
1368 ကြိမ် ကြည့်ရှု့ပြီး

ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ပုဂ္ဂလိကကုမ္ပဏီများ အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် 4 mega project (စီမံကိန်းကြီးလေးခု) အနက် Eco Green City စီမံကိန်းကို လာမည့်ဖေဖော်ဝါရီလတွင် အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ရန် မျှော်မှန်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။

Eco Green City စီမံကိန်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်မည့် စီမံကိန်းကြီး လေးခုအနက် လှည်းကူးမြို့နယ်တွင် ဒုတိယတစ်ခုအဖြစ် ဖော်ဆောင်မည့် စီမံကိန်းဖြစ်ပြီး မြေဧရိယာ ၁၄၅၃ ဧက ပေါ်တွင် ဖော်ဆောင်မည့် စီမံကိန်းဖြစ်သည်။ စာချုပ် ချုပ်ဆိုပြီးပါက ကုမ္ပဏီဘက်က လုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

အဆိုပါစီမံကိန်းကို အဆင့်နှစ်ဆင့်ဖြင့် ၁၀ နှစ်ကြာ ဖော်ဆောင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုငွေပမာဏ အမေရိကန်ဒေါ်လာ နှစ်ဘီလျံခန့် သုံးစွဲမည်ဖြစ်သည်။ စီမံကိန်းကို အိုးအိမ်ဦးစီးဌာနနှင့် Alliance Star Group of Company တို့ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ကြေညာထားသည်။

ယင်းစီမံကိန်းတွင် အဓိကအားဖြင့် လူနေအိမ်ရာများကို ဆောက်လုပ်မည်ဖြစ်ပြီး ယင်းနှင့်ဆက်စပ်နေသည့် ကျန်းမာရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အအုံများ ဟိုတယ်များနှင့် ဂေါက်ကွင်းများကိုလည်း ထည့်သွင်း ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စီမံကိန်းဧရိယာတစ်ခုလုံးကိုခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ထားပြီး Master Plan ညှိနှိုင်းရေးဆွဲရာတွင် နိုင်ငံတော်ကရရှိမည့် အိမ်ရာများ၏ အသေး စိတ်ပုံစံများ ပြန်လည်ညှိနှိုင်းခြင်း၊ စီမံကိန်းလမ်းအူကြောင်းများ ပြန်လည်သတ်မှတ်ခြင်းနှင့် နိုင်ငံတော်က ရသင့်ရထိုက်သော အကျိုးအမြတ် ခွဲဝေမှုများရရှိအောင် အသေးစိတ်တွက်ချက်ခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မူဝါဒနှင့် စီမံကိန်းဌာန ဒုတိယညွှန်ကြားရေးမ·းချုပ် ဒေါ်မီမီတင်က ဆိုသည်။

Eco Green City စီမံကိန်းမြေဧရိယာ ၁၄၅၃ ဧကအနက် အခြေခံလိုအပ်ချက်များဖြစ်သည့် လမ်း၊ ရေမြောင်း၊ လျှပ်စစ်နှင့် ကျောင်း စသည်တို့အတွက် မြေဧရိယာ ၄၄၇ ဧကခန့်ကို အသုံးပြုမည်ဖြစ်ပြီး ကျန်ရှိသော မြေဧရိယာ ၁ဝ၀၆ ဧကခန့်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀ ရာခိုင်နှုန်းနှင့် ကုမ္ပဏီက ၈၀ ရာခိုင်နှုန်း အချိုးကျခွဲဝေရယူမည်ဖြစ်ကြောင်း ဝန်ကြီးဦးကျော်လင်းက ဆိုသည်။

"ဝန်ကြီးဌာနကရရှိတဲ့ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့မြေဧက ၂၀ဝ ပေါ်မှာ တန်ဖိုးနည်းအိမ်ရာ ယူနစ် ၄ဝ၀ဝ ခန့် (သို့) ၎င်းနဲ့ညီမျှတဲ့ တန်ဖိုးနည်း၊ တန်ဖိုးသင့်တဲ့ အဆင့်မြင့်အိမ်ရာယူနစ် ၃ဝ၀ဝ ခန့်ကို ကုမ္ပဏီက ဆောက်လုပ်လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်"ဟု ဦးကျော်လင်းက ဆိုသည်။

ကုမ္ပဏီကရရှိသော မြေဧရိယာ ၈၀၅ ဧကပေါ်တွင် စီမံကိန်းလုပ်ငန်းများအတွက် အပိုင်းသုံးပိုင်းခွဲခြား၍ အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် အဆိုပါစီမံကိန်းလုပ်ငန်း၏ အကျိုးအမြတ် ငါးရာခိုင်နှုန်းကိုCSR လုပ်ငန်းများအတွက် သတ်မှတ်သုံးစွဲရန် ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ဆိုသည်။

ယခုစီမံကိန်း အကောင်အထည်ဖော်စဉ် ကာလအတွင်း ဒေသခံပြည်သူများအတွက် ယာယီအလုပ်အကိုင်အခွင့်အလမ်း ၅၀çဝ၀ဝခန့်နှင့် စီမံကိန်းပြီးစီးပါက အမြဲတမ်း အလုပ်အကိုင်အခွင့်အလမ်း ၁၅çဝ၀ဝ ခန့်ကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။ စီမံကိန်းမြေနေရာကို လက်ရှိကာလပေါက်ဈေးဖြင့် တွက်ချက်မည် ဆိုပါက တည်ဆောက်ရေးဧရိယာအတွက် ကျပ် ၂၀ ဒသမ ၁၂ ဘီလျံခန့် ရရှိမည်ဖြစ်သည်ဟုဆိုသည်။

ယခုကဲ့သို့ အကျိုးတူစီမံကိန်းကို ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်က ကျပ် ၆၂ ဒသမ ၈၅ ဘီလျံခန့် ရရှိမည်ဖြစ်သည့်အတွက် နိုင်ငံတော်အနေဖြင့် ငွေကြေးအားဖြင့် ကျပ် ၄၂ ဒသမ ၇၃ ဘီလျံခန့် အကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်းလည်း ဦးကျော်လင်းက ပြောသည်။

ယင်းပြင် ယခုပရောဂျက်၏ တည်နေရာသည်KMIC (Korea Myanmar Industrial Complex) စီမံကိန်းနှင့် အနီးကပ်တည်ရှိနေသောကြောင့်KMIC က ဝန်ထမ်းများ (အဆင့်မျိုးစုံ) လာရောက်နေထိုင်ရန် အဆင်ပြေသော အခန်းများဆောက်လုပ်ပေးရန် ထပ်မံထည့်သွင်းထားကြောင်း ဒေါ်မီမီတင်ကဆိုသည်။ အဆိုပါ ဝန်ထမ်းများနေထိုင်ရန် အဆောက်အအုံများ ဆောက်လုပ်ခြင်းသည် မူလအစီအစဉ်တွင် မပါဝင်သေးဘဲ အသစ်ထပ်မံထည့်သွင်းခဲ့သော အချက်ဖြစ်သည်။

4 Mega Project ၏ ဒုတိယစီမံကိန်းဖြစ်သည့် KMIC (Korea Myanmar Industrial Complex) စီမံကိန်းကို ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိမြေဧက ၅၅၅ ဧကပေါ်တွင် အကောင်အထည်ဖော်မည်ဖြစ်ကာ Korea Land and Housing Corporation (LH) က ၆၀ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံကိုယ်စား အိုးအိမ်ဦးစီးဌာနက ၄၀ ရာခိုင်နှုန်း အချိုးကျရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

စီမံကိန်းကို ယခုနှစ်မှစ၍ ငါးနှစ်ကြာဖော်ဆောင်မည်ဖြစ်ပြီး ကန်ဒေါ်လာ သန်း၁၁၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။ လက်ရှိတွင် လုပ်ငန်းလုပ်ဆောင်ရန်အတွက်f Korea Excel Bankထံမှ ချေးငွေရရှိရန် ဆောင်ရွက်လျက် ရှိကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန က သိရသည်။

New Mandalay Resort City စီမံကိန်းကို မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ စုစုပေါင်းမြေ ၉၈၉၃ ဧကပေါ်တွင် အကောင်အထည်ဖော်မည်ဖြစ်သည်။

နောက်ဆုံးစီမံကိန်းဖြစ်သည့်Smart District Project စီမံကိန်းကို ရွှေတောင်ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည် ဖြစ်ကာ စုစုပေါင်းမြေဧရိယာ ၁၁၀ဝ ဧကပေါ်တွင်တွင် ရင်းနှီးမြှုပ်နှံငွေ ကျပ် ဘီလျံ ၂၅၀ ဖြင့် ဖော်ဆောင်မည်ဖြစ်သည်။

 

Credit:  The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ
တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
CarsDB
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service