ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ဝါကျွတ်ကာလရောက်ရှိလာတာကြောင့် ရန်ကုန်မြို့တွင်း တိုက်ခန်း ၊ လုံးချင်းနှင့် မြေအဌားဈေးကွက်အားလုံး အခုရက်ပိုင်းအတွင်းယခင်ကထက်ပိုမိုကောင်းမွန်လာသည်ဟု အိမ်ခြံမြေအကျိုးဆောင်တချို့ကပြောသည်။
" အဌားတွေကတော့ မြို့တွင်းကော ဆက်စပ်မြို့နယ်တွေကော ဆင်ခြေဖုံးတွေမှာပါ အကုန်ပြန်ကောင်းလာတယ် အများစုကတော့ ကျပ်နှစ်သိန်းဝန်းကျင်လောက်ကနေ ကျပ်တစ်သိန်းလောက်တန်တွေအလုပ်ဖြစ်ကြတယ် ''လို့ ကံကောင်းအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးအောင်မိုးကပြောသည်။
အငှါးအများစုမှာ စပေါ်ပေးအဌားကိုအများစုဌားရမ်းလျက်ရှိပြီး စပေါ်ငွေပေါ်မူတည်ကာ ဈေးနှုန်းလျော့ကျတာမျိုးဖြင့်ဌားရမ်းမှု များပြားလျက်ရှိကြောင်းသိရသည်။လချုပ်ဌားရမ်းမှုများတွင်လည်း ယခင်ကခြောက်လအနည်းဆုံးချုပ်ဆိုတာသော်လည်းနောက်ပိုင်းတွင်သူံးလစာချုပ်ဖြင့်လချုပ်အငှါးများရှိလာကြောင်းသိရသည်။
ဒါ့အပြင်လမ်းမတန်းဆိုင်ခန်းနှင့်စီးပွားရေးလုပ်ကိုင်သည့်နေရာများမှဆိုင်ခန်းအဌားများသည်အများဆုံးနှစ်ရှည်ကိုနှစ်နှစ်ဝန်းကျင်ချုပ်ဆိုကြသော်လည်းဈေးနှုန်းမပြောင်းလဲစေရန်စာချုပ်တွင် သတ်မှတ်ဈေးနှုန်းကိုထည့်သွင်းပြီးငါးနှစ်ဝန်ကျင်အထိဈေးတမျိုးထဲဖြင့်ဌားရမ်းမှုများပြုလုပ်လျက်ရှိသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com