ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
နိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက် လာနိုင်ရေးအတွက် ရည်ရွယ်ပြီး အစိုးရအနေနဲ့ အာရှနိုင်ငံတွေကို အထူးအလေးထားဖိတ်ခေါ်သွားဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။
နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့အတွက် အနောက်အုပ်စုဘက်ကစိတ်ဝင်စားမှု လျော့ကျလာနေမှုနဲ့ ရင်ဆိုင်နေရချိန်မှာ လက်ရှိမြန်မာအစိုးရကတော့ အာရှနိုင်ငံတွေကို ဗဟိုပြုမယ့် အဓိကရင်းနှီးမြှုပ်နှံမှု အစီအစဉ်တစ်ရပ်ကို စတင်လုပ်ဆောင်ထားလိုက်ပြီဖြစ်ပါတယ်။
" ကျွန်တော်တို့အနေနဲ့ကတော့ နိုင်ငံအတွက် ကောင်းမွန်တဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုးပမ်းရှာဖွေရမှာဖြစ်ပါတယ်၊ ဒီအတွက်လည်း ကျွန်တော်တို့ ဖန်တီးရယူသွားရမှာဖြစ်
နိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုဝင်ရောက်လာရေးဖိတ်ခေါ်ဖို့ ရည်ရွယ်ပြီး ယင်း ကမ်ပိန်းသစ်ကို မကြာသေးမီကမှထုတ်ဖော်ကြေညာထားခဲ့တာဖြစ်ပါတယ်။ ယင်းကို ဦးသောင်းထွန်းကတော့ "အရှေ့မျှော်ဝါဒ" လို့ ညွန်းဆိုသွားပါတယ်။ အဓိကအားဖြင့် ဂျပန်၊ကိုရီးယား၊ ဟောင်ကောင်နဲ့ အရှေ့တောင်အာရှတို့ကို အထူးရည်ရွယ်ပစ်မှတ်ထားတဲ့ ၀ါဒဖြစ်တယ်လို့ သိရပါတယ်။
ယင်းမှာ အိန္ဒိယကိုလည်း ထည့်သွင်းထားပါတယ်။ ယင်းအိန္ဒိယမှာလည်း အရှေ့သို့မဟုတ် အာရှမျှော်ဝါဒတစ်ရပ် ရှိနေပါတယ်။ ဒါပေမယ့် တရုတ်ကတော့မြန်မာအစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးရေး မဟာဗျူဟာမှာအဓိကကျတဲ့နေရာမှာ ဆက်လက်ပါဝင်နေဆဲ ဖြစ်ပါတယ်။
" အပြောင်းအလဲအတွက် အထောက်အကူ ဖြစ်မယ့် ရင်းနှီးမြှုပ်နှံမှုတွေကို ကျွန်တော်တို့ ရှာနေပါတယ်" လို့ ဦးသောင်းထွန်းက ပြောပါတယ်။
ဒါပေမယ့် ယင်းတို့ကတော့ နေ့ချင်းညချင်းမှာ ဖြစ်လာနိုင်မှာမ ဟုတ်ဘူးလို့လည်း ၎င်းက ၀န်ခံသွားပါတယ်။ ယင်းအတွက်ကြောင့် ရေတို၊ရေလတ်၊ရေရှည် အစီအစဉ်တွေ ရှိနေပြီး အထူးဦးစားပေး နယ်ပယ်တွေအလိုက် ကဏ္ဍတွေကို ခွဲခြားထုတ်ဖော်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် အစိုးရအနေနဲ့ ကုန်သွယ်လိုငွေ ပြမှုကို ကူညီသက်သာစေနိုင်ဖို့အတွက် ပို့ကုန်အားပေးရေး၊ ပြည်တွင်းက သွင်းကုန် အစားထိုး လုပ်ငန်းတွေအပေါ် အားပေးရေးအတွက် ဦးစားပေးလုပ်ကိုင်နေလျက် ရှိတယ်လို့သိရပါတယ်။
Credit: SFJ Strategy First Journal