ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်း တည်ဆောက်ရေးအတွင်း ကျရောက်နေသည့် ကျူးကျော်များအား စာရင်းကောက်ယူမှု ပြီးစီးသွားပြီလို့ သိရပါတယ်။
အခုလိုပွင့်လင်းရာသီမှာ လေဆိပ်ကျူးကျော်သူများအား လျော်ကြေးငွေပေးအပ်ခြင်း၊ လေယာဉ်ကွင်းပတ်လမ်း ဖောက်လုပ်ခြင်း၊ ခြံစည်းရိုးကာရံသည့် လုပ်ငန်းများဆောင်ရွက်ရန်ရှိနေတယ်လို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောဆိုမှုအရသိရပါတယ်။
ကျူးကျော်စာရင်းကောက်ယူခြင်း၊ နစ်နာကြေးပေးအပ်ခြင်း၊ ပြန်လည်နေရာချထားခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ရမှာဖြစ်ပြီး လက်ရှိစာရင်းကောက်ယူမှုအဆင့် ပြီးစီးခဲ့ပြီလို့သိရပါတယ်။
ထိုကဲ့သို့ကျူးကျော်စာရင်းကောက်ယူမှုကို အဆင့် ၃ ဆင့်ထားပြီးကောက်ယူခဲ့ပြီး ဘုန်းကြီးကျောင်း ၉ ကျောင်း၊ အခိုင်အမာလူနေအိမ် ၃၆၄ လုံးနဲ့ ယာယီတဲ ၃၆၁ လုံးပါ ဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင်သီးနှံစိုက်ပျိုးထားရှိသည့် စိုက်ပျိုးသူ ၅၃၃ ဦးတိုကို့လည်း လျော်ကြေးငွေအမြန်ပေးအပ်နိုင်ရန် တိုင်းအစိုးရအဖွဲ့မှ လေကြောင်းဦးစီး ဌာနနှင့် တိုင်းအစိုးရတာဝန်ရှိသူများ အောက်တိုဘာ ၂၉ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။
Credit: SFJ Strategy First Journal