ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့၌ နယ်စပ်စီးပွားရေးဇုန်များ ဖော်ဆောင်မည်ဖြစ်ကြောင်း စီး ပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ကချင်ပြည်နယ် ကန်ပိုက်တီး၊ ရှမ်းပြည်နယ် မူဆယ်နှင့် ကိုးကန့် ဒေသ ချင်းရွှေဟော်တို့တွင် နယ်စပ် စီးပွားရေးဇုန်သုံးခုဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဦးစားပေးအနေဖြင့် မူဆယ်တွင်ဆောင်ရွက်မည်ဖြစ်ရာ လက်ရှိတွင် မြန်မာ-တရုတ်နှစ်နိုင်ငံ အစိုးရချင်းဆွေးနွေးမှုများစတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီးဦးအောင်ထူးက နိုဝင်ဘာ ၁၁ ရက်ကပြုလုပ်သည့် ရွာသာ ကြီးကုန်းတွင်းဆိပ်ကမ်းဖွင့်ပွဲအပြီးတွင် မီဒီယာများကို ပြောသည်။
''နယ်စပ်စီးပွားရေးဇုန်က တော့ ကချင်ပြည်နယ်မှာ ကန် ပိုက်တီး၊ ရှမ်းပြည်နယ်မှာ မူဆယ်၊ ကိုးကန့်မှာချင်းရွှေဟော်မှာလုပ် ဖို့ အဲဒီသုံးခုကို ရွေးထားပါတယ်။ခုတော့ စအကောင်အထည်ဖော် မှုစနေပြီ။ ဆွေးနွေးမှုတွေစနေပြီ။မူဆယ်နဲ့ရွှေလီကြားမှာ ဦးစားပေးအကောင်အထည်ဖော်မယ်။အခုသူတို့ဘက်ကလည်း ကြယ် ဂေါင်ဆိုတဲ့အရပ်ကိုခြံစည်းရိုးကာ ပြီးပြီ။ ကျွန်တော်တို့ဘက်မှာ မူဆယ် က နယူးစကားလိုက်ကုမ္ပဏီရှိတဲ့ နေရာရှိတယ်။ အဲဒီနေရာကိုခြံ စည်းရိုးခတ်လိုက်ရင်တော့ ဇုန် ကအကောင်အထည်ဖော်ပြီးသွား တဲ့အခြေအနေမျိုးမှာရှိပါတယ်။အဲဒါကို ကျွန်တော်တို့စလုပ်နေ ပြီ''ဟု ၄င်းကပြောသည်။
ထို့အပြင်ဒီဇင်ဘာလတွင် နယ်စပ်ကုန်စည် ပြပွဲပြုလုပ်မည် ဖြစ်ပြီးယင်းပြပွဲတွင် နယ်စပ်စီးပွားရေးဇုန်များတွင် မည်သည့် စက်မှုဇုန်များ ထူထောင်မည်၊ မည်ကဲ့သို့ဆောင်ရွက်ကြမည်ဆိုသည် များကို တရုတ်-မြန်မာနှစ်နိုင်ငံ အစိုးရအချင်းချင်း၊ လုပ်ငန်းရှင်အချင်းချင်းနှင့်နှစ်နိုင်ငံ Working Group အချင်းချင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းနှင့်ပတ်သက်ပြီး ဒုတိ ယဝန်ကြီး ဦးအောင်ထူးက''နယ်စပ်စီးပွားရေးဇုန်ကိုလုပ်ရမှာတော့ G to G ပဲ။ ဒါပေမဲ့ ပုဂ္ဂလိကလည်းပါဝင်အောင်ရောပေါ့။ ဥပမာ-သီလဝါစက်မှုဇုန်ဆိုရင် မြန်မာနဲ့ ဂျပန် G to G လုပ်တယ်။ အဲဒီမှာ အစိုးရအသိအမှတ် ပြုတဲ့ကုမ္ပဏီ တွေကိုပါဝင်ခွင့်ပေး တယ်။ နယ်စပ်မှာ စီးပွားရေးဇုန်မှာလည်းပဲ အစိုးရအသိအမှတ်ပြု တဲ့ ကုမ္ပဏီတွေကိုပါဝင်ခွင့်ပေး မယ်''ဟု ပြောသည်။
Credit: Yangon Media Group