ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
နှစ်စဉ်ဝင်ငွေပျမ်းမျှအ နည်းဆုံးကျပ်ငါးဘီလီယံအထက် ဝင်ငွေရှိသည့် ကုမ္ပဏီများကို ပုဇွန်တောင်မြို့နယ်ရှိ ပြည်တော်သစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်း ဆောက်လုပ်ရန် Yangon Metropolitan Development ကုမ္ပဏီမှတင်ဒါခေါ်ယူသွားမည်ဟုသိရသည်။
"အခုအဆောက်အအုံက အမြင့် ၁၂ ထပ်ပါ။ တင်ဒါခေါ်တာ အဆောက်အအုံ တစ်ခုလုံးကို ဆောက်ဖို့တင်ဒါခေါ်တာပါ’’ ဟု အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ပြည်တော်သစ် လူနေအ ထပ်မြင့် အိမ်ရာနှင့် ကားရပ်နားရန် အဆောက်အအုံအတွက် မြို့ပြတည်ဆောက်ရေး၊ ရေသန့်နှင့် ပိုက်ဆက်လုပ်ငန်း၊ ဘိုးပိုင်လုပ်ငန်းများ တာဝန်ယူနိုင် သော ကုမ္ပဏီများလျှောက်ထား နိုင်ပြီး လျှောက်ထားသည့်ကုမ္ပဏီ သည် ၀င်ငွေကျပ်ငါးဘီလီယံနှင့် အထက်ကို အနည်းဆုံးသုံးနှစ်မှ ငါးနှစ်ကြား ဆက်တိုက်ရရှိထားရ မည်ဟုဆိုထားသည်။
ထို့အပြင် ဆောက်လုပ်ရေး လုပ်ငန်းတွင်လည်း အတွေ့အကြုံငါးနှစ်ရှိရမည်ဖြစ်ပြီး အထပ် မြင့်ရှစ်ထပ်၊ မြေအောက်ထပ်၊ ဘိုးပိုင်လုပ်ငန်းနှင့် အခန်း ၂၀ တွဲ ဆောက်ဖူးရမည်ဖြစ်သည်။ ပြည်တော်သစ် အိမ်ရာစီမံကိန်းသည် တိုင်းအစိုးရက အကောင်အထည်ဖော်မည့် ကျပ်ဘီ လီယံ ၁,ဝဝဝ တန် အိမ်ရာစီမံကိန်းများအနက်မှ တစ်ခုဖြစ်သည်။
တိုင်းအစိုးရက အကောင်အထည်ဖော်မည်ဟု လွှတ်တော်သို့ တင်ပြထားသည့် စီမံကိန်းများ သည် ဒဂုံဆိပ်ကမ်းအိမ်ရာ၊ ပုဇွန်တောင်ရှိ ပြည်တော်သစ်အိမ်ရာ၊ အင်းစိန်မြို့နယ်ရှိ ကြို့ကုန်းအိမ်ရာ၊ ရန်ကင်းအိမ်ရာနှင့် စမ်းချောင်းမြို့နယ် ဝေဠုဝန်အိမ်ရာ စီမံကိန်းတို့ဖြစ်သည်။ Yangon Metropolitan Development ကုမ္ပဏီသည် ရန်ကုန်တိုင်းအစိုးရက ရှယ်ယာ ၅၁ ရာခိုင်နှုန်းနှင့် ဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုးရေးအများနှင့် သက်ဆိုင်သော ကုမ္ပဏီက ၄၉ ရာ ခိုင်နှုန်းပိုင်ဆိုင်ထားသည်။ ယင်း ကုမ္ပဏီသည် အိမ်ရာစီမံကိန်း ခြောက်ခု အကောင်အထည် ဖော်မည်ဖြစ်ပြီး တိုင်းအစိုးရက ကျပ် ၅၄ ဘီလီယံရင်းနှီးမြှုပ်နှံ ထားသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com