ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ လက်ရှိအချိန်အထိ နှစ်ပေါင်း (၃၀)အတွင်း မြန်မာနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ (၁၀)ဘီလျံနီးပါးအပါအဝင် ကျပ် (၁၇,၈၅၆)ဘီလျံကျော်အထိရှိနေပြီး အိမ်ခြံမြေဖွံ့ဖြိုးရေး ကဏ္ဍတွင် စုစုပေါင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ (၂၃) ရာခိုင်နှုန်းကျော်ဖြင့် အများဆုံး မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလကုန်အထိ ရရှိသော စာရင်းများအရ နိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံထားမှု အခြေအနေကို လေ့လာကြည့်ပါက အိမ်ခြံမြေဖွံ့ဖြိုးရေး ကဏ္ဍတွင် ဒေါ်လာ (၁,၂၄၄)သန်းကျော် အပါအဝင် ကျပ် (၄,၁၆၄)ဘီလျံကျော်အထိ မြှုပ်နှံထားကာ စုစုပေါင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ (၂၃ ဒသမ ၃၂) ရာခိုင်နှုန်းအထိ မြှုပ်နှံထားသည်။
ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် ဒေါ်လာ (၂,၆၄၈) သန်းကျော် အပါအဝင် ကျပ် (၃,၀၉၂)ဘီလျံကျော်အထိ မြှုပ်နှံထားပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၁၇ ဒသမ) (၃၂)ရာခိုင်နှုန်းရှိနေသည်။ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတွင် ဒေါ်လာ (၂,၂၅၆)သန်းကျော် အပါအဝင် ကျပ် (၂,၈၅၁) ဘီလျံကျော်အထိ မြှုပ်နှံထားပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၅ ဒသမ ၉၇ ရာခိုင်နှုန်း ရှိနေသည်။
အခြားကဏ္ဍတွင် ဒေါ်လာသန်း (၁,၆၉၀)ကျော်အပါအဝင် ကျပ် ဘီလျံ (၂,၉၂၀)ကျော်အထိ မြှုပ်နှံထားပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၆ ဒသမ ၃၆ ရာခိုင်နှုန်းရှိနေသည်။
ဆောက်လုပ်ရေးကဏ္ဍတွင် ဒေါ်လာ (၅၀၆)သန်းကျော်အပါအဝင် ကျပ် (၁,၀၇၅)ဘီလျံကျော်အထိ မြှုပ်နှံထားပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၆ ဒသမ ၀၂ ရာခိုင်နှုန်း ရှိနေသည်။ စက်မှုဇုန်ဆိုင်ရာ ကဏ္ဍတွင် ဒေါ်လာ (၈၆)သန်းကျော် အပါအဝင် ကျပ် (၈၆၂)ဘီလျံကျော်အထိမြှုပ်နှံထားပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၄ ဒသမ) (၈၃)ရာခိုင်နှုန်းရှိသည်။
စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ (၄၆၄)သန်းကျော်အပါအဝင် ကျပ် (၆၄၆)ဘီလျံကျော်အထိ မြှုပ်နှံထားပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၃ ဒသမ) (၆၂) ရာခိုင်နှုန်း ရှိနေသည်။ သတ္တုကဏ္ဍတွင် ဒေါ်လာ (၁၂၀)သန်းကျော် အပါအဝင် ကျပ် (၁၇၃)ဘီလျံကျော်အထိ မြှုပ်နှံထားပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၀ ဒသမ) (၉၇) ရာခိုင်နှုန်းရှိနေသည်။
မွေးမြူရေးကဏ္ဍတွင် ဒေါ်လာ (၁၄၂)သန်းကျော်အပါအဝင် ကျပ် (၁၅၃)ဘီလျံကျော်အထိ မြှုပ်နှံထားပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၀ ဒသမ) (၈၆)ရာခိုင်နှုန်းရှိနေပြီး လယ်ယာကဏ္ဍတွင် ဒေါ်လာ (၅၂)သန်းကျော်အပါအဝင် ကျပ် (၅၁)ဘီလျံကျော်အထိ မြှုပ်နှံထားပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၀ ဒသမ) (၂၉)ရာခိုင်နှုန်းရှိနေကာ အနည်းဆုံး မြှုပ်နှံထားသည့် ကဏ္ဍဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရသိရသည်။
(၂၀၁၈-၂၀၁၉)ဘဏ္ဍာနှစ် အောက်တိုဘာလ (၁)ရက်မှ နိုဝင်ဘာလ (၁၆)ရက်အထိ မြန်မာနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု၊ အတည်ပြုပေးခဲ့မှုမှာ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂၉)ခုမှ ဒေါ်လာ (၈၉ ဒသမ) (၁၁၀)သန်းအပါအဝင် ကျပ် (၂၄၁)ဘီလျံကျော်အထိရှိနေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေး အမှတ်စဉ် (၁၉/၂၀၁၈)အပါအဝင် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်းတစ်ခု၊ အတည်ပြုလုပ်ငန်းငါးခုနှင့် စုစုပေါင်း လုပ်ငန်းခြောက်ခု ခွင့်ပြုခဲ့ကြောင်း၊ အဆိုပါ လုပ်ငန်းများအနက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အဆိုပြုလုပ်ငန်းတစ်ခု ခွင့်ပြုပေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ အတည်ပြုလုပ်ငန်းနှစ်ခု၊ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ အတည်ပြုလုပ်ငန်း တစ်ခုနှင့် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်းနှစ်ခု ခွင့်ပြုခဲ့သဖြင့် အဆိုပါ အစည်းအဝေး ကာလအတွင်း လုပ်ငန်းခြောက်ခုမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ (၈၁ ဒသမ) (၇၅၄)သန်းအပါအဝင် ကျပ်ဘီလျံ (၁၇၀)ကျော် ခွင့်ပြုပေးခဲ့သည်။
Credit: Eleven Media Group