ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
မြောက်ဒဂုံမြို့နယ်အတွင်းရှိတန်ဖိုးမြင့်လုံးချင်းများနှင့်တိုက်ခန်းအများစုကိုနိုင်ငံခြားသားများငှါးရမ်းမှုများပြားလျက်ရှိကြောင်း အကျိုးဆောင်တချို့ထံမှ သိရသည်။
ရပ်ကွက်အတွင်းရှိတိုက်ခန်းနှင့်လုံးချင်းများကို အာရှဘက်မှနိုင်ငံခြားသားများအဓိကစိတ်ဝင်စားမှုများပြီးမြန်မာပြည်တွင်းအလုပ်အကိုင်လာရောက်လုပ်ကိုင်သူအများစုနေထိုင်ကြခြင်းဖြစ်သည် ။ ယခင်က ကွန်ဒိုတိုက်ခန်းနှင့်မြို့ထဲပိုင်းအဆင့်မြင့်တိုက်ခန်းများ၌သာနေထိုင်ကြသော်လည်း နောက်ပိုင်းတွင်ရပ်ကွက်အတွင်းအခန်းကျယ်တိုက်ခန်းများနှင့် လုံးချင်းအိမ်များပါငှါးရမ်းမှုရှိကြောင်း သိရသည်။
" နိုင်ငံခြားသားငှါးရမ်းမယ် ကိုယ့်ဘက်က အိမ်အသုံးဆောင်ပစ္စည်းပရိဘောဂတွေ ၊ ရေဖိုးမီးဖိုးတွေဆောင်ပေးနိုင်ရင်ဈေးပိုရသလို ပိုလဲကြိုက်ကြတယ် အရင်ကမြို့ထဲပိုင်းတွေမှာလောက်ပဲနေကြပေမဲ့အခုရပ်ကွက်သန့်တဲ့နေရာတွေမှာပါလာနေနေကြပြီ '' လို့ သုခစံရာအကျိုးဆောင်လုပ်ငန်းမှ မဝါကပြောသည်။
နိုင်ငံခြားသားငှါးရမ်းသူအများစုသည် အိမ်ခများသာမကပရိဘောဂများနှင့် တခြားရေဖိုး ၊ မီးဖိုးများကိုပါဝန်ဆောင်မှုပေးပြီး ပုံမှန်ထက်ဈေးနှုန်းအမြင့်ပိုင်းဖြင့်ငှါးရမ်းကြခြင်းဖြစ်သည်။ အိမ်ခန်းဈေးနှုန်းများမှာ လုံးချင်းတိုက်များကိုကျပ်ငါးသိန်းဝန်းကျင် မှ ကျပ်ဆယ်သိန်းဝန်းကျင်အထိဈေးကွက်ရှိပြီးတိုက်ခန်းများမှာ ကျပ်သုံးသိန်း မှ ငါးသိန်းဝန်းကျင်အထိဈေးနှုန်းမှာနေရာပေါ်မူတည်ပြောင်းလဲကြောင်း သိရသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com