ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍတွင် သုံးလအတွင်း ပြည်တွင်းမှာရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၂၄၄ ဒသမ ၈၁၉ သန်းအပါအဝင် ကျပ် ၄၁၆၂ ဘီလီယံကျော် အထိရှိနေပြီး အများဆုံးဝင်ရောက်ရင်းနှီးမြှပ်နှံထားတဲ့ ကဏ္ဍတစ်ခုဖြစ်နေကြောင်း သတင်းရရှိသည်။
နိုင်ငံသားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၂၃ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံးဝင်ရောက်မြှုပ်နှံထားသည့် ကဏ္ဍဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန မှသိရသည်။
အိမ်ခြံမြေနှင့်ဆက်စပ်တိုက်ခန်းဈေးကွက်များကျဆင်းနေသော်လည်း ရင်းနှီးမြှပ်နှံသူ အမြောက်အမြားဖြင့်ဈေးကွက်မှာ ဝင်ရောက်နေကြခြင်းဖြစ်ကြောင်း ထုတ်ပြန်မှုတွင်ဖော်ပြထားသည်။
“ ဒီလုပ်ငန်းထဲကို အရင်ကမလုပ်ဖူးပေမဲ့ လုပ်ကိုင်ရင်းတိုးပြီးဝင်လာတဲ့သူတွေက ပိုများလာတော့ သူတို့ကလည်း ပြန်မထွက်တော့ဘူးရှိတာလေးတွေကို ထုခွဲရောင်းချနေတာလည်းပါတယ် “ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကဆိုသည်။
အစိုးရမှ အိမ်ရာကဏ္ဍတွင် ယခုထက်မက ပိုမိုပြီး ရင်းနှီးမြှပ်နှံမှုများလုပ်ဆောင်ပါက နိုင်ငံသားရင်းနှီးမြှပ်နှံသူများအစိုးရနှင့် ယှဉ်ပြိုင်၍ လုပ်ကိုင်ရဲမည်မဟုတ်သဖြင့် လျော့နည်းလာနိုင်ကြောင်း ၄င်းကသုံးသပ်သည်။
ပြည်တွင်းဆောက်လုပ်ရေး ကဏ္ဍမှာ နိုင်ငံသားရင်းနှီးမြှပ်နှံသူများပြာလာသလို ပြည်ပမှာလာရောက် ရင်းနှီးမြှပ်နှံသူများလဲ တိုးပွားနေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်ကထုတ်ပြန်ထားသည်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com