ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
တစ်လလျှင် ငါးသိန်းဝန်းကျင်အရစ်ကျပေးသွင်းရုံဖြင့် ရတနာနှင်းဆီအဆင့်မြင့်အိမ်ရာ အားမည်သူမဆို ဝယ်ယူနိုင်ရန် ရောင်းချပေးလျှက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
မြို့ ပြနှင့်အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်သည့် အဆိုပါရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာသည် ဒဂုံဆိပ်ကမ်းမြို့ နယ်ရတနာလမ်းမကြီးဘေးတွင်တည်ရှိသည်။
ကနဦးက အဆင့်မြင့်အိမ်ရာဖြစ်သောကြောင့် အများစုကဝယ်ယူရန် နှောင့်နေးမှုများရှိနေသောကြောင့် လက်ရှိတွင် ကနဦးပေးသွင်းငွေ ၃၀ရာခိုင်နှုန်းပေးသွင်းပြီး လစဉ် ၅သိန်းဝန်းကျင်ပေး၍ဝယ်ယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါအိမ်ရာတွင် စတုရန်းပေ ၆၀ဝ နှင့် စတုရန်းပေ ၁၂၀ဝ ဟူ၍ နှစ်မျိုးနှစ်စားရှိပြီး ကြမ်းခင်းဈေး ကျပ် သိန်း ၆၀၀ ကျော်မှ အမြင့်ဆုံးကျပ် သိန်း ၁၂၀၀ ကျော်အထိသတ်မှတ်ထားသည်။
၎င်းအိမ်ရာများကို အရစ်ကျငွေပေးချေမှု စနစ်ဖြင့် ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံဖြိုးရေးဘဏ် (CHD Bank)တွင် Housing Loan System ဖြင့် ၂၀၁၆ ခုနှစ်အတွင်းက စတင်ရောင်းချခဲ့ခြင်းဖြစ်သည်။
ဒဂုံဆိပ်ကမ်းမြို့ နယ်တွင် အများစုက တိုက်ခန်းများကို ဝယ်ယူရာတွင် ပြန်လည်ရောင်းချလိုသည့်ဆန္ဒဖြင့် ဈေးကစားကားအရောင်းအဝယ်ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com