မကွေးတိုင်းရှိ ၀န်ထမ်းများနေထိုင်ရန် အခန်းများငှားရမ်းပေးမည်

မကွေးတိုင်းရှိ ၀န်ထမ်းများနေထိုင်ရန် အခန်းများငှားရမ်းပေးမည် - Property News in Myanmar from iMyanmarHouse.com
27 Nov 2018 11:36 am တွင် တင်ခဲ့သည်
589 ကြိမ် ကြည့်ရှု့ပြီး

မကွေး၊ ရေနံချောင်း နှင့်ချောက်မြို့နယ်၌၀န်ထမ်းအိမ်ရာများ တည်ဆောက်ပြီးစီး၍ ယင်းမြို့နယ်များရှိ နေရာခက်ခဲသော ၀န်ထမ်းများအားဈေး သက်သာစွာ ငှားရမ်းမည် ဖြစ် ကြောင်း တိုင်းအစိုးရအဖွဲ့ ဆောက်လုပ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးတင်နွယ် ဦးက ပြောသည်။

မကွေးတိုင်းအတွင်း မကွေး၊ ပခုက္ကူ၊ မင်းဘူး၊ သရက်၊ ရေနံ ချောင်းနှင့် ချောက်မြို့နယ်၌ ၀န် ထမ်းအိမ်ရာများ တည်ဆောက်နေကာ လက်ရှိတွင်တည်ဆောက် ပြီးစီးသည့် မကွေး၊ ရေနံချောင်း နှင့် ချောက်မြို့နယ်အတွက်အငှား ချထားရန် လျှောက်လွှာခေါ်ယူ ခြင်းဖြစ်ကြောင်း ၀န်ကြီးကဆို သည်။

‘‘ရန်ပုံငွေ အခက်အခဲ ကြောင့် ရှိတဲ့ဝန်ထမ်းအားလုံး လုံလောက်ဖို့ဆိုတာမဖြစ်နိုင်သေး ဘူး။ ဒါပေမဲ့ တတ်နိုင်သလောက် ၀န်ထမ်းအခက်အခဲတွေပြေလည် အောင်လုပ်ပေးတာပေါ့။ ရာထူး ကြီးငယ်မခွဲခြားဘဲ အခက်အခဲရှိ သူကိုဦးစားပေးမှာပေါ့’’ ဟု၎င်းက ဆိုသည်။

ဝန်ထမ်းအိမ်ရာတစ်ခုလျှင် ပျမ်းမျှ ၄၆ ခန်းပါဝင်ပြီး နေထိုင်လိုသောဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးများတွင် လျှောက်လွှာများ ကိုယ်တိုင်ရယူလျှောက်ထားရန် ဌာနဆိုင်ရာအဆင့်ဆင့်သို့ ညွှန်ကြားထားကြောင်း ဆိုသည်။

‘‘အငြိမ်းစားဝန်ထမ်းတွေ တော့ လက်ရှိအိမ်ရာတွေမှာ မပါသေးဘူးပေါ့။ အိမ်ရာကနှစ်မျိုးရှိ တယ်။ အငှားအိမ်ရာနဲ့အရောင်းအိမ်ရာ။ အငှားအိမ်ရာက လက်ရှိ ၀န်ထမ်းတွေအတွက် နေစရာရရှိ ဖို့ဆောက်လုပ်ပေးတာဖြစ်ပြီး တော့ အရောင်းက အငြိမ်းစားဝန် ထမ်းတွေအတွက်ပေါ့’’ ဟု ဦး တင်နွယ်ဦးက ပြောသည်။

လက်ရှိတာဝန်ထမ်းဆောင် နေသည့် ၀န်ထမ်းများ အိမ်ရာအခက်အခဲပြေလည်နိုင်ရေး လာ မည့်ဘဏ္ဍာနှစ်တွင် မကွေးမြို့နှင့် ဂန့်ဂေါမြို့၌ ၀န်ထမ်းအိမ်ရာများ ထပ်မံ တည်ဆောက်မည် ဖြစ် ကြောင်း ၀န်ကြီးကဆိုသည်။

ထို့အပြင် မြို့နယ်များရှိ တာ ၀န်ထမ်းဆောင်နေသည့် ၀န်ထမ်းစာရင်းကောက်ယူရန် အိုးအိမ်ဦး စီးဌာနကို ညွှန်ကြားထားပြီး ယင်းအချက်အလက်နှင့် ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ ၀န်ထမ်းအိမ်ရာ များထပ်မံဆောက်လုပ်မည်ဖြစ် ကြောင်း ၀န်ကြီးက ဆိုသည်။

မြို့နယ်ဌာနဆိုင်ရာရုံးများ၌ လက်ရှိတာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများအနက် အခြား ဒေသများမှ လာရောက်တာဝန် ထမ်းဆောင်နေပြီး နေထိုင်ရေး ခက်ခဲနေသောဝန်ထမ်းများကို အိမ်ရာများတွင် ဦးစားပေးထားရှိ မည်ဖြစ်ပြီး ငှားရမ်းခ တစ်လ ကျပ်တစ်သောင်း ကျသင့်မည်ဖြစ် ကြောင်း ချောက်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းက ပြောသည်။

‘‘၀န်ထမ်းအိမ်ရာဆောက် ပေးတာကောင်းတယ်။ လိုအပ်တဲ့ ၀န်ထမ်းအရေအတွက်အတိုင်း တွက်ချက်ဆောက်ပေးရင် ပိုကောင်းတာပေါ့။ အပြင်မှာငှားနေမယ်ဆိုရင် နှစ်သောင်းကနေ ငါး သောင်းကျော်အထိ ရှိနေတော့ ဒီလိုနှုန်းသက်သက်သာသာလေး နဲ့ လုပ်ပေးတော့ လခစားဝန်ထမ်း တွေအဆင်ပြေတာပေါ့။ ဒါပေမဲ့ ၀န်ထမ်းတွေ အားလုံးသိနိုင်၊ လျှောက်နိုင်အောင် လုပ်ဖို့လို တယ်’’ ဟု ၎င်းကဆိုသည်။

လျှပ်စစ်နှင့်ရေသုံးစွဲမှု သီး ခြားကျခံရမည်ဖြစ်ပြီး ချောက်မြို့နယ်ဝန်ထမ်းအိမ်ရာအတွက် လျှောက်လွှာပိတ်သိမ်းချိန် နိုဝင် ဘာ ၂၃ ရက်အထိ ၀န်ထမ်း ၈၀ ကျော်လာရောက်လျှောက်ထား ပြီး လူလွတ်ဝန်ထမ်းဖြစ်ပါက တစ်ခန်းတွင်နှစ်ဦး၊ သုံးဦးစသဖြင့် ပေါင်းနေနိုင်ရန် ဌာနဆိုင်ရာများ နှင့် ညှိနှိုင်းဆွေးနွေးမည်ဖြစ် ကြောင်း ဒေါ်စန်းစန်းဝင်းက ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လမ်းဖောက်လုပ်ရာ လမ်းကြောင်းမလွတ်သော နေအိမ်တစ်လုံးကို အစိုးရက ယွမ် ၁ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၂၂၄၀၀၀) လျော်ကြေ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

Magical World
Pan Swal Taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service