ရန်ကုန်လေဆိပ်တွင် ပြည်ပလေကြောင်းလိုင်း (၄)ခုခန့်တိုးချဲ့ပြေးဆွဲလာနိုင်

ရန်ကုန်လေဆိပ်တွင် ပြည်ပလေကြောင်းလိုင်း (၄)ခုခန့်တိုးချဲ့ပြေးဆွဲလာနိုင် - Property News in Myanmar from iMyanmarHouse.com
16 Nov 2018 12:32 pm တွင် တင်ခဲ့သည်
1780 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြည်ပလေကြောင်းလိုင်း ၄ ခု ထပ်မံတိုးချဲ့ပြေးဆွဲလာနိုင်ကြောင်း လေဆိပ်ဝန်ဆောင်မှု နှင့် စီမံခန့်ခွဲမှုလုပ်ငန်းများ တာဝန်ယူဆောင်ရွက်လျက်ရှိသော Yangon Aerodrome ကုမ္ပဏီလိမိတက်မှ သိရသည်။

"အာရှဒေသတွင်းမှာရှိတဲ့ လေကြောင်းလိုင်းတွေ ဝင်ရောက်လာဖို့ရှိပါတယ်။ ဒီလပိုင်းအတွင်းမှာလာမယ်လို့ မျော်လင့်ရပါတယ်။ ဒီရက်ပိုင်းမှာပဲ စီချွမ်အဲလိုင်း လာဆင်းသွားတယ်။ နောက်ပိုင်းကလည်း အဲလိုင်း ၄ ခု လာတာနဲ့အမျှ အလုပ်အကိုင်အခွင်အလမ်းတွေလည်း အဆင်ပြေလာနိုင်မယ်" ဟု Chief Operating Officer Mr. Jose Angejia က ပြောသည်။

ယင်းကုမ္ပဏီမှ မီဒီယာတွေ့ဆုံပွဲတစ်ရပ်ကို နိုဝင်ဘာလ ၁၅ ရက်က ရန်ကုန်လေဆိပ်တွင် ပြုလုပ်ခဲ့ပြီး ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ယခုရက်ပိုင်းတွင် တရုတ်လေကြောင်းလိုင်းတစ်လိုင်းနှင့် ဥရောပလေကြောင်းလိုင်းတစ်လိုင်း ရန်ကုန်လေဆိပ် သို့ လာရောက်ဆင်းသက်ခဲ့ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။ ပြည်တွင်းသို့ ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်စေရန်အတွက် Tourism Promotion များကိုလည်း ပြင်ဆင် လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ ခရီးသွားအဖွဲ့ချုပ်မှ သိရသည်။

"ဟိုတယ်နဲ့ခရီး ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး Tourism Promotion တွေကို နိုင်ငံတကာမှာလည်းလုပ်နေတယ်။ ပြည်တွင်းမှာလည်း ပြင်ဆင်ရေးလုပ်ငန်းတွေကိုအများကြီးကြိုးစားနေတယ်။ ပြင်ဆင်မှုတွေ အများကြီးလုပ်နေပါ တယ်" ဟု မြန်မာနိုင်ငံခရီးသွားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဉာဏ်ဝင်း ကပြောသည်။

လက်ရှိအချိန်တွင် Tourism Promotion လုပ်ဆောင်ရန်အတွက် အဖွဲ့များဖွဲ့စည်းထားပြီး မြန်မာ-ဂျပန်၊ မြန်မာ-ကိုရီးယာ၊ မြန်မာ-တရုတ်၊ မြန်မာ-အာဆီယံ၊ မြန်မာ-အီးယူ-အမေရိက အဖွဲ့ ၅ဖွဲ့ထားကြောင်း မြန်မာနိုင်ငံခရီး သွားအဖွဲ့ချုပ်မှ သတင်းရရှိသည်။ လာမည့်နှစ်တွင် ပြည်ပလေကြောင်းလိုင်းများ ထပ်မံဝင်ရောက်လာနိုင်ဖွယ် ရှိကြောင်း သိရသည်။

Credit:  Mizzima Burmese

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

Pan Swal Taw
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service