ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ဘိလပ်မြေများကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ကုန်သွယ်ရေးလမ်းကြောင်းတို့မှ ပိုမိုမှာယူတင်သွင်းလျက်ရှိသည် ။
စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သတင်းများအရ အောက်တိုဘာ ၇ရက်မှ ၁၃ ရက် အထိ သီတင်းပတ်အတွင်း ပင်လယ်ရေးကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၅၉၁၇၄၅ ဒေါ်လာ တန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၆၀၆၀ ဒသမ ၅၇၅ တန်နှင့် အောက်တိုဘာလ ၆ရက်မှ ၁၂ ရက်အထိ သီတင်းပတ်အတွင်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ ဘိလပ်မြေတန်ချိန် ၄၂၅၀ တန်ကျော် တင်သွင်းခဲ့ကြောင်း သိရသည် ။
ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ တင်သွင်းခဲ့သည့် ဘိလပ်မြေများကို ဗီယက်နမ်နှင့်ထိုင်းနိုင်ငံများမှ တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံမှ ၅၄ တန်နှင့် ထိုင်းနိုင်ငံမှ ၆၀၀၆ ဒသမ ၅၇၅ တန်တင်သွင်းခဲ့ခြင်းဖြစ်သည် ။အောက်တိုဘာလဆန်းပိုင်းက ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန်သုံးရာ့ရှစ်ဆယ်ခန့်သာရှိနေသဖြင့် တန်ချိန် ၅၆၈၀ ကျော် ပိုမိုတင်သွင်းခဲ့ခြင်းဖြစ်သည် ။
ထို့အတူ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ ဘိလပ်မြေတင်သွင်းရာတွင်လည်း အောက်တိုဘာလဆန်းပိုင်းက ဘိလပ်မြေတန်ချိန် ၄၀၁၀ တန်ကျော်သာ တင်သွင်းနိုင်ခဲ့ပြီး အောက်တိုဘာ ၆ ရက်မှ ၁၂ ရက်အထိ သီတင်းပတ်အတွင်း နယ်စပ်လမ်းမှ တန်ချိန် ၄၂၅၀ ကျော် တင်သွင်းခဲ့သဖြင့် ဘိလပ်မြေတန်ချိန် ၂၄၀ ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည် ။
လက်ရှိပြည်တွင်းဈေးကွက်တွင် ဘိလပ်မြေ တစ်အိတ်ဈေးနှုန်းများမှာ ဆင်မြန်မာ ကျပ် ၄၆၅၀ ၊ ဆင် (ထိုင်း) ကျပ် ၅၇၅၀ ၊ ကြံ့ (မြန်မာ) ကျပ် ၄၈၀၀ ၊ ကြံ့ နှစ်ကောင် (အနီ) ကျပ် ၄၇၀၀ ၊စိန် (ထိုင်း) ကျပ် ၅၅၀၀ ၊ ရွှေဖြူကျပ် ၄၈၀၀ ၊ အေသုံးလုံးကျပ် ၄၅၀၀ ၊ အယ်လ်ဖာကျပ် ၄၆၀၀ ၊ ဘလူးဒိုင်းမွန်းကျပ် ၄၈၀၀ ၊ ခရောင်းကျပ် ၅၀၀၀ ၊ အပါချီ ၄၂၀၀ ကျပ် ပေါက်ဈေးရှိနေကြောင်း သိရသည် ။
Credit: ဈေးကွက်ဂျာနယ်