ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ယခု ရက်ပိုင်း မန္တလေးမြို့ အိမ်ခြံမြေ ဈေးကွက်တွင် မြို့တွင်းထက်မြို့သစ်ဘက်အတွင်း ကျပ်သိန်း ၅၀ဝ မှ ကျပ်သိန်း ၁၀ဝ၀ ကြား ပေါက်ဈေးရှိ အိမ်ခြံမြေများမှာ အရောင်း အ
မြို့တွင်းပိုင်းမှာဆိုရင် အိမ်ခြံ မြေရောင်းဈေးနှုန်းတွေက ဒီနှစ်အ တွင်းမှာ နေရာပေါ်မူတည်ပြီးတော့ ၁၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင် နှုန်းအထိလောက်ကို ကျဆင်းလာပေမယ့် ဝယ်လိုအားက သိပ်မရှိပါ ဘူး။ စီးပွားရေးလုပ်ငန်းရှင်တွေက အခုလိုဈေးကျနေတဲ့အချိန်မှာ ရင်း နှီးမြှုပ်နှံဖို့ စိတ်ဝင်တစားဝယ်ယူလို ကြတာတွေရှိပါတယ်။ လောလောဆယ် မြို့သစ်ပိုင်းနဲ့ မြို့အနောက် ဘက်ခြမ်းပိုင်းက ကျပ်သိန်း ၅၀ဝ ကနေ ကျပ်သိန်း ၁၀ဝ၀ အတွင်း ပေါက်ဈေးရှိတဲ့နေရာတွေနဲ့ မြို့အရှေ့ဘက် ပုသိမ်ကြီးဘက်က မြေနေရာတွေမှာ အဝယ်များလာပါတယ်""ဟု မန္တလေးမြို့ အိမ်ခြံမြေ အကျိုးတော်ဆောင် ဦးထွန်းမြင့်က နိုဝင်ဘာ ၄ ရက်တွင် ဒီမိုကရေစီ တူဒေးသို့ ပြောကြားသည်။
ချမ်းမြသာစည်မြို့နယ်ရှိ မြ ရည်နန္ဒာ၊ ထွန်တုံး၊ သင်ပန်းကုန်း ဘက်တို့တွင် လုံးချင်းအိမ်များကို ငှားရမ်းမှုပိုများလာပြီး ငှားရမ်းခမှာ တစ်လလျှင် ကျပ်ငါးသိန်းဝန်းကျင် အထိရှိကြောင်း၊ မြို့တွင်းလူစည် ကားရာနေရာများရှိ စီးပွားရေးလုပ် ကိုင်ရင်း လူနေထိုင်နိုင်သည့် တိုက် ခန်းများကို လုပ်ငန်းရှင်များက ငှားရမ်းကြပြီး ငှားရမ်းခများမှာ ပေ ၂၀ နှင့် ပေ ၄၀ အကျယ်အဝန်းရှိ အခန်းတစ်ခန်းလျှင် တစ်လငှား ရမ်းခကျပ် ၁၀ သိန်းဝန်းကျင်အ ထိရှိကြောင်း၊ လက်ရှိ မန္တလေးအိမ် ခြံမြေ ဈေးနှုန်းများမှာ မြရည်နန္ဒာ မြို့သစ်ပိုင်း၊ လမ်း ၅၀၊ ၅၁ လမ်း၊ ၅၂ လမ်းဘက်ရှိ လမ်းမေးတင် မြေကွက်များ ငွေကျပ်သိန်း ၁၀ဝ၀ ဝန်းကျင်၊ လမ်းကြားကွက်များတွင် ငွေကျပ်သိန်း ၄၀ဝ မှ ငွေကျပ်သိန်း ၇၀ဝကြားအထိ တတ၊ ထထ၊ ဒဒ အပိုင်းတို့တွင် ငွေကျပ်သိန်း ၅၀ဝ ဝန်းကျင်၊ စက်မှုဇုန်အနီး လမ်းမြေ တင်မြေကွက်များမှာ ငွေကျပ်သိန်း ၈၀ဝ မှ ငွေကျပ်သိန်း ၂၀ဝ၀ အ ထိ အသီးသီးရှိကြောင်း ဈေးကွက် မှသိရသည်။
Credit: Democracytoday