ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
အမေရိကန် ဒေါ်လာငွေလဲနှုန်းမှာ နိုဝင်ဘာ ၁ ရက်တွင် ကျပ် ၁၆၀၀ ကျော်သို့ ရောက်ရှိလာပြီး ၁၆ ပဲရည် အ ခေါက်ရွှေဈေးမှာလည်း တစ်ကျပ် သားကို ကျပ် ၁၀၄၀၀၀၀ နှုန်း ဖြင့် ထပ်မံစံချိန်တင်မြင့်တက်သွား ကြောင်း သိရသည်။
"ပို့ကုန်ရငွေဈေးက ၁၆၀၅ ကျပ်ပါ။ အရွက်ဈေးကတော့ ၁၅၉၅ ကျပ်နဲ့ အရောင်းအ၀ယ် ကတော့ ဖြစ်နေပါတယ် " ဟု နိုင်ငံ ခြားငွေကြေးဈေးကွက်အတွင်းမှ အကျိုးဆောင်တစ်ဦးက နိုဝင်ဘာ ၁ ရက်က ဒီမိုကရေစီတူဒေးသို့ပြောသည်။
လတ်တလော ကန်ဒေါ်လာ ငွေလဲနှုန်းမြင့်တက်လာရခြင်းမှာ အမေရိကန်ငွေတန်ဖိုး မြင့်တက် နေခြင်းကြောင့်ဖြစ်ကြောင်း နိုင်ငံ ခြားငွေကြေးလေ့လာသူများကဆို သည်။
ယင်းသို့ဒေါ်လာဈေးမြင့်တက် နေမှုကြောင့် ပြည်တွင်းရွှေဈေး သည်လည်း လိုက်ပါမြင့်တက်လာ ရကြောင်း၊ ဈေးမြင့်တက်လာသော် လည်း အရောင်းအ၀ယ်ဖြစ်လျက် ရှိကြောင်း တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောသည်။
"ဒီနေ့ ၁၆ ပဲရည်ဈေးက တော့ ကျပ်ဆယ်သိန်းလေးသောင်း ပါ။ အရောင်းအ၀ယ်လည်းဖြစ် တယ်။ ဒေါ်လာဈေးတက်လို့ လိုက် တက်လာတဲ့သဘောပါ "ဟု ၎င်းင်း ကပြောသည်။
ကန်ဒေါ်လာငွေလဲနှုန်းသည် အောက်တိုဘာလအတွင်း အတက် အကျ တည်ငြိမ်ခြင်းမရှိဘဲ အောက် တိုဘာလပထမပတ်တွင် ကျပ် ၁၅၃၀ ၀န်းကျင်၊ ဒုတိယပတ်တွင် ကျပ် ၁၅၉၀ နှင့် တတိယပတ်တွင် ကျပ် ၁၅၇၀ ၀န်းကျင် အသီးအသီး ဖြစ်ပေါ်ခဲ့ပြီး နိုဝင်ဘာ ၁ ရက်တွင် ၁၆၀၅ ကျပ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။
"ပို့ကုန်ရငွေက အခု အရွက် ဈေးထက်မြင့်လာတယ်။ ပြီးခဲ့တဲ့ လတွေကတော့ အရွက်ဈေး အောက်ရောက်ခဲ့တာပေါ့။ ပို့ကုန် သွင်းကုန်တွေ လိုအပ်လို့ ၀ယ်တဲ့ သူတွေလည်း ရှိနေတာပါတယ်" ဟု ပို့ကုန်ရငွေဈေးကွက်အတွင်းမှ အကျိုးဆောင်တစ်ဦးက ပြော သည်။
လက်ရှိ ပြင်ပကန်ဒေါ်လာငွေ လဲနှုန်းသည် ၁၆၀၅ ကျပ် ၀န်း ကျင်ရှိပြီး ပုဂ္ဂလိကဘဏ်ငွေလဲ နှုန်းမှာ ကျပ် ၁၅၉၀ ၀န်းကျင် ဖြစ်ကာ ဗဟိုဘဏ်ရည်ညွှန်းငွေ လဲနှုန်းမှာ ၁၅၆၅ ကျပ်ဖြစ်သည်။
Credit: Yangon Media Group