လိုအပ်ချက်ရှိနေပေမဲ့ မဝယ်နိုင်သေးတဲ့ အိမ်ရာတွေ

လိုအပ်ချက်ရှိနေပေမဲ့ မဝယ်နိုင်သေးတဲ့ အိမ်ရာတွေ - Property News in Myanmar from iMyanmarHouse.com
8 Nov 2018 9:57 am တွင် တင်ခဲ့သည်
1089 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့မှာ အခြေချနေထိုင်လာတဲ့ လူဦးရေတွေ နေ့စဉ်နဲ့အမျှ တိုးတက်လာနေပြီး သူတို့တွေအတွက် အိမ်ရာလိုအပ်ချက်ဟာလည်း အမြန်ဆုံးဖြည့်ဆည်းပေးဖို့ လိုအပ်နေတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

အိမ်ရာလိုအပ်ချက်က အများအပြားရှိနေပေမဲ့ အိမ်ခြံမြေကဏ္ဍမှာ အရောင်းအဝယ်နှေးနေရတဲ့ အဓိကအချက် က လိုအပ်ချက်မရှိလို့မဟုတ်ဘဲ ပြည်သူတွေ စီးပွားရေးမကောင်းတဲ့အတွက်ကြောင့် မဝယ်နိုင်တာဖြစ်တယ်လို့စီးပွားရေးလုပ်ငန်းရှင်အများစုက သုံးသပ်ကြပါတယ်။

အိမ်ရာတွေထဲမှာ အဓိကအားဖြင့် သာမန်ပြည်သူတွေ နေထိုင်ဖို့ တန်ဖိုးနည်းနဲ့ တန်ဖိုးမျှတအိမ်ရာတွေဟာ လိုအပ်ချက်အများဆုံးဖြစ်နေပြီး ဒါတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေသာမက နိုင်ငံတော်အစိုးရအနေနဲ့ပါ ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ဆိုပါတယ်။

ယခင်အစိုးရလက်ထက်က စတင်ဆောက်လုပ်ခဲ့ပြီး ပြီးစီးတဲ့ တန်ဖိုးနည်းနဲ့ တန်ဖိုးသင့်အိမ်ရာတွေကို ယခုအစိုးရလက်ထက်မှာ ရောင်းချပေးနေပေမဲ့ အစိုးရအနေနဲ့ အခြေခံပြည်သူတွေအတွက် အိမ်ရာအသစ်တွေအကောင်အထည်မဖော်ပေးနိုင်သေးဘူးလို့ ဦးမျိုးမြင့်က ပြောပါတယ်။

အိမ်ရာလိုအပ်ချက်တွေ များနေသေးတဲ့ နိုင်ငံအတွက် အစိုးရဘက်က ဖော်ထုတ်ပေးနိုင်တဲ့ အခန်းကဏ္ဍက ပြီးခဲ့တဲ့ အစိုးရသက်တမ်းငါးနှစ်အတွင်းမှာတော့ မပြည့်မီခဲ့သေးဘူးလို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသာဌေးက ပြီးခဲ့တဲ့နှစ် မတ်လက ပြောပါတယ်။

"အိမ်ရာလိုအပ်ချက်က အများကြီးရှိနေပါတယ်။ ဒါပေမဲ့ အိမ်တန်ဖိုး၊ ဘဏ်ချေးငွေရဲ့ လိုအပ်ချက် များပြားမှုနဲ့ စီးပွားရေးမကောင်းတဲ့အတွက် ပြည်သူတွေအနေနဲ့ မဝယ်ချင်တာမဟုတ်ဘူး၊ မဝယ်နိုင်တာ"လို့ ဦးမျိုးမြင့်က ဆိုပါတယ်။

အစိုးရအနေနဲ့ တကယ်အိမ်လိုနေတဲ့ ပြည်သူတွေ အတွက် အိမ်ရာတွေကို အကောင်းမွန်ဆုံး ဖြည့်ဆည်းနိုင်ဖို့ အဓိကအနေနဲ့ ဆောက်လုပ်ဖို့ မြေ၊ အခြေခံ လမ်းတံတားနဲ့ ရေ၊ မီးတွေကို အလကားပေးနိုင်ရမှာဖြစ်ပြီး ဆောက်လုပ်တဲ့ ကန်ထရိုက်တွေအတွက် ဆောက်လုပ်ရေးပစ္စည်းတွေအပေါ် အခွန်မကောက်ဘူးဆိုရင်တော့ တကယ်အရည်အသွေးကောင်းပြီး တန်ဖိုးနည်းတဲ့ တိုက်ခန်းတွေ ပေါ်ထွက်လာလိမ့်မယ်လို့ ဦးမျိုးမြင့်က သုံးသပ်ပါတယ်။

"ဘဏ်တွေကိုလည်း အတိုးနှုန်း နည်းနည်းနဲ့ နှစ်ရှည်ချေးပေးနိုင်ပြီး လိုအပ်ချက်တွေကို လျှော့ပေါ့ တောင်းဆိုလာမယ်ဆိုရင် တော့ ထိုက်သင့်သလောက် ဖြည့်ဆည်းပေးနိုင်မယ်လို့ ထင်တယ်။ ဒါတောင် ၁၀ ရာခိုင်နှုန်းလောက်ပဲ ဖြည့်ဆည်းနိုင်မယ်၊ ၁၀ဝ ရာခိုင်နှုန်း မရနိုင်သေးဘူး"လို့ ဦးမျိုးမြင့်က ဆိုပါတယ်။

အစိုးရအနေနဲ့ အိမ်ရာကဏ္ဍမှာ ၂၀၃၀ ပြည့်နှစ်အထိ စုစုပေါင်း အိမ်ရာ တစ်သန်း ဆောက်လုပ်သွားဖို့ ရှိနေပါတယ်။ နှစ်နှစ်တာကာလအတွင်း တစ်နိုင်ငံလုံးမှာ စုစုပေါင်း အိမ်ခန်း ၁၀ç၉၂၄ ခန်း ဆောက်လုပ်ခဲ့ပြီး ၁၀ဝ ရာခိုင်နှုန်းပြီးစီးတဲ့ အခန်းပေါင်း ၅ç၇၄၈ ခန်းရှိပြီဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်တွေအရ သိရပါတယ်။

လက်ရှိမှာ ၇၀ ရာခိုင်နှုန်းပြီးစီးတဲ့ အခန်းပေါင်း ၅ç၁၇၆ ခန်းရှိပြီး လာမယ့် ၂၀၁၉ မတ်လကုန်မှာ ၁၀ဝ ရာခိုင်နှုန်းပြီးစီးမယ့် အခန်းပေါင်း ၁ç၅၇၀ ရှိလာမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် လာမယ့်သုံးနှစ်တာကာလအတွင်း အခန်းပေါင်း၈çဝ၀ဝ ကျော် ဆောက်လုပ်ရန်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက လျာထားပါတယ်။ ဒါ့ပြင် ဝန်ကြီးဌာနက အခန်းပေါင်း ၄çဝ၀ဝ ကျော်၊ ကုမ္ပဏီများဘက်က အခန်းပေါင်း ၆çဝ၀ဝ ကျော် စုစုပေါင်းအခန်းပေါင်း ၁၀çဝ၀ဝ ကျော်ကို ဏဏဏ စနစ်နဲ့ ဆောင်ရွက်သွားဖို့ ရှိနေကြောင်းလည်း ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။

အစိုးရအနေနဲ့ တန်ဖိုးနည်း၊ တန်ဖိုးသင့်နဲ့ တန်ဖိုးမြင့်အိမ်ရာတွေကို ဆောက်လုပ်ပြီး အိမ်ရာလိုအပ်ချက်တွေအတွက် ဖြည့်ဆည်းနေပြီး ဝယ်ယူသူတွေ ပိုမိုအဆင်ပြေ စေဖို့ နှစ်ရှည်အိမ်ရာချေးငွေတွေကိုလည်း ထုတ်ချေး ပေးလျက်ရှိနေပါတယ်။

ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကလည်း တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ခန်းတွေကို ပြည်သူတွေ အရစ်ကျစနစ်နဲ့ အလွယ်တကူ ဝယ်ယူနိုင်ဖို့ငွေထုတ်ချေးပေးနေပါတယ်။ အိမ်ခန်းတန်ဖိုးရဲ့ အနည်းဆုံး ၂၀ ရာခိုင်နှုန်းကို ကနဦး ပေးသွင်းရမှာဖြစ်ပြီး ကျန်ငွေအတွက် ဘဏ်တိုးနှုန်းက ရှစ်ရာခိုင်နှုန်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပမာဏက အနည်းငယ် များနေသေးတယ်လို့ ဆိုပါတယ်။

အမှန်တကယ် အိမ်ရာလိုအပ်သူတွေကတော့ ကြီးမြင့်တဲ့ အတိုးနှုန်းတွေနဲ့ အဆောက်အအုံရဲ့ အရည်အသွေးတွေကြောင့် နောက်ပိုင်းမှာ ဝယ်ယူဖို့ကို တွန့်ဆုတ်လာကြပါတယ်။

၂၀၁၈ ခုနှစ်က ရန်ကုန်မြို့မှာရှိတဲ့ အိမ်ရာတွေမှာ ဝယ်ယူဖို့ မဲပေါက်ခဲ့တဲ့အထဲက ၈၆၄ ဦးကို ရောင်းချပေးခဲ့ပေမဲ့ အဲဒီထဲက ရာဂဏန်းခန့်က ငွေမသွင်းနိုင်တာနဲ့ အခန်းမကြိုက်လို့ ပြန်အပ်ခဲ့ကြတယ်လို့ ပြည်သူ့အိမ်ရာရောင်းချရေးကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"အရင်ကတော့ အစိုးရရဲ့ တန်ဖိုးနည်းအိမ်ရာဝယ်ဖို့ ကြိုးစားသေးတယ်။ ကိုယ်တိုင်တင်မရတော့ သူများဆီက တစ်ဆင့် ပြန်ဝယ်ဖို့လုပ်တော့ ပေးရတဲ့ဈေးနဲ့ တိုက်ခန်းအရည်အသွေးက မတန်လို့ မဝယ်ဖြစ်တော့ဘူး"လို့ မြို့ထဲနဲ့ မဝေးလွန်းတဲ့ နေရာတစ်ခုမှာ အိမ်ဝယ်ဖို့ ကြိုးစားနေတဲ့ သင်္ဃန်းကျွန်းမြို့နယ်က မခိုင်ခိုင်အေး က ပြောပါတယ်။

နယ်ကနေ ပြောင်းရွှေ့လာတဲ့ အခြေချနေထိုင်သူတွေဟာ အိမ်အငှားနဲ့သာ နေထိုင်လေ့ ရှိကြပြီး အိမ်ဝယ်နိုင်ဖို့ နှစ်ရှည်ချေးငွေတွေ ရရှိနေပေမဲ့ အတိုးနှုန်းနဲ့ အခွန်နှုန်းတွေကြီးမြင့်တာကြောင့် ဝယ်ဖို့စိတ်ကူးရှိပေမဲ့ လက်ရှိအချိန်ထိ တွေဝေနေဆဲဖြစ်တယ်လို့ မခိုင်ခိုင်အေးက ဆိုပါတယ်။

လက်ရှိဈေးကွက်အတွင်းမှာ ငွေကျပ် တစ်သိန်းကနေ သုံးသိန်းဝန်းကျင်တိုက်ခန်းတွေ အငှားသွက်နေပြီး မြို့တွင်းနဲ့ အနည်းငယ်လှမ်းတဲ့ တောင်ဥက္ကလာ၊ လှိုင်နဲ့ မရမ်းကုန်း စတဲ့မြို့နယ်တွေမှာ အငှားရော အရောင်းပါ သွက်နေတယ်လို့ ဈေးကွက်အတွင်းမှ လေ့လာသိရှိရပါတယ်။

အစိုးရကရောင်းချတဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ဝယ်ယူသူတွေကလည်း အမှန်တကယ်နေထိုင်သူတွေထက် တစ်ဆင့်ခံ အမြတ်တင်ပြန်ရောင်းသူတွေက ပိုများနေပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် အမြတ်တင်ရင်း တန်ဖိုးနည်းအိမ်ရာတွေဟာ တန်ဖိုးတဖြည်းဖြည်းများလာပြီး အမှန်တကယ်အိမ်ရာလိုအပ်သူတွေအတွက် လုံလောက်အောင် မဖြည့်ဆည်းပေးနိုင်တော့ပါဘူး။ အစိုးရကကြေညာထားတဲ့အတိုင်း အိမ်ခန်းတွေ ပေါ်ထွက်လာပြီး အမှန်တကယ်လိုအပ်တဲ့ ပြည်သူလက်ထဲ ရောက်ဖို့ကတော့ ခက်ခဲနေဆဲဖြစ်ပါတယ်။

အိမ်ရာတွေက အများအပြားရှိနေပေမဲ့ အရည်အသွေးညံ့ဖျင်းမှုကြောင့်ဝယ်ယူသူ နည်းပါးလာပြီး အောင်မြင်တဲ့ အိမ်ရာရောင်းချရေးစနစ်တစ်ခု မဖြစ်လာသေးဘူးလို့ နျအအေန ပြညောမေ အိမ်ခြံမြေရောင်းဝယ်ရေးက ဒေါက်တာထူးမြတ်နိုင်က ပြောပါတယ်။

"အစိုးရမြေပေါ်မှာ ကုမ္ပဏီတွေကို ဆောက်လုပ်ခွင့်ပြုလိုက်၊ ဈေးနှုန်းတစ်ခုသတ်မှတ်လိုက်ပြီး ကြိုက်တဲ့သူဝယ်လို့ရတဲ့စနစ် ပြောင်းလိုက်မယ်ဆိုရင် တကယ်အိမ်ရာလိုအပ်တဲ့သူတွေအတွက် တစ်ဖက်တစ်လမ်းက အထောက် အကူပြုနိုင်ပါလိမ့်မယ်"လို့ ဒေါက်တာထူးမြတ်နိုင်က ဆိုပါတယ်။

မြို့တွင်းမှာ လူဦးရေသိပ်သည်းနေပြီး လူနေထူထပ်နေတာကို လျှော့ချနိုင်ဖို့အတွက် မြို့ပြင်မှာ ဖွံ့ဖြိုးတိုးတက်လာပြီး အခြေခံအဆောက်အအုံနဲ့ လမ်းတံတားတွေကောင်းမွန်စေဖို့ ဦးစားပေးလုပ်ဆောင်သင့်တယ်လို့ ၎င်းကဆိုပါတယ်။ လမ်းပန်းဆက်သွယ်ရေး လျင်မြန်ကောင်းမွန်လာမှသာ မြို့ထဲမှာထူထပ်မနေဘဲ မြို့ပြင်ကို ဖြန့်ကြက်နေထိုင်လာကြမှာ ဖြစ်တယ်လို့လည်းပြောပါတယ်။

မြန်မာနိုင်ငံမှာ နေစရာအခက်အခဲဖြစ်နေတဲ့ ပြည်သူတွေရဲ့ဘဝကို မြှင့်တင်ပေးခြင်းအားဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးရာရောက်မှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုဝင်ဘာ ၂ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

"ရန်ကုန်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးပွားလာတာကြောင့် အမြို့မြို့အနယ်နယ်ကနေ ပြောင်းလာကြတဲ့သူတွေ များပါတယ်။ ဒီရွှေ့ပြောင်းလာသူတွေဟာ နေရေးအတွက် ရန်ကုန်မှာ အခက်အခဲဖြစ်နေတာ ဖြစ်ပါတယ်"လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

ရန်ကုန်မြို့ပေါ်မှာ နေစရာမရှိဘဲ ကျူးကျော်နေထိုင်တဲ့ အိမ်ထောင်စုပေါင်း တစ်သိန်းခွဲကျော်ရှိပြီး လူဦးရေအရ လေးသိန်းဝန်းကျင်ခန့်ရှိကြောင်း၊ ဒါ့ကြောင့် အစိုးရဝန်ထမ်းတွေ၊ ကုမ္ပဏီဝန်ထမ်းတွေနဲ့ ကျူးကျော်နေထိုင်သူတွေအတွက် အိမ်ရာအခန်းပေါင်း သုံးသိန်းခန့် တည်ဆောက်ရန် လိုအပ်မှာဖြစ်ကြောင်း လည်း ဝန်ကြီးချုပ်က ဆိုပါတယ်။

 

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကဇာတ်ရုံကြီးတွင် အိမ်ရာမဲ့ ဒုက္ခသည်များ ဝင်ရောက်နေထိုင်လျက်ရှိသောကြောင့် ကဇာတ်ရုံ၏ပွဲများအ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
Magical World
Pan Swal Taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service