ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
Harrow Education ဟာ ဝန်ကြီးများရုံးနေရာမှာရှိတဲ့ (၁၄,၀၀၀)စတုရန်းပေရှိ အကျယ်အဝန်းမှာ ကျောင်းသားလူငယ်ပေါင်း (၂၀၀)ကျော်ကို သင်ကြားပေးနိုင်တော့မှာဖြစ်ပြီး (၂၀၁၈)နှစ်ကုန်ပိုင်းကနေ စတင်ကျောင်းအပ်လက်ခံသွားမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
Chindwin-PSB Institue ကျောင်းရဲ့ University Director ဖြစ်သူ Kan Win Oung က ‘ ပညာရေးဆိုတာ မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ်ခေါင်းဆောင်တွေကို လေ့ကျင့်သင်ကြားပေးနေပြီး နိုင်ငံရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတဲ့ အဓိက ကဏ္ဍတစ်ခုဖြစ်တယ်၊ အခုလို Harrow Education နဲ့ ပူးပေါင်းဆောင်ရွက်တာဟာ ဝန်ကြီးများရုံးဟာ မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍအပေါ်ထားရှိတဲ့ လေးနက်တဲ့ သဘောထားကို ပြသလိုက်တာဖြစ်တယ် ‘ လို့ ပြောပါတယ်။
ဝန်ကြီးများရုံးဟာ စင်ကာပူအခြေစိုက် Harrow Education နဲ့ ပူးပေါင်းပြီး Centre of Excellence အမည်ရှိ ကျောင်းဖွင့်လှစ်ဖို့ သဘောတူစာချုပ်တစ်ခု ရေးထိုးခဲ့ပါတယ်။ အဲသည်ကျောင်းမှာ ကမ္ဘာ့ဒစ်ဂျစ်တယ်ခေတ်စနစ်အသစ်နဲ့ အညီသင်ကြားပေးနိုင်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးနဲ့ အကြီးဆုံးသင်ကြားရေးစင်တာကြီးတစ်ခု ဖြစ်လာစေဖို့ မျှော်မှန်းလုပ်ဆောင်သွားမှာ ဖြစ်တယ်။
လုပ်ငန်းခွင့်လိုအပ်ချက်နဲ့ သင်ကြားရတဲ့ ဘာသာရပ်တွေ ကွာဟမှုရှိနေတာနဲ့ပက်သက်ပြီး အခုနှစ် အစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ နည်းပညာနဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်လေ့ကျင့်သင်ကြားရေး (TVET) ညီလာခံမှာ ထုတ်ဖော်ပြောကြားခဲတယ်။ အဲသည် ကွာဟချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ Harrow Education အနေနဲ့ မြန်မာနိုင်ငံရှိ ကျောင်းသားလူငယ်တွေအတွက် လုပ်ငန်းခွင်လိုအပ်ချက်နဲ့ ပိုမိုကိုက်ညီတဲ့ စွမ်းရည်အမျိုးမျိုးကို သင်ကြားပေးနိုင်တဲ့ အခွင့်အလမ်းတွေကို ဖန်တီးပေးမှာ ဖြစ်တယ်။
Credit: The Kumudra