ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
သပိတ်ကျင်းမြို့နယ် တွင် တပ်မတော်က ပြန်လည်စွန့် လွှတ်သော သိမ်းဆည်းမြေဧက တစ်ထောင်ကျော်ကို အောက် တိုဘာ ၃၀ ရက်က ဒုသမ္မတတက် ရောက်ကာ လယ်ယာမြေယာယီ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃) ပေးအပ်းခဲ့ပြီး မြေပြန်မရသော သိမ်းဆည်းခံတောင်သူအချို့က စာတင်တိုင်ကြားခဲ့သည်။
တပ်ရင်း၊ တပ်ဖွဲ့များမှ သိမ်းဆည်းကာ စွန့်လွှတ်ထားသော မြေဧက ၂,၆၀၀ ခန့်အနက် စိစစ် ပြီး မြေဧက ၁,၁၀၀ ကျော်ကို တောင်သူ ၁၂၄ ဦးထံ ပုံစံ(၃)ကို သပိတ်ကျင်း မြို့တော်ခန်းမတွင် ပေးအပ်ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဦးတင်မြင့်ဆွေကပြောကြား သည်။
‘‘စီမံကိန်းဆောင်ရွက်တာ တွေ၊ တပ်ရင်း၊ တပ်ဖွဲ့ ဖွဲ့စည်းပုံ ဆောင်ရွက်တဲ့ အခါတွေမှာ တောင်သူတွေရဲ့ မြေတွေသိမ်း ဆည်းခံခဲ့ရတယ်။ ဒီလိုဆုံးရှုံးနစ် နာမှုတွေကို အတတ်နိုင်ဆုံး ဆောင်ရွက်ဖို့ စီမံကိန်းမလုပ်တဲ့ မြေတွေ၊ နိုင်ငံအကျိုး၊ ပြည်သူ အကျိုးအတွက် မရှိတော့တဲ့မြေ တွေ၊ လိုတာထက် ပိုသိမ်းခဲ့တဲ့ မြေတွေကို ပြန်လည်စွန့်လွှတ်ခြင်း ဖြစ်ပါတယ်’’ဟု ဒုသမ္မတဦးဟင် နရီဗန်ထီးယူက လယ်ယာမြေပေး အပ်ပွဲတွင် ပြောကြားသည်။
၂၀၀၀ ပြည့်နှစ်တွင် တပ်မ တော်(၁၁၉)ခြေလျင်တပ်ရင်းက ဖိုကုန်းကျေးရွာအုပ်စုရှိ မြေဧက ၂၅၀ ခန့်ကို တောင်သူ ၃၃ ဦးထံ မှ သိမ်းယူပြီး ယမန်နေ့ ပြန်လည်
စွန့်လွှတ်ပွဲတွင် တောင်သူ ၃၀ ဦးသို့သာ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း အဆိုပါ ကျေးရွာနေ မြေ ၂၅ ဧကသိမ်းဆည်းခံ တောင်သူ ဦးညီညီက ပြောသည်။
‘‘စိစစ်တဲ့ထဲမှာ ကျွန်တော် တို့ မြေပါတယ်။ အခုပြန်လည် လွှဲပေးတော့ ကျွန်တော်တို့မြေမ ပါဘူး။ ဒုသမ္မတနဲ့ တွေ့ဆုံဖို့ တောင်းတာ ခန်းမထဲကိုတောင် ၀င်ခွင့်မပေးဘူး။ တိုင်ကြားစာ တော့ ထည့်ပေးလိုက်တယ်’’ဟု ဦးညီညီက ပြောသည်။
မန္တလေးတိုင်းတွင် သိမ်း ဆည်းခံမြေများနှင့် ပတ်သက်၍ မြေဧက ၁၅,၈၀၀ ကျော် စွန့်လွှတ် အပ်နှံထားပြီး ဧက ၆,၀၀၀ ကို မူလတောင်သူများထံသို့ ပြန် လည် လွှဲပြောင်းအပ်နှံထားကာ ဧက ၉,၀၀၀ ကျော် စွန့်လွှတ်ရန် ကျန်ရှိနေကြောင်း မန္တလေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင်က အဆိုပါ မြေယာပေး အပ်ပွဲ၌ ပြောသည်။
Credit: 7Daydaily