ကမ်းနားလမ်း အငှားအိမ်ရာ တိုက်ခန်းများ ပြန်ရောင်းသူကို အရေးယူရန်မဖြစ်နိုင်ဟုဆို

ကမ်းနားလမ်း အငှားအိမ်ရာ တိုက်ခန်းများ ပြန်ရောင်းသူကို အရေးယူရန်မဖြစ်နိုင်ဟုဆို - Property News in Myanmar from iMyanmarHouse.com
29 Oct 2018 11:12 am တွင် တင်ခဲ့သည်
1133 ကြိမ် ကြည့်ရှု့ပြီး

ကျူးကျော်များအတွက် ဆောက်လုပ်ပေးထားသည့်ကမ်းနားလမ်းအငှားအိမ်ရာရှိ တိုက်ခန်းပြန်ရောင်းသူများကို အပြစ်ပေးအရေးယူရန် မဖြစ်နိုင်ကြောင်း မန္တလေးတိုင်းဝန်ကြီး ချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီက ကျူးကျော်နေထိုင်သူများအား စာရင်း ကောက်၍ အခန်း ၁,၅၀၀ ကျော် ဆောက်လုပ်ကာ အိမ်ထောင်စု ဇယားပြနိုင်သူများကို ငှားပေးခဲ့ ပြီးနောက် တစ်ဆင့်ပြန်လည်ငှား ရမ်းရောင်းချမှုများရှိခဲ့သည်။

‘‘ကျွန်တော်တို့ ပြန်လိုက်လို့ မရဘူး။ ကျူးကျော်တွေကိုတိုက် ပေါ်တင်ဖို့ကို တော်တော်ကြောက် နေတာ။တကယ်စာချုပ်ချုပ်ပြီး တော့ စာချုပ်ပါအတိုင်းလုပ်ရ မယ့်ဟာကို ကျွန်တော်တို့ဘက်က အားနည်းချက်က မကြီးကြပ်နိုင် တာပါတယ်။ ပြောရရင် အဲဒီမှာရှိ နေတဲ့လူတွေက လခတောင်ပုံမှန် မပေးဘဲနဲ့ လခလာတောင်းရင် တောင် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံလွှတ်တဲ့လူတွေရှိတယ်’’ ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

လက်ရှိနေထိုင်သူများကို ဥပဒေနှင့်အညီ ကိုင်တွယ်ရန် စည်ပင်သာယာရဲတပ်ဖွဲ့အပါအ ၀င် အဖွဲ့ဖွဲ့ကာကြီးကြပ်မည်ဖြစ် ပြီး အမှန်တကယ်နေထိုင်သင့် သူကိုသာ နေထိုင်ခွင့်ပြုမည်ဖြစ် သည်။

‘‘အခုတစ်ထောင်လောက် က ငှားပြီးပြီဆိုတော့ အဲဒီလူတွေ နှင်ထုတ်ရင်ပြဿနာဖြစ်မယ်။ အဲ ဒီလူတွေနဲ့စာချုပ်ချုပ်ရုံပဲရှိတာ။ ရောင်းသွားတဲ့လူတွေကို ပြစ်ဒဏ် ပေးလို့မရပါဘူး။ အဲဒီတစ်ခုက တော်တော်ဆိုးပါတယ်။ လုပ်ချင် တာလုပ်လို့ရတဲ့ပုံစံဖြစ်နေတယ်’’ ဟု ၀န်ကြီးချုပ်က ပြောသည်။

နေထိုင်ခွင့်ရသည့် ကျူး ကျော်များထံမှ တစ်ဆင့်ပြန်ငှား သူများကို စာချုပ်ချုပ်ငှားရမ်းမည့် ကိစ္စနှင့်ပတ်သက်၍ မန္တလေးတိုင်း ဒေသကြီးအောင်မြေသာစံမြို့ နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်ဒေါက် တာခွန်ကျော်ဦးက ‘‘ပွင့်ပွင့်လင်း လင်းပြောရရင် ဥပဒေနဲ့မညီဘူး။ စာချုပ်စည်းမျဉ်းစည်းကမ်းအ တိုင်းဆိုရင် တကယ်တော့ရောင်း တဲ့သူလည်း ဥပဒေနဲ့မညီဘူး။ ၀ယ်ထားတဲ့သူလည်း ဥပဒေနဲ့ မညီဘူး။ အဲဒီလိုပဲပြောလို့ရမယ်။ အဲဒီအချိန်တုန်းက တိုက်ခန်းကို ကျူးတွေပေးတယ်။ မဲမပေါက်တဲ့ လူတွေလည်း အများကြီးကျန် တယ်။ စာရင်းတွေလည်း သူတို့ ဆီမှာရှိတယ်။ သူတို့ခေါ်ပြီးတော့ စည်းမျဉ်းစည်းကမ်းအတိုင်းနေ တဲ့သူမျိုးကိုသာ ၀န်ခံကတိချုပ်ပြီး မှပေးတာကိုသဘောကျတယ်။ ၀န်ထမ်းတွေလည်း အိမ်ရာပေး တယ်။ ၀န်ထမ်းတွေမှာလည်း မရ တဲ့ဟာတွေရှိတယ်။ တကယ်လို့ ပိုနေမယ်ဆိုရင်၊ အဲဒါမျိုးနဲ့ဖြေ ရှင်းမယ်ဆိုရင် ကျွန်တော့်အနေနဲ့ သဘောတူတယ်’’ ဟုဆိုသည်။

အငှားအိမ်ရာရှိတိုက်ခန်း များတွင် အမှန်တကယ်နေထိုင် ခြင်းရှိ၊ မရှိ မန္တလေးမြို့တော် စည်ပင်သာယာက ဩဂုတ် ၂၁ ရက်မှ ၂၃ ရက်အထိ စစ်ဆေးခဲ့ ရာ နေထိုင်ခွင့်ရရှိသူများက ပြန် လည်ငှားရမ်း၊ ရောင်းချထားသူ ၁,၀၀၀ ကျော် စစ်ဆေးတွေ့ရှိခဲ့ သည်။

ကမ်းနားလမ်းရှိ ကျူးကျော် တဲများနှင့် စည်ပင်အငှားအိမ်ရာ တိုက်ခန်းအချို့တွင် မူးယစ်ဆေး ၀ါးရောင်းဝယ်သုံးစွဲနေကြောင်း သတင်းကျော်စောနေ၍ ဩဂုတ် ၂၀ ရက်က ရဲတပ်ဖွဲ့အင်အားအလုံးအရင်းဖြင့် ၀င်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးသုံးစွဲသူဟု ယူဆရသူ ၁၂ ဦးနှင့် ဆေးပြားအနည်းငယ် ဖမ်းမိခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတိုမြို့တွင် အိမ်ခြံမြေများ ဈေးတက်လာခြင်းမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ကြောင့် ဖြစ်ကြောင်း ဒေသခံတို့ အပြစ်ဖို့...

ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်ပိုင် တိရ စ္ဆာန်ဥယျာဉ်ပါသော ဒေါ်လာ သန်း ၂၀ တန်ကြေးရှိ မွေးမြူရေးခြံကြီးရဲ့ ကြေကွဲဖွယ် ဇာတ်လမ်း...

ဂျနီဖာလိုပက်နှင့် ချစ်ကြိုက်နေသည်ဟူသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ငြင်းပယ်လိုက်သူ ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ကီဗင်ကော့စနာ၏ ဒေါ်လာ သန်း ၂၀၀ ကျော် တန်ကြေးရှိ အိမ်ခြံမြေများ...

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀၀ ရရှိနေသော အမျိုးသားအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား

imyanmarmarket
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service