ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
တနင်္သာရီ တိုင်းဒေသကြီး ပုလောမြို့နယ် ပင်လယ်ပြင်အတွင်းရှိ ကဏန်းလက်မ ပုံသဏ္ဌာန်ကျွန်းပေါ်၌ နေအိမ် တည်ဆောက်ကာရွာတည်ထား သော ကျောက္ကာကျေးရွာကို ယခုနှစ်အတွင်း မြိတ်ကျွန်းစု၏ကျွန်း ခရီးများအနက် ခရီးစဉ်အသစ်တစ်ခုအဖြစ် တိုးချဲ့သွားရန်စီစဉ် နေကြောင်း မြိတ်ခရိုင်ခရီးသွား လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
မြိတ်ကျွန်းစုဒေသ၏ ခရီးသွားလုပ်ငန်းများတွင် စမတ်ကျွန်း နှင့် ဒုံးညောင်မှိုင်းကျေးရွာတို့ကို အဓိကပို့ဆောင်ပေးနေရာမှ မကြာမီအချိန်တွင် ပြည်တွင်းပြည်ပ ခရီးသွားများသဘောကျနှစ်ခြိုက် မည့်ရေပေါ်တွင် လူနေအိမ်တည် ဆောက်ကာ တစ်ရွာလုံးနီးပါးတံ ငါလုပ်ငန်းလုပ်ကိုင်သော ကျောက္ကာ ကျေးရွာကို မြိတ်ကျွန်းစု၏ခရီးစဉ် အသစ်အဖြစ် ရွေးချယ်ရန် စီစဉ် နေခြင်းဖြစ်သည့်အပြင် ကော့ဒွေး ကျွန်းကမ်းခြေ၊ သဲအော်ကြီးကျွန်းကမ်းခြေ၊ မအိုင်တောင်ကျွန်းကမ်း ခြေတို့နှင့်အတူ ပလစက်တော်ရာ ဘုရားသို့လည်း သွားရောက်လည် ပတ်နိုင်မည်ဖြစ်သည်။ အဆိုပါရွာလေးရှိ ဒေသခံ အများစုမှာ တစ်နှစ်ပတ်လုံး၊ ငါး၊ ပုစွန်၊ ကင်းမွန်၊ ကျောက်ပုစွန်နှင့် ငါးပိ/ငါးခြောက်လုပ်ငန်းကိုသာ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ကြပြီး ရွာပတ်ပတ်လည်တွင် လူနေရပ်ကွက်လေးခုရှိကာ အိမ် ခြေ ၁ဝဝဝ ကျော်ရှိသည်။
''အခုနှစ်မှာ ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှူဦးစီးဌာနရဲ့ လမ်းညွှန်ချက်အရ နှစ်ပေါင်း ၁ဝဝ ကျော်သက်တမ်းရှိတဲ့ရှေးဟောင်း စေတီတွေရှိပြီး နိုင်ငံခြားသားခရီးသွားတွေ စိတ်ဝင်စားနိုင်မယ့် တောင်တက်လမ်းတွေရှိတဲ့ကျော က္ကာကျေးရွာကို ခရီးစဉ်အသစ်အ နေနဲ့ ရေးဆွဲထားပါတယ်။ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် တွေ ရေပေါ်အိမ်(ဒေသအခေါ် ကျပ်ဆင်)တံငါရွာရေလုပ်သား တွေရဲ့လူနေမှုဘဝတွေကို လေ့လာလို့ရမယ်။ကျောက္ကာကျေးရွာအနီး ဝန်းကျင်မှာရှိပြီးထူးခြားတဲ့နတ် ရေတွင်းလို့ခေါ်တဲ့ရေချိုတွင်းတစ်ခုရှိတဲ့ကော့ဒွေးကျွန်းကိုလည်း သွားရောက်လေ့လာနိုင်ဖို့ ခရီးစဉ်အသစ်တစ်ခုထည့်သွင်းရေးဆွဲဖို့ စီစဉ်ဆောင်ရွက်နေပါတယ်''ဟု Mergui Dolphin ခရီးသွားကုမ္ပဏီမှမန်နေဂျာ ဦးမြင့်သန်းက ပြောကြားသည်။
မြိတ်ကျွန်းစုတွင် ကျွန်းပေါင်း ၈ဝဝ ကျော်ရှိသည့်အနက် ရေ ပေါ်၌ လူနေအိမ်များဆောက်လုပ် နေထိုင်သော ကျောက္ကာကျေးရွာ မှာ မြိတ်မြို့မှ ရေမိုင် ၂ဝ မိုင်ခန့်သာ ကွာဝေးကြောင်းသိရသည်။
Credit: Yangon Media Group