အိမ်ခြံမြေကပ်ကြီးသုံးပါးကျော်လွှားနိုင်ပါစေ-၂

အိမ်ခြံမြေကပ်ကြီးသုံးပါးကျော်လွှားနိုင်ပါစေ-၂ - Property News in Myanmar from iMyanmarHouse.com
28 Nov 2018 12:44 pm တွင် တင်ခဲ့သည်
1567 ကြိမ် ကြည့်ရှု့ပြီး

ဝယ်လိုအားကပ်ကြီး

ယနေ့ အိမ်ခြံမြေအရောင်း၊ အ၀ယ်များ ထိုင်းနေသည်။ အငှားများသာရှိသည်။ အိမ်ခြံမြေပွဲစားကုမ်္ပဏီကြီးများ က အရောင်းပြခန်းများ၊ အရောင်းပြပွဲများ၊ မီဒီယာကြော်ငြာ များဖြင့် တွန်းတင်နေသော်လည်း ပါမလာပါ။ စရိတ်ငွေများသာကုန်သည်၊ အရာမရောက်ဖြစ်နေသည်။ ဘာကြောင့်နည်း။ ၀ယ်လိုအားနှင့် ရောင်းလိုအား စီးပွားရေးချိန်ခွင်လျှာသည် ၀ယ်လိုအားမရှိသဖြင့် ရောင်းမထွက်ကြခြင်း၊ သဘာတရားသည် အခြေခံမူကြီးတစ်ရပ်ဖြစ်သည်။ သို့ဖြစ်၍ အိမ်ခြံမြေ လောက၏ ကပ်ကြီးသုံးပါး၌ ပထမကပ်ကြီးသည် ဥပဒေကပ် ကြီးဖြစ်၍ တင်ပြခဲ့ပြီးဖြစ်ပါသည်။ ယခု ဒုတိယကပ်ကြီးဖြစ် သော ၀ယ်လိုအား ခန်းခြောက်နေသော ကပ်ကြီးပင်ဖြစ်ပါ သည်။

ဘာကြောင့် ၀ယ်လိုအား မရှိပါသနည်း။ အကြောင်း တရားများစွာရှိပါသည်။ အကြောင်းတရားပေါင်းစုံတို့၏ ရလဒ် အကျိုးတရားသည် ယနေ့ပြည်တွင်း၊ ပြည်ပ၀ယ်လိုအား၊ အိမ်ခြံ မြေစကားဖြင့် ပြောရပါမူ ၀ယ်လက်များ ငုတ်နေသည်။ မြတ် မှရောင်းမည့် ၀ယ်ရောင်းများ ကန်ထရိုက်တိုက်တာများလည်း ပိုက်ဘောမိနေပါပြီ။ အကြောင်းတစ်ချက်သည် လက်ရှိ အိမ်ခြံမြေဈေးနှုန်း များသည် အလွန်မြင့်မားနေသည်။ နိုင်ငံတကာနိုင်ငံကြီးများ ၏ မြို့ကြီးပြကြီးဈေးနှုန်းထက်ပင် စွာနေသည်။ အာဆီယံ နိုင်ငံများထက် ဈေးမြင့်မားနေသည်ဟု ဝေဖန်ထောက်ပြမှု များရှိပါသည်။ အဆင့်မြင့် ကွန်ဒိုအခန်းများ စိတ်ကူးပင်မယဉ် နိုင်၊ အလယ်အလတ်အငယ်စားကွန်ဒိုများကိုပင် လက်လှမ်း လို့မမီ၊ တန်ဖိုးမျှတအိမ်ရာအသာထား တန်ဖိုးနည်းအိမ်ရာ ပင် သိန်းတစ်ရာအထက်မှာရှိ၍ မနိုင့်တနိုင်၊ သို့ရာတွင် အိမ် ခြံမြေ၀ယ်ရောင်းများ၊ အဆင့်မြင့်ကွန်ဒို အသေးအလတ်၊ ကန်ထရိုက်တိုက်များက မည်သူမျှအရှုံးခံ၍ ဈေးလျှော့ရောင်းမည်ဟု ကြေညာသည်ကို မတွေ့ရ တင်းခံထားသည်။ တင်းခံ နေကြသည်။ ဘဏ်တိုးတွေပေးနေရသည်။ ပြင်ပအတိုးချေး ငွေတွေဖြင့် နစ်နေသည်ဟုသာ အကြောင်းပြနေကြသည်။ ဈေးကွက်သဘောအရတော့ ၀ယ်လိုအားမရှိလျှင် ရောင်းထွက် ရန် အရှုံးခံဈေးလျော့ရောင်းရမည်သာဖြစ်သည်။ မည်မျှပင် တင်းခံနေစေကာမူ ပြည်သူတို့ ၀ယ်လိုအားမရှိပါက ဈေးကွက်သည် အေးခဲနေဦးမည်သာဖြစ်သည်။ သို့ဖြစ်၍ အရှုံးခံ၍သာ ရောင်းထုတ်ကြပေတော့။ သို့မှသာ အရှုံးသက်သာမည်ဟု ပြောလိုပါသည်။ ပွဲစားကုမ္ပဏီများကတော့ ငွေကြေးပြည့်စုံ ၍ တောင့်ခံနိုင်သည်ဟု ဟန်မပျက်သဏ္ဌာန်ရှိနေသော်လည်း အဆင့်မြင့်ကွန်ဒိုကြီးများ ရှေ့မဆက်နိုင်ကြတော့ပါ။ ၀ယ်လို အား လက်လှမ်းမီသော ဈေးနှုန်းဖြင့်သာ လျှော့ချရောင်းကြရမည့်ကိန်း ဆိုက်နေပါပြီ။ ဈေးလျော့ချရောင်းကြပါလေကုန်။

ဝယ်လိုအားမြင့်ရန်မှာ အိမ်ခြံမြေ၀ယ်လိုသူများကို ငွေကြေးကူညီထောက်ပံ့ခြင်းဖြစ်ပါသည်။ ဘဏ်များက ငွေ ထုတ်ချေးပေးခြင်း၊ အစိုးရများက ၀န်ထမ်းများကို အိမ်ဝယ်ရန် ငွေထုတ်ချေးပေးခြင်း၊ နှစ်ရှည်အကြွေးစနစ်ဖြင့် ရောင်းချပေးခြင်းဖြစ်ပါသည်။ အကြွေးဝယ်စနစ် (Hire Purchase) ကို အခြားအာမခံ များမယူဘဲ ၀ယ်ယူသော အိမ်ခြံမြေကိုသာ အပေါင်ပစ္စည်း အမာခံထား၍ လွယ်လွယ်ကူကူထုတ်ချေးရန် လိုပါမည်။ အတိုး နှုန်းကလည်း ပြင်ပအတိုးနှင့်ယှဉ်ပါက နည်းသည်ဟုဆိုနိုင်သော်လည်း နိုင်ငံတကာ ဘဏ်အတိုးနှုန်းများနှင့် နှိုင်းယှဉ်ပါက အလွန်များနေသေးသည်။ သို့ဖြစ်၍ အိမ်ခြံမြေအမှန် နေထိုင်အသုံးပြုရန် ၀ယ်ယူမည့်သူများကို ဘဏ်အတိုးနှုန်း သီးသန့်လျော့ပေါ့စဉ်းစားသင့်သည်။ ယနေ့ ဘဏ်များ၏ ချေးငွေထုတ်ချေးမှုစနစ်သည် တစ်ဖက်သတ်နိုင်လွန်းသည်။ မိမိဘက်က လုံခြုံမှုယူလွန်းသည် ဟု ဝေဖန်ကြပါသည်။ အိမ်ခြံမြေချေးငွေများ၌ သီးခြားအာမခံ လိုမည်မဟုတ်ပါ။ အမေရိကန်နိုင်ငံကြီးများ၌ နှစ်ရှည် (၃၀) နှစ် (Hire Purchase) စနစ်၌ ၀ယ်ယူထားသော အိမ်ခြံမြေ အပေါ်၌သာ အဓိက အခြေခံအာမခံယူထားသည်။ သတ်မှတ် ချေးငွေရင်းတိုးမပေးပါက ဘဏ်မှ သိမ်းယူ၍ ဘဏ်ချေးငွေ ကို လေလံတင်ရောင်းချပြီး ရယူသည်။ ထို့ပြင် ပစ္စည်းရောင်း ချပေးသော အိမ်ခြံမြေပွဲစား ကုမ္ပဏီများက အရောင်းအ၀ယ် အပေါ် ဆောင်ရွက်ပြီးပါက ရောင်းချသော ကုမ်္ပဏီများ၊ အကျိုးဆောင်များတွင် တာဝန်မရှိပါ။ ဘဏ်နှင့် ငွေချေးသူနှစ်ဦး အကြားသာ ဆက်လက်ဆောင်ရွက်ရပါသည်။ မြန်မာနိုင်ငံ ဘဏ်များကမူ ပစ္စည်းရောင်းချသူများက ၀ယ်သူတိုးရင်းမပေး သည့်ကိစ္စများတွင်ပါ ၀င်ရောက်တာဝန်ယူခိုင်းနေသည်။ ရောင်း သူက အကြွေးတောင်းပေးနေရသည်။ ဘဏ်သည် မိမိအလုပ် ကို ပစ္စည်းရောင်းသူကို အာမခံခိုင်းသည်။ စက်ယန္တရားကုမ္ပဏီ တစ်ခု၏ ပိုင်ရှင်က ဘဏ်ချေးငွေအပေါ် ကျွန်တော်တို့ကပါ ၀ယ်သူထံက အကြွေးတောင်းပေးနေရတော့ မနိပ်ပါဘူး။ ဒါ ကြောင့် ဘဏ်နဲ့ရောင်းပြီး အကြွေးဝယ်စနစ်မသုံးဘူး၊ ကိုယ့်ဘာသာ အကြွေးရောင်းစနစ်ကို ၀ယ်သူနဲ့ တိုက်ရိုက်ကျင့်သုံး တယ်ဟု ပြောပါသည်။ ယနေ့ အစိုးရဘဏ်များကဲ့သို့ အပေါ် စီးက အကျင့်ဓလေ့များက ကျင့်သုံးဆဲရှိနေသေးသည်။ အပေါ်စီး၊ အထက်စီးက ယူထားသော ငွေချေးစာချုပ်များဖြင့်သာ ထုတ်ချေးသည်။ ပြုပြင်ရမည့် အချက်တစ်ခုဖြစ်ပါသည်။ တရား မျှတ၍ လွယ်ကူသော ငွေထုတ်ချေးမှုနှင့် အတိုးသက်သာမှ သာ ဘဏ်နှစ်ရှည်ချေးငွေများဖြင့် ၀ယ်လိုအား မြှင့်တင်နိုင် မည်ဖြစ်ပါသည်။ ၀ယ်လိုအားကျဆင်းခြင်း၏ အချက်တစ်ခုမှာ တိုင်း ပြည်၏ စီးပွားရေးကျဆင်းမှုနှင့် ဆင်းရဲမွဲတေမှုပြဿနာလည်း အကြောင်းတစ်ခုဖြစ်သည်။ ပြည်တွင်း ၀ယ်လိုအားမြင့်ရန် နိုင်ငံတော်အစိုးရက တစ်ဦးချင်းဝင်ငွေတိုးတက်အောင် ဆောင် ရွက်ပေးရမည်ဖြစ်ပါသည်။ ဆင်းရဲမွဲတေမှုရောဂါကို တွေ့နေ သော်လည်း ထက်မြက်ထိရောက်သော ကုသဆေးမတွေ့ဖြစ် နေပါသည်။ ပြည်တွင်းဝယ်လိုအား မရှိ၍ ပြည်ပ၀ယ်လိုအားကို မျှော်နေကြသော အဆင့်မြင့်ကွန်ဒိုများ၏ မျှော်လင့်ချက်သည် လည်း မျှော်လေဝေးဝေးဖြစ်နေသည်။ ပြည်တွင်း၌ ဥပဒေများ ကလည်း မတည်မငြိမ်ဖျက်ပြင်အသစ်ရေးဆွဲနေဆဲ၊ အိမ်ခြံမြေ ဈေးများကလည်း အလွန်ကြီးမြင့်နေသည်။ အလုပ်သမားများ ကလည်း ထစ်ကနဲရှိ သပိတ်မှောက်ဆန္ဒပြသည်။ အလုပ်ရှင် များကို ထောင်ဒဏ်၊ ပြစ်ဒဏ်များ ပြဋ္ဌာန်းပေးရန် တောင်းဆို နေကြသည်။ ပြည်တွင်းအိမ်ခြံမြေပွဲစားကုမ္ပဏီကြီးများက နိုင်ငံ ခြားအိမ်ခြံမြေများ ၀င်ရောက်မည်ကို စိုးရိမ်နေကြသည်။ သူတို့ အကွက်ပျောက်မှာ အစိုးရိမ်လွန်နေကြသည်။ ဥပဒေများဖြင့် ကန့်သတ်ရန် ကြိုးစားနေကြသည်။ သို့ဖြစ်၍ ပြည်ပ၀ယ်လို အားကလည်း တုံ့ဆိုင်းနေသည်။ ၀ယ်လိုအားမြင့်တက်ရေးတွင် သာမန်ပြည်သူဝင်ငွေ၊ အလယ်အလတ်ပြည်သူများ ၀င်ငွေနှင့် လက်လှမ်းမီသော ဈေးနှုန်းဖြင့် ရောင်းချရေးဖြစ်ပါသည်။ နိုင်ငံတော်အစိုးရ၏ အိမ်ခြံမြေအရေး ပါဝင်ရမည့်အခန်းမှာလည်း လွန်စွာအရေး ကြီးပါသည်။ နိုင်ငံတော်အစိုးရ၏ အိုးအိမ်ဖွံ့ဖြိုးရေးဌာန၊ စည်ပင်၊ ပြည်နယ်တိုင်းဒေသကြီး၊ အစိုးရ အိုးအိမ်ဌာနများက ပြည်သူများ၊ ၀န်ထမ်းများအတွက် အိမ်ရာများ တိုက်တာများ ဖော်ထုတ်လျက်ရှိပါသည်။ တန်ဖိုးနည်းအငှားအိမ်ရာများ၊ တန်ဖိုးနည်းအရောင်းအိမ်ရာများ၊ တန်ဖိုးမျှတအိမ်ရာများကို ဖော် ဆောင်လျက်ရှိပါသည်။ စာရှည်မည်စိုး၍ ကိန်းဂဏန်းများ မဖော်ပြတော့ပါ။ သို့ရာတွင် မဖြစ်မနေ အားပေးကြရမည်။ အစိုးရ အိမ်ရာဖော်ဆောင်မှုကို “ဆင်ပါးစပ်နှမ်းပက်ပါဟု” အိမ်ခြံမြေ အမှုဆောင်လူကြီးတစ်ဦးက မီဒီယာမှ ပြောကြား သည်ကို အံ့သြမိပါသည်။ အစိုးရအိမ်ရာများ ဖော်ဆောင်၍ ၀ယ်ထားသော အိမ်ခြံမြေများ ဈေးကျဆင်းသွားမည်ကို စိုးရိမ် ဟန်တူပါသည်။ အိမ်ခြံမြေဈေးနှုန်းများ မြင့်မားနေမှုကို ကျ ဆင်း၍ ပြည်သူအများဝယ်နိုင်အား မြှင့်တင်ရေးတွင် အစိုးရ ၌ တာဝန်ရှိပါသည်။ သို့ဖြစ်၍ နိုင်ငံတော်အစိုးရ၏ ပြည်သူ့ အိမ်ရာဖော်ထုတ်မှုများကို ချီးကျူးထောပနာပြု၍ ကြိုဆိုရမည် ဖြစ်ပါသည်။ အိမ်ခြံမြေအသင်းများ၊ လုပ်ငန်းရှင်များ၊ ကန်ထရိုက် တာကြီးများ၊ ဘဏ်ကြီးများက ပူးပေါင်းဆောင်ရွက်သင့်ပါ ကြောင်း...။

 

ဦးမောင်မောင်ဝင်း (တရားလွှတ်တော်ရှေ့နေ) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
Magical World
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service