ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
မြန်မာနိုင်ငံ၏ နံပါတ်တစ်အိမ်ခြံမြေ ရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သည့် iMyanmarHouse.com မှ ကြီးမှူး၍ မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့ နယ်အတွင်း မန္တလေး~မိုးကုတ် အမြန်လမ်း ၈ မိုင် ၄ ဖာလုံ ရှိ မန်းဧကရာဇ် အဆင့်မြင့်လုံးချင်းအိမ်ရာအရောင်းပြပွဲ ကို ၂၀၁၈ ခုနှစ် ၊ နိုဝင်ဘာလ ၃ ရက်နေ့ နှင့် ၄ရက်နေ့များတွင် အဆိုပါ စီမံကိန်းတည်ရှိရာ အိမ်ရာဝန်းအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါစီမံကိန်းကို သန္တိသစ္စာ ကုမ္ပဏီ နှင့် မြန်မာဧကရာဇ် အများပိုင် ဆောက်လုပ်ရေးကုမ္ပဏီတို့ မှ စုစုပေါင်း မြေဧက (၆၅) ဧကပေါ်တွင် မြေကွက်ပေါင်း (၅၈၈) ကွက် ဖော်ဆောင်နေခြင်းဖြစ်သည်။ အလျားပေ ၆၀ ၊ အနံပေ ၄၀ ကျယ်ဝန်းသော မြေကွက်များကို သိန်း ၆၅၀ ခန့်မှ စတင်ဝယ်ယူနိုင်မည် ဖြစ်ပြီး ဝယ်ယူသူများအနေဖြင့် မိမိအမည်ပေါက် ဂရမ်ရရှိမည်ဖြစ်သည်။ လုံးချင်းအိမ်များအားလည်း ရွေးခြယ်ဝယ်ယူနိုင်မည်ဖြစ်ပြီး အဆောက်အဦးအနေဖြင့် ပေ ၃၀ ၊ ပေ ၄၀ RC နှစ်ထပ် လုံးချင်းများတွင် ရေ ၊ မီးအစုံပါဝင်မည် ဖြစ်သည်။
အိမ်ရာစီမံကိန်းအတွင်းတွင် ဟိုတယ် ၊ ပန်းခြံ ၊ ဆေးရုံ ၊ ဈေးဝယ်စင်တာများ ၊ ဘဏ်များ ၊ အားကစားကွင်းများ ထည့်သွင်းတည်ဆောက်မည်ဖြစ်ပြီး ၂၄ နာရီလုံခြုံရေး ၊ သန့်ရှင်းရေးတို့ ထားရှိပေးမည် ဖြစ်သည်။
မန္တလေးဒေသ၏ အထင်ကရ တောင်ပြုန်းပွဲ ကျင်းပရာနေရာအနီးတွင် တည်ရှိသောကြောင့် ယခုစီမံကိန်းမှ နိုင်ငံတော်အတွက် ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးရန် နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းပိုမိုများပြားရန် ရည်ရွယ်ကြောင်း သိရသည်။
" ကျွန်တော်တို့ iMyanmarHouse.com မှ ကျင်းပမယ့် အရောင်းပြပွဲအတွင်း ဝယ်ယူပါက ၁၀% မှ ၁၅% အထိ သက်သာတဲ့ နှုန်းထားတွေ ၊ ယခင်က မပေးဖူးတဲ့ အရစ်ကျ ငွေချေစနစ်တွေနဲ့ အားလုံးအဆင်ပြေပြေ ဝယ်ယူနိုင်အောင် ဆောင်ရွက်ထားပေးပါတယ်။ ပြပွဲကို လာရောက်လေ့လာဖို့ မန္တလေးမြို့ နဲ့ အနီးဝန်းကျင်မှာရှိတဲ့ မြို့ တွေအားလုံးက မိဘပြည်သူများအားလုံးကို ဖိတ်ကြားအပ်ပါတယ်။ " ဟု အရောင်းပြပွဲ စီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူမှ ပြောကြားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)