ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
မြန်မာနိုင်ငံတွင်လယ်မြေနှင့်ပတ်သတ်ပြီးတိကျသည့်လူနေထိုင်ခွင့်မပြုသော်လည်း လူထိုင်သူများနှင့်လူနေအိမ်များဆောက်လုပ်နေထိုင်လျက်ရှိကြောင်း သိရသည်။
" အများစုကတော့ငွေကြေးအရနည်းတယ် လူလည်းနေလို့ရတယ် အများစုလည်းဝယ်နေတယ် ဒါကိုပဲကြည့်ပြီးနေကြတယ် တကယ်တမ်းပြဿနာတက်တော့ရောင်းတဲ့သူကမရှင်းပေးဘူး ဝယ်တဲ့သူအပေါ်ပဲရာခိုင်နှုန်းပြည့်ကျရောက်မယ် အစိုးရနဲ့ဝယ်သူကြားပြသနာဖြစ်ကော''လို့ မြို့ပြနှင့်အိမ်ရာဖွံဖြိုးမှုဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကရှင်းပြသည်။
ရန်ကုန်မြို့၏လယ်မြေများသည် တရားဝင်ခွဲခြမ်းရောင်းချပိုင်ခွင့်မရှိသလိုတရားဝင်အိမ်ဆောက်လုပ်ခ့င့်မပြုထားသည့်မြေများဖြစ်သောကြောင့်ပိုင်ဆိုင်မှုတစူံတရာပြသရန်ခက်ခဲ့သည့်မြေများဖြစ်သည်။အဆိုပါမြေများကိုလက်ရှိတွင် လန၃၅ရရှိထားသူကမိမိစိတ်ကြိုက်ပေအလိုက်ပြန်လည်ရောင်းချတာမျိုးရှိသလိုအိမ်ခန်းဆောက်လုပ်ဌားရမ်းတာမျိုးလည်းပြုလုပ်လျက်ရှိကြောင်းသိရသည်။
၎င်းမြေဈေးများသည်ကျပ်သိန်း၂၀ဝန်းကျင်မှမြေနေရာအလိုက်သိန်းတစ်ရာလောက်အထိဈေးကွက်ရှိပြီးရပ်ကွက်ပုံစံလူနေထိုင်မှုများပြားသောကြောင့်စာချုပ်သဘောတရားနားမလည်သူအများစုဝယ်ယူမှုများလျက်ရှိကြောင်းသိရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com