ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ဒီချုပ်အစိုးရလက်ထက် ဒုတိယအကြိမ် ကျင်းပသည့် ကြားဖြတ်ရွေး ကောက်ပွဲနေ့တွင် ကန်ဒေါ်လာ တန်ဖိုး တစ်ဒေါ်လာ ၁,၅၉၀ ကျပ်ခန့်သို့ အနည်းငယ်ကျဆင်းလာသည်။
ပြည်တွင်းရွှေဈေးသည် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၅,၀၀၀ ခန့် ဈေးကျပြီး ပြည် တွင်း အခေါက်ရွှေဈေးမှာ တစ် ကျပ်သားလျှင် ကျပ် ၁,၀၄၄,၀၀၀ မှ ၁,၀၃၈,၅၀၀ သို့ ကျဆင်းလာသည်။ ရုံးပိတ်ရက်ဖြစ်ခြင်း ကြောင့် ပြည်တွင်းငွေဈေးကွက် နှင့် ရွှေဈေးအနည်းငယ်ကျဆင်း ခြင်းဖြစ်သည်ဟု စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောသည်။
သီတင်းကျွတ်ရုံးပိတ်ရက်အ ပြီး ကုန်ပစ္စည်းများ တင်သွင်းရန် ပြည်ပငွေလွှဲပေးပို့မှုများ ရှိနေခြင်း ကြောင့် အောက်တိုဘာလကုန် တွင် ကန်ဒေါ်လာတန်ဖိုးတစ်ဒေါ် လာ ကျပ် ၁,၆၀၀ သို့ ပြန်လည် မြင့်တက်လာသည်။
ကန်ဒေါ်လာ တန်ဖိုးသည် အမြင့်ဈေးတွင် တည်ငြိမ်နေပြီး နိုဝင်ဘာ ၃ ရက် အစိုးရရုံးပိတ် ရက် ကြားဖြတ်ရွေးကောက်ပွဲနေ့တွင် တစ်ဒေါ်လာလျှင် ၁၀ ကျပ်ဈေးပြန်ကျသည်။
ဒေါ်လာတန်ဖိုး အနည်းငယ် ကျဆင်းသော်လည်း ၀ယ်လိုအားနည်းကြောင်း ငွေကြေးဝန်ဆောင် မှု လုပ်ကိုင်သူ တစ်ဦးက ပြော ကြားသည်။
ပြည်တွင်း ငွေကြေးဈေး ကွက်က အောက်တိုဘာလကုန် ပိုင်းမှစ၍ ဒေါ်လာတန်ဖိုး ပြန် လည်မြင့်တက်လာခြင်းသည် ပွင့်လင်းရာသီ သွင်းကုန်အတွက် ငွေလွှဲမှုများခြင်းကြောင့်ဖြစ်ကြောင်း ငွေကြေးဝန်ဆောင်မှု လုပ်ကိုင်နေသူအချို့က ပြောကြားသည်။
ထို့အပြင် မူဆယ်မြို့မှ တရုတ်နိုင်ငံသို့ ဆန်၊ ပြောင်းဖူး စေ့၊ သကြား အပါအ၀င် ကုန် ပစ္စည်းများ တင်ပို့နိုင်မှု မရှိခြင်း ကလည်း ပြည်တွင်းတွင် ကန်ဒေါ် လာရှားပါးမှု ဖြစ်စေသည်ဟု ပို့ ကုန်လုပ်ငန်းရှင်အချို့က သုံးသပ်သည်။
Credit: 7Daydaily