ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
မွန်ပြည်နယ်တွင် ယခုဘဏ္ဍာနှစ်အတွင်း ရုံးနှင့်ဝန် ထမ်းအိမ်ရာ ဖွံ့ဖြိုးရေးလုပ်ငန်း များအတွက် ကျပ်သန်း ၅,၀၀၀ ကျော် အသုံးပြုမည်ဟု ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။
ယခု ဘဏ္ဍာနှစ်(၂၀၁၈-၁၉)တွင် မော်လမြိုင်၊ သထုံ၊ မုဒုံ၊ကျိုက် ထို၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်မရော၊ ချောင်းဆုံ၊ ပေါင်၊ ဘီးလင်းမြို့နယ်တို့၌ ရုံးနှင့် ၀န်ထမ်းအိမ်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းမျာအတွက် စုစုပေါင်း ကျပ်သန်း ၅,၀၀၀ ကျော်(၅,၁၆၉ ဒသမ ၅၉၅) အသုံးပြုမည်ဖြစ်ကြောင်း ၂၀၁၈-၁၉ ရသုံးမှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များတွင် ထုတ်ပြန်ထားသည်။
‘‘မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနကနေပြီးတော့ မြို့နယ် လေးခုမှာ ၀န်ထမ်းအိမ်ရာ ခြောက်လုံး ဆောက်ဖို့ ရှိတယ်။ အိမ်ရာတစ်ခုကို လေးထပ်၊ လေးခန်းတွဲဆောက်မယ်။ ဒီဘဏ္ဍာနှစ် အတွက် ၀န်ထမ်းအိမ်ရာ တည် ဆောက်ဖို့ ကျပ် ၁,၄၄၅ ဒသမ ၃၂၅ သန်း ရရှိထားတယ်။ လို အပ်ချက် အခြေအနေ မြင့်မားတဲ့ နေရာ၊ လိုအပ်ချက်များတဲ့ နေရာ ကို ဦးစားပေးပါတယ်’’ဟု မွန် ပြည်နယ်ညွှန်ကြားရေးမှူးရုံး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ယခုဘဏ္ဍာနှစ်၌ မော်လမြိုင်မြို့နယ်တွင် သုံးလုံး၊ သထုံမြို့နယ်တွင် တစ်လုံး၊ သံဖြူ ဇရပ်မြို့နယ်တွင် တစ်လုံး၊ ရေး မြို့နယ်တွင် တစ်လုံး စုစုပေါင်း ခြောက်လုံး တည်ဆောက်မည်ဟု ဦးခင်မောင်ဝင်းက ဆိုသည်။
မွန်ပြည်နယ်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ၂၀၁၆ မှ ၂၀၁၈ ထိ တည်ဆောက် ပြီးသည့် အဆောက်အအုံ ၁၆၉ လုံးရှိပြီး အခန်း ၉၀၈ ခန်းရှိကြောင်း ဦးခင်မောင်ဝင်းက ဆိုသည်။
Credit: 7Daydaily