ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာဌာန(အဆောက်အအုံ)မှအောက်တိုဘာလ (၁)ရက်နေ့မှ (၃၁)ရက်နေ့အထိ မြေပိုင်ဆိုင်မှုအမှန်ဖြင့်လာရောက်လျှောက်ထားသော်အဆောက်အအုံများ ခွင့်ပြုမှုမှာ(၂၅၀)ကျော်ရှိပြီးလူနေထိုင်မှုပါမစ်ခွင့်ပြုမှု မှာ (၁၅၀)ကျော်ရှိခဲ့ကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
အောက်တိုဘာလ(၁)ရက်နေ့မှအောက်တိုဘာ(၃၁)ရက်နေ့အထိအဆောက်အအုံခွင့်ပြုမှုမှာ လုံးချင်းအဆောက်အအုံများမှ(၈)ထပ်နှင့်အထက်အဆောက်အအုံများ တည်ဆောက်အကောင်ထည်ဖော်မှုမှာ (၂၅၃)လုံးရှိပြီးအများစုမှာလူနေရန် ဆောက်လုပ်အကောင်ထည်ဖော်သည့်လုံးချင်းအိမ်များနှင့် (၄)ထပ်အောက်အဆောက်အအုံအများစုဖြစ်ကြောင်းစည်ပင်သာယာ၏စာရင်းများအရ သိရသည်။
လူနေထိုင်ခွင့်ပါမစ် BCC ခွင့်ပြုပေးမှုမှာ(၁၅၃)လုံးရှိပြီး (၈)ထပ်နှင့်အောက်အိမ်များပါဝင်ပြီးရုံးခန်းများ ၊ ဆိုင်ခန်းများနှင့် လုံးချင်းအိမ်များပါဝင်သည်။ အဆောက်အအုံဆောက်လုပ်ခွင်ပြုခဲ့သည့်မြို့နယ်များမှာ ရန်ကင်း ၊ လှိုင် ၊ ဒဂုံတောင် ၊ မြောက်ဥက္ကလာ ၊ တာမွေ ၊သာကေတ ၊ အင်းစိန် ၊ မရမ်းကုန်း ၊ စမ်းချောင်း ၊ ဒဂုံအရှေ့ ၊ ဒေါပုံ ၊တောင်ဥက္ကလာစသည့်မြို့နယ်များဖြစ်ပြီး ရုံးခန်းအဆောက်အအုံများ ၊ လူနေအိမ်ခန်းများနှင့်လုံးချင်းအိမ်များအများဆုံးခွင့်ပြုခဲ့ခြင်းဖြစ်သည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com